သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဦးစားပေး ဖြေရှင်းဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ကတိပြု


ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် Maris Sangiampongsa
ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် Maris Sangiampongsa

မြန်မာ့အရေး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာရာမှာ ထိုင်းနိုင်ငံဟာ အရေးပါတာကြောင့် သံတမန်ရေးအရ ဦးစားပေး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမယ်လို့ မကြာသေးခင်ကမှ အသစ်ခန့်လိုက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကပြောလိုက်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေ တည်ငြိမ်မှုရှိဖို့ အရေးကြီးတယ်ဆိုတာ မြန်မာနိုင်ငံ အကျပ်အတည်းကြောင့် ထိုင်းနယ်စပ် လုံခြုံရေး ထိခိုက်နေရတာကိုလည်း ထောက်ပြခဲ့တာပါ။ ထိုင်းနိုင်ငံခြားရေး မူဝါဒဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြန်အလှန် ငြိမ်းချမ်းရေးကို အာရုံစိုက်သင့်ကြောင်းနဲ့ ဒါမှသာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အပြန်အလှန် အကျိုးရှိမယ်လို့လည်း ပြီးခဲ့တဲ့ သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီးသစ်က ပြောခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ကိုးကားဖော်ပြပါတယ်။

မြန်မာ့အရေးဟာ ထိုင်းနိုင်ငံ လုံခြုံရေးအတွက် ဦးစားပေးဖြေရှင်းဖို့ လိုအပ်သလို၊ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာည်း အဓိကနေရာက ပါဝင်လိုကြောင်း ပြောဆိုခဲ့တာပါ။ စာနာမှု အကူအညီပေးရေးဟာ အရေးကြီးတာကြောင့် ဖြည့်ဆည်းနိုင်အောင် ထိုင်းနိုင်ငံက ဆက်လက်ကြိုးပမ်းမှာဖြစ်သလို သက်ဆိုင်သူတွေ အားလုံးက လက်ခံဖို့လည်း လိုအပ်ကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေက တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ နယ်မြေတွေမှာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလို ဥပဒေမဲ့ လုပ်ရပ်တွေကို ပူးပေါင်းနှိမ်နင်းဖို့ လိုတာကိုလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အလေးထား ပြောသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG