သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှ တပ်ရုပ်သိမ်းရေး ကန်ပြန်စဉ်းစား


အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter (ဝဲ) နဲ့ အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter (ဝဲ) နဲ့ အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅)

အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ အကြမ်းဖက်မှုတန်ပြန်ရေး လုပ်ငန်းအသေးစိတ်ကို ပြန်ပြီး လေ့လာသုံးသပ်နေတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးသစ် Ashton Carter က ပြောလိုက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းတာကို အရှိန် လျှော့ချလိုက်မလားဆိုတာလည်း ပါဝင်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေရဲ့ လုပ်ငန်းကို တိုက်ခိုက်ရေးကနေ အာဖဂန်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးရေးလုပ်ငန်းအဖြစ် ပြောင်းထားပါတယ်။ တာလီဘန်တွေကို တိုက်ခိုက်တာမှာ အာဖဂန်တပ်ဖွဲ့တွေကပဲ အပြည့်အဝ တာဝန်ယူရတော့မှာဖြစ်ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီးကတည်းကဆိုရင် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အာဖဂန်နစ္စတန်နိုင်ငံကို စနေနေ့မှာ ကြိုတင် ကြေညာမထားဘဲ မစ္စတာကာတာ ရောက်သွားတာပါ။ အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာလိုအပ်ချက်တွေကို အမေရိကန် ပြည်ထောင်စုက ပြန်ပြီးသုံးသပ်နေတယ်လို့ သူက သတင်းထောက်တွေကိုပြောပါတယ်။ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီ နောက်လကျရင် အမေရိကန် ပြည်ထောင်စုဆီ လာရောက်တဲ့အခါ ဆွေးနွေးမယ့်အထဲ ဒီကိစ္စပါတယ်လို့ သူက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့လုပ်ငန်း ရေရှည်အောင်မြင်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လေ့လာဖို့အတွက် သူလာတာလို့ မစ္စတာကာတာက ပြောပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့တွေချထားတဲ့ကိစ္စအပေါ် သူကိုယ်တိုင် လေ့လာသုံးသပ်ဖို့ သမ္မတဘရာ့ခ် အိုဘားမားက ဖြစ်စေချင်တယ်လို့ ဝန်ကြီးကာတာကပြောပါတယ်။

XS
SM
MD
LG