သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ မှာရှာတွေ့တဲ့ မျိုးစိတ်သစ်များ


၂၀၁၃ ခုနှစ်အတွင်း အသစ်ရှာဖွေတွေ့ရှိခဲ့တဲ့ မျိုးစိတ်များ။
၂၀၁၃ ခုနှစ်အတွင်း အသစ်ရှာဖွေတွေ့ရှိခဲ့တဲ့ မျိုးစိတ်များ။
အမှောင်ထဲမှာ လင်းနိုင်တဲ့ ပိုးဟပ်တစ်ကောင်၊ သမိုင်းခေတ် မတိုင်ခင်က ကျောက်ထွင်းပန်းချီ ဖျက်ဆီးနိုင်တဲ့ အနက်ရောင်မှိုတမျိုးနဲ့ ကလေးတစ်ယောက်ရဲ့ လက်သည်းခွံထက်တောင်သေးတဲ့ ဖားလေးတစ်ကောင် ဟာ ၂၀၁၂ ခုနှစ်မှာတွေ့ ရှာဖွေတွေ့ရှိတဲ့ မျိုးစိတ်အသစ် စာရင်းရဲ့ ထိပ်ဆုံးက ၁၀ ခုထဲမှာ ပါဝင်ပါတယ်။ နိုင်ငံတကာ မျိုးခွဲပညာရှင်များ ကော်မတီက သူတို့ရဲ့ နှစ်စဉ် ရှာဖွေတွေ့ရှိချက်တွေကို ဒီသီတင်းပတ် အတွင်းမှာပဲ ကြေညာလိုက်တာဖြစ်ပါတယ်။

စပိန်လူမျိုး ဇီဝပညာရှင်နဲ့ သတ္တဗေဒသုသေသီတဦးဖြစ်တဲ့ နိုင်ငံတကာ မျိုးခွဲပညာရှင်များ ကော်မတီရဲ့ ဥက္ကဋ္ဌ Antonio Valdecasas က လူတွေမျှော်လင့်မထားတဲ့ ပုံမှန်မဟုတ်တဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ရှိတဲ့ သက်ရှိသတ္တဝါတွေ၊ အင်မတန်ကို ရှားပါးပြီး အရောက်အပေါက် ခက်ခဲလှတဲ့ ဝန်းကျင်တွေမှာရှိတဲ့ သက်ရှိသတ္တဝါတွေကို သူတို့ကော်မတီက လိုက်ရှာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိပ်တန်း မျိုးစိတ်သစ် ၁၀ ခုကို ခုလို ရွေးချယ်သတ်မှတ်တာဟာ အယ်ရီဇိုးနား တက္ကသိုလ်က (၆) ကြိမ်မြောက် သတ်မှတ်မှုဖြစ်ပါတယ်။ ဒီနှစ်စာရင်းထဲမှာ အင်မတန်သေးငယ်တဲ့ ခရမ်းရောင်ရှိတဲ့ ပန်းတမျိုး၊ စောင်းပုံသဏ္ဍာန် ရှိတဲ့ ရေမြှုပ်တမျိုး၊ lesula မျောက်တမျိုး၊ ခရုစားမွေ နဲ့ မျိုးတုန်းတော့မယ့် Madagascar သစ်တောထဲက ပန်းပွင့်တဲ့ ချုံပုတ်တမျိုးလည်း ပါဝင်ပါတယ်။

နှစ်စဉ်နှစ်တိုင်း သစ်ပင်နဲ့ တိရစ္ဆာန် မျိုးစိတ်သစ်ပေါင်း ၁ သောင်း ၈ ထောင်လောက်ကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိနေပေမဲ့၊ ကမ္ဘာမှာရှိတဲ့ သက်ရှိမျိုးစိတ်ပေါင်း ၁၀ သန်းကနေ ၁၂ သန်းထဲက ၂ သန်းလောက်ကိုပဲ သူတို့က အမည်နာမတပ် ဖော်ထုတ်ကြတာဖြစ်ပါတယ်။
XS
SM
MD
LG