အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတြမွာ ႏိုင္ငံေရးအျမင္ကို ထုတ္ေဖာ္လို႔ ဖိႏွိပ္အေရးယူခံရတဲ့ လႊတ္ေတာ္အမတ္ေတြရဲ႕ အေျခအေနဟာ ၂၀၂၂ ခုႏွစ္အတြင္း ပိုမိုဆိုး႐ြားခဲ့တယ္လို႔ အာဆီယံပါလီမာန္အမတ္မ်ားအဖြဲ႕ APHR ကေျပာလိုက္ပါတယ္။
အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္းကစလို႔ လႊတ္ေတာ္အမတ္ေတြ ဖိႏွိပ္ခံရတဲ့ အေျခအေန သိသိသာသာ ဆိုး႐ြားလာခဲ့တဲ့အေၾကာင္း APHR အဖြဲ႔က ေဒသတြင္း လႊတ္ေတာ္အမတ္ေတြရဲ႕ အေျခအေနကို ထုတ္ျပန္တဲ့ ႏွစ္ပတ္လည္အစီရင္ခံစာ ဒီကေန႔ ထုတ္ျပန္ရာမွာ ေဖာ္ျပထားပါတယ္။
ျမန္မာလႊတ္ေတာ္အမတ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္ ကြပ္မ်က္ခံရတဲ့အေၾကာင္းနဲ႔ လႊတ္ေတာ္အမတ္ ကိုေက်ာ္မ်ိဳးမင္း ဖမ္းႏွီးခံထားရစဥ္ ႏွိပ္စက္ခံရၿပီး ေသဆုံးသြားခဲ့တဲ့ အေျခအေနေတြကို ေထာက္ျပထားပါတယ္။ ျမန္မာႏိုင္ငံအပါအဝင္ အေ႐ွ႕ေတာင္အာ႐ွမွာ လက္႐ွိ ဖမ္းဆီးခံထားရတဲ့ လႊတ္ေတာ္အမတ္ ၈၅ ေယာက္မွာ ၈၄ ေယာက္က ျမန္မာႏိုင္ငံကျဖစ္ၿပီး ဖိလစ္ပိုင္က တေယာက္ျဖစ္တာကိုလည္း မီးေမာင္းထိုးျပထားပါတယ္။
ထိုင္း၊ ကေမၻာဒီးယား၊ မေလး႐ွားနဲ႔ ဖိလစ္ပိုင္တို႔မွာေတာ့ ျမန္မာႏိုင္ငံမွာလို အတိုက္အခံအမတ္ေတြကို ကိုယ္ထိလက္ေရာက္ တိုက္ခိုက္တာမ်ိဳးေတြ ဆိုးဆိုး႐ြား႐ြား မ႐ွိေပမဲ့၊ အစိုးရက ႏိုင္ငံေရးပုဒ္မေတြတပ္ၿပီး အေရးယူ ႏွိပ္ကြပ္ခံရတဲ့ လႊတ္ေတာ္အမတ္တခ်ိဳ႕ေတာ့ ႐ွိတဲ့အေၾကာင္း အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
လႊတ္ေတာ္အမတ္ေတြဟာ ျပည္သူ႔ကိုယ္စားလွယ္ေတြ ျဖစ္တာမို႔ သူတို႔ရဲ႕ ေဘးကင္းလုံျခဳံေရးနဲ႔ လြတ္လပ္စြာ လႈပ္႐ွားေဆာင္႐ြက္ခြင့္ ရ႐ွိေရးက ဒီမိုကေရစီရဲ႕ ခိုင္မာအားေကာင္းမႈကို ေဖာ္ျပသလို၊ ဒီလို လူေတြအေပၚ ႐ုပ္ပိုင္းစိတ္ပိုင္း ဖိႏွိပ္မႈေတြ တိုးလာတာက လုံးဝလက္ခံႏိုင္စရာ မ႐ွိတဲ့အေၾကာင့္ ဒီကေန႔ အစီရင္ခံစာ ထုတ္ျပန္ခ်ိန္မွာ APHR ဥကၠ႒၊ အင္ဒိုနီး႐ွား ေအာက္လႊတ္ေတာ္အမတ္ Mercy Barends က ေျပာဆိုပါတယ္။
===== Unicode =====
အရှေ့တောင်အာရှနိုင်ငံတွေမှာ နိုင်ငံရေးအမြင်ကို ထုတ်ဖော်လို့ ဖိနှိပ်အရေးယူခံရတဲ့ လွှတ်တော်အမတ်တွေရဲ့ အခြေအနေဟာ ၂၀၂၂ ခုနှစ်အတွင်း ပိုမိုဆိုးရွားခဲ့တယ်လို့ အာဆီယံပါလီမာန်အမတ်များအဖွဲ့ APHR ကပြောလိုက်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းကစလို့ လွှတ်တော်အမတ်တွေ ဖိနှိပ်ခံရတဲ့ အခြေအနေ သိသိသာသာ ဆိုးရွားလာခဲ့တဲ့အကြောင်း APHR အဖွဲ့က ဒေသတွင်း လွှတ်တော်အမတ်တွေရဲ့ အခြေအနေကို ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာ ဒီကနေ့ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။
မြန်မာလွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် ကွပ်မျက်ခံရတဲ့အကြောင်းနဲ့ လွှတ်တော်အမတ် ကိုကျော်မျိုးမင်း ဖမ်းနှီးခံထားရစဉ် နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တဲ့ အခြေအနေတွေကို ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ လက်ရှိ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်အမတ် ၈၅ ယောက်မှာ ၈၄ ယောက်က မြန်မာနိုင်ငံကဖြစ်ပြီး ဖိလစ်ပိုင်က တယောက်ဖြစ်တာကိုလည်း မီးမောင်းထိုးပြထားပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့မှာတော့ မြန်မာနိုင်ငံမှာလို အတိုက်အခံအမတ်တွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုးတွေ ဆိုးဆိုးရွားရွား မရှိပေမဲ့၊ အစိုးရက နိုင်ငံရေးပုဒ်မတွေတပ်ပြီး အရေးယူ နှိပ်ကွပ်ခံရတဲ့ လွှတ်တော်အမတ်တချို့တော့ ရှိတဲ့အကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
လွှတ်တော်အမတ်တွေဟာ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တာမို့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့် ရရှိရေးက ဒီမိုကရေစီရဲ့ ခိုင်မာအားကောင်းမှုကို ဖော်ပြသလို၊ ဒီလို လူတွေအပေါ် ရုပ်ပိုင်းစိတ်ပိုင်း ဖိနှိပ်မှုတွေ တိုးလာတာက လုံးဝလက်ခံနိုင်စရာ မရှိတဲ့အကြောင့် ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ APHR ဥက္ကဋ္ဌ၊ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် Mercy Barends က ပြောဆိုပါတယ်။