သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းေလယာဥ္ မွားပစ္မိတဲ့ အီရန္စစ္တပ္နဲ႔ အစိုးရကို အီရန္ႏိုင္ငံတ၀ွမ္း ဆန္႔က်င္ဆႏၵျပ


ယူကရိန္းေလယာဥ္ မွားပစ္မိတဲ့ အီရန္စစ္တပ္နဲ႔ အစိုးရကို အီရန္ႏိုင္ငံတ၀ွမ္း ဆန္႔က်င္ဆႏၵျပ ယူကရိန္းခရီးသည္တင္ ေလယာဥ္ကို အီရန္စစ္တပ္က မွားယြင္းပစ္ခ်ခဲ့တဲ့လုပ္ရပ္ကို အီရန္ႏိုင္ငံတ၀ွမ္းမွာ စေနေန႔က စတင္ၿပီး ကန္႔ကြက္ဆႏၵျပေနၾကသလို၊ အီရန္ေခါင္းေဆာင္ အလီခါေမနီ ႏုတ္ထြက္ေပးဖို႔ပါ ေတာင္းဆိုေနၾကပါတယ္။

Zawgyi/Uincode
ယူကရိန္းေလယာဥ္ မွားပစ္မိတဲ့ အီရန္စစ္တပ္နဲ႔ အစိုးရကို အီရန္ႏိုင္ငံတ၀ွမ္း ဆန္႔က်င္ဆႏၵျပ
ေလယာဥ္ေပၚမွာ လိုက္ပါလာသူ ၁၇၆ ဦးလံုး ေသဆံုးခဲ့ရတဲ့ ယူကရိန္းခရီးသည္တင္ ေလယာဥ္ကို အီရန္စစ္တပ္က မွားယြင္းပစ္ခ်ခဲ့တဲ့လုပ္ရပ္ကို အီရန္ႏိုင္ငံတ၀ွမ္းမွာ စေနေန႔က စတင္ၿပီး ကန္႔ကြက္ဆႏၵျပေနၾကသလို၊ အီရန္ေခါင္းေဆာင္ အလီခါေမနီ ႏုတ္ထြက္ေပးဖို႔ပါ ေတာင္းဆိုေနၾကပါတယ္။ ဗီြအိုေအသတင္းေထာက္ေတြျဖစ္တဲ့ Jamie Dettmer နဲ႔ Julie Taboh တို႔ သတင္းေပးပို႔ထားတာကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

အခုလို အီရန္ေတာ္လွန္ေရး အေစာင့္တပ္က မွားယြင္းပစ္ခ်ခဲ့တဲ့လုပ္ရပ္အေပၚ အီရန္ႏိုင္ငံ တ၀ွမ္းက ျပည္သူေတြ အမ်က္ေဒါသထြက္ခဲ့ၾကၿပီး စေနေန႔က လမ္းမေတြေပၚထြက္ ဆႏၵျပခဲ့ၾကၿပီးေနာက္ အစိုးရဆန္႔က်င္ေရး ဆႏၵျပမႈေတြ အျဖစ္ေရာက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဒီဆႏၵျပမႈေတြဟာ အစိုးရဆန္႔က်င္ေရးဘက္ကို ေရာက္ခဲ့ၿပီး အီရန္ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Khamenei ႏွဳတ္ထြက္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ဒါအျပင္ ၿမိဳ႕ေတာ္ Tehran ကဆႏၵျပပဲြတခ်ဳိ႕မွာ အေမရိကန္က အေ၀းထိန္း ဒရံုးနဲ႔ လုပ္ႀကံခဲ့တဲ့ အီရန္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီး Qassem Soleimani ဟာ လူသတ္သမားျဖစ္တယ္၊ ေဖါက္ျပန္ေရးသမားျဖစ္တယ္ ဆိုတဲ့ ေၾကြးေၾကာ္သံေတြကိုလည္း ေအာ္ဟစ္ခဲ့ၾကပါတယ္။
လူသားအမွားေၾကာင့္ ျဖစ္ခဲ့ရတဲ့ ၀မ္းနည္းေၾကကဲြဖြယ္ေကာင္းတဲ့ ျဖစ္ရပ္အေပၚမွာ သူ႔အေနနဲ႔ စိတ္မေကာင္းျဖစ္မိေၾကာင္း အီရန္သမၼတ Hassan Rouhani ကိုယ္တိုင္္ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ေသဆံုးသြားသူေတြအတြက္ ဆုေတာင္းေမတၱာပို႔သသူ တခ်ဳိ႕ဟာ မခံမရပ္ႏိုင္ အမ်က္ေဒါသထြက္ခဲ့ၾကၿပီး လမ္းမေတြေပၚထြက္ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ အထူးသျဖင့္ အီရန္တကၠသိုလ္ေတြမွာ ဆႏၵျပပဲြေတြဟာ ျပင္းထန္ခဲ့ပါတယ္။ ႏိုင္ငံေခါင္းေဆာင္ပိုင္းရဲ႕ တာ၀န္မဲ့လုပ္ရပ္အေပၚ ကန္႔ကြက္ခဲ့ၾကသလို အီရန္ေတာ္လွန္ေရးတပ္ရဲ႕ အရည္အခ်င္း ညံဖ်င္းမႈကိုလည္း ဆႏၵျပသူေတြက ေၾကြးေၾကာ္သံေတြနဲ႔ ေအာ္ဟစ္ရွဳတ္ခ်ခဲ့ၾကပါတယ္။

ယူကရိန်းလေယာဉ် မှားပစ်မိတဲ့ အီရန်စစ်တပ်နဲ့ အစိုးရကို အီရန်နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြ

လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၇၆ ဦးလုံး သေဆုံးခဲ့ရတဲ့ ယူကရိန်းခရီးသည်တင် လေယာဉ်ကို အီရန်စစ်တပ်က မှားယွင်းပစ်ချခဲ့တဲ့လုပ်ရပ်ကို အီရန်နိုင်ငံတဝှမ်းမှာ စနေနေ့က စတင်ပြီး ကန့်ကွက်ဆန္ဒပြနေကြသလို၊ အီရန်ခေါင်းဆောင် အလီခါမေနီ နုတ်ထွက်ပေးဖို့ပါ တောင်းဆိုနေကြပါတယ်။ ဗွီအိုအေသတင်းထောက်တွေဖြစ်တဲ့ Jamie Dettmer နဲ့ Julie Taboh တို့ သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
အခုလို အီရန်တော်လှန်ရေး အစောင့်တပ်က မှားယွင်းပစ်ချခဲ့တဲ့လုပ်ရပ်အပေါ် အီရန်နိုင်ငံ တဝှမ်းက ပြည်သူတွေ အမျက်ဒေါသထွက်ခဲ့ကြပြီး စနေနေ့က လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အဖြစ်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီဆန္ဒပြမှုတွေဟာ အစိုးရဆန့်ကျင်ရေးဘက်ကို ရောက်ခဲ့ပြီး အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei နှုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါအပြင် မြို့တော် Tehran ကဆန္ဒပြပွဲတချို့မှာ အမေရိကန်က အဝေးထိန်း ဒရုံးနဲ့ လုပ်ကြံခဲ့တဲ့ အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး Qassem Soleimani ဟာ လူသတ်သမားဖြစ်တယ်၊ ဖေါက်ပြန်ရေးသမားဖြစ်တယ် ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း အော်ဟစ်ခဲ့ကြပါတယ်။
လူသားအမှားကြောင့် ဖြစ်ခဲ့ရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်အပေါ်မှာ သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း အီရန်သမ္မတ Hassan Rouhani ကိုယ်တိုင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သေဆုံးသွားသူတွေအတွက် ဆုတောင်းမေတ္တာပို့သသူ တချို့ဟာ မခံမရပ်နိုင် အမျက်ဒေါသထွက်ခဲ့ကြပြီး လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အထူးသဖြင့် အီရန်တက္ကသိုလ်တွေမှာ ဆန္ဒပြပွဲတွေဟာ ပြင်းထန်ခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်ပိုင်းရဲ့ တာဝန်မဲ့လုပ်ရပ်အပေါ် ကန့်ကွက်ခဲ့ကြသလို အီရန်တော်လှန်ရေးတပ်ရဲ့ အရည်အချင်း ညံဖျင်းမှုကိုလည်း ဆန္ဒပြသူတွေက ကြွေးကြော်သံတွေနဲ့ အော်ဟစ်ရှုတ်ချခဲ့ကြပါတယ်။
XS
SM
MD
LG