သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမ္းေျခေစာင္႔တပ္ဖဲြ႕သစ္ ဖြင္႔လွစ္ပဲြ စစ္ေကာင္စီအႀကီးအကဲတက္ေရာက္


ျမန္မာ ကမ္းေျခေစာင့္တပ္ဖဲြ႕သစ္

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ ကမ္းေျခေစာင့္တပ္ဖဲြ႕ အသစ္ဖဲြ႕စည္းလိုက္ေၾကာင္း ျမန္မာအာဏာသိမ္း စစ္ေကာင္စီအႀကီးအကဲက ဗုဒၶဟူးေန႔မွာေၾကျငာပါတယ္။ ဒီကမ္းေျခေစာင့္တပ္မွာ တိုက္ေရယာဥ္နဲ႕ကင္းလွည့္ေရယာဥ္ ၄ စီးပါ၀င္ၿပီး၊ တရားဥပေဒစိုမိုးေရး လုပ္ငန္းေတြ တိုးတက္ လာႏိုင္တယ္လို႔ တာ၀န္ရွိသူေတြကေျပာဆိုပါတယ္။

ရန္ကုန္အနီး ေရတပ္ဆိပ္ကမ္းမွာျပဳလုပ္တဲ့ ဒီကမ္းေျခေစာင့္တပ္ ဖြင့္ပဲြကို အာဏာသိမ္း စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္လည္း တက္ေရာက္ခဲ့ပါတယ္။

ယခင္ေရတပ္မွာ အသုံးျပဳခဲ့တဲ့ ေရယဥ္အေဟာင္း ၄ စင္းကို ျပန္လည္ အသုံးျပဳထားတာ ျဖစ္ၿပီး ၁၅၄ ေပ (၄၇ မီတာ)ရွည္တဲ့ မစ္ဇိုင္းတိုက္ခိုက္ေရး ေရယာဥ္တစင္းလည္း ပါ၀င္တယ္လို႔ အမည္အေဖၚလိုတဲ့ စစ္ဘက္အရာရွိကေျပာပါတယ္။

ျမန္မာစစ္တပ္ဟာ တ႐ုတ္နဲ႕႐ုရွားအကူအညီနဲ႕ ေဒၚလာသန္းေပါင္းမ်ားစြာ အသုံးျပဳၿပီး ျမန္မာစစ္တပ္ကို အဆင့္ျမႇင့္ဖို႔ စစ္လက္ႏွက္ပစၥည္းေတြ ၀ယ္ယူခဲ့ပါတယ္။

အခုလို စစ္တပ္ကို တိုးခ်ဲ႕ေနခ်ိန္မွာ တိုင္းျပည္အတြင္း မတည္ၿငိမ္မႈမ်ား၊ စီးပြားေရး အၾကပ္အတည္းမ်ားနဲ႕ရင္ဆိုင္ေနရပါတယ္။ စစ္တပ္က အာဏာသိမ္းခဲ့တဲ့အတြက္ ဆႏၵျပပဲြေတြေ ပၚေပါက္ခဲ့ၿပီး၊ ဆႏၵျပပဲြေတြကို အၾကမ္းဖက္ႏွိမ္နင္းခဲ့တဲ့အတြက္ လက္တုန္႕ျပန္တိုက္ခိုက္မႈမ်ားနဲ႕လည္းရင္ဆိုင္ေနရပါတယ္၊ ၿပီးခဲ့တဲ့ အဂၤါေန႔ကလည္း ေနျပည္ေတာ္ ရဲေထာက္လွမ္းေရး႐ုံးမွာ ဗုံးေပါက္ကဲြခဲ့တဲ့အတြက္ အရာရွိ ၄ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။ ဆႏၵျပပဲြေတြကို အၾကမ္းဖက္ႏွိမ္နင္းခဲ့တဲ့အတြက္ လူေပါင္း ၁၁၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး၊ လူ ၈၀၀၀ ေက်ာ္ အဖမ္းခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ကမ်းခြေစောင့်တပ်ဖွဲ့သစ် ဖွင့်လှစ်ပွဲ စစ်ကောင်စီအကြီးအကဲတက်ရောက်

မြန်မာနိုင်ငံမှာ ကမ်းခြေစောင့်တပ်ဖွဲ့ အသစ်ဖွဲ့စည်းလိုက်ကြောင်း မြန်မာအာဏာသိမ်း စစ်ကောင်စီအကြီးအကဲက ဗုဒ္ဓဟူးနေ့မှာကြေငြာပါတယ်။ ဒီကမ်းခြေစောင့်တပ်မှာ တိုက်ရေယာဉ်နဲ့ကင်းလှည့်ရေယာဉ် ၄ စီးပါဝင်ပြီး၊ တရားဥပဒေစိုမိုးရေး လုပ်ငန်းတွေ တိုးတက် လာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောဆိုပါတယ်။

ရန်ကုန်အနီး ရေတပ်ဆိပ်ကမ်းမှာပြုလုပ်တဲ့ ဒီကမ်းခြေစောင့်တပ် ဖွင့်ပွဲကို အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။

ယခင်ရေတပ်မှာ အသုံးပြုခဲ့တဲ့ ရေယဉ်အဟောင်း ၄ စင်းကို ပြန်လည် အသုံးပြုထားတာ ဖြစ်ပြီး ၁၅၄ ပေ (၄၇ မီတာ)ရှည်တဲ့ မစ်ဇိုင်းတိုက်ခိုက်ရေး ရေယာဉ်တစင်းလည်း ပါဝင်တယ်လို့ အမည်အဖေါ်လိုတဲ့ စစ်ဘက်အရာရှိကပြောပါတယ်။

မြန်မာစစ်တပ်ဟာ တရုတ်နဲ့ရုရှားအကူအညီနဲ့ ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုပြီး မြန်မာစစ်တပ်ကို အဆင့်မြှင့်ဖို့ စစ်လက်နှက်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။

အခုလို စစ်တပ်ကို တိုးချဲ့နေချိန်မှာ တိုင်းပြည်အတွင်း မတည်ငြိမ်မှုများ၊ စီးပွားရေး အကြပ်အတည်းများနဲ့ရင်ဆိုင်နေရပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် ဆန္ဒပြပွဲတွေေ ပါ်ပေါက်ခဲ့ပြီး၊ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် လက်တုန့်ပြန်တိုက်ခိုက်မှုများနဲ့လည်းရင်ဆိုင်နေရပါတယ်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း နေပြည်တော် ရဲထောက်လှမ်းရေးရုံးမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အရာရှိ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် လူပေါင်း ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူ ၈၀၀၀ ကျော် အဖမ်းခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG