သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tunisia အတိုက်အခံ ခေါင်းဆောင် တဦး လုပ်ကြံခံရ


လုပ်ကြံခံရသူ အတိုက်အခံခေါင်းဆောင်ရဲ့ ရုပ်အလောင်း ကို ဆေးရုံကားနဲ့ တင်ဆောင်စဉ် ဆေးရုံဝင်း အပြင်ဘက်မှာ စောင့်ဆိုင်းနေသော လူအုပ်ကြီး
တူနီးရှားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ချွတ်ကရီ ဘီလိတ် (Chokri Belaid) ဟာ နေအိမ်အပြင်ဘက်မှာ ဒီကနေ့ ပစ်သတ်ပြီး လုပ်ကြံခံခဲ့ရပါတယ်။ ဒီလို လုပ်ကြံခံရပြီးတဲ့ နာရီပိုင်းအတွင်းမှာပဲ တူးနစ်မြို့က ရပ်ကွက်လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ပြည့်နေပါတယ်။

အလားတူပဲ ဆန္ဒပြမှုတွေဟာ တခြားမြို့တွေဆီကိုလည်း ကူးစက်သွားပြီဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တူနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မလိုလားတဲ့ ဘာသာရေး အစွန်းရောက်သူတွေ က နှောင့်ယှက်မှာကို စိုးရိမ်နေကြပါတယ်။

သမ္မတ မွန်းဇက် မာဆိုးကီး (Moncef Marzouki) ကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာလုပ်တဲ့ အစ္စလာမ် နိုင်ငံများ ဆွေးနွေးပွဲကို တက်ရောက်မယ့် အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ ဒီလုပ်ကြံမှုကို နိုင်ငံရေး ပါတီတွေက ပြစ်တင်ရှုံ့ချကြပါတယ်။
XS
SM
MD
LG