သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံအမတ်ကြီးသစ် မြန်မာနိုင်ငံရောက်ရှိ


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးသစ် အဖြစ် တာဝန်ထမ်းဆောင်မယ့် စကော့တ် မာဆီရယ်လ် နဲ့ ဇနီးဖြစ်သူ နုတ်ခွန်းဆက်စကားဆိုစဉ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးသစ် အဖြစ် တာဝန်ထမ်းဆောင်မယ့် စကော့တ် မာဆီရယ်လ် နဲ့ ဇနီးဖြစ်သူ နုတ်ခွန်းဆက်စကားဆိုစဉ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးသစ်အဖြစ် တာဝန် ထမ်းဆောင်မယ့် စကော့တ် မာဆီရယ်လ် နဲ့ ဇနီးဖြစ်သူတို့ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာပါပြီ။

မစ္စတာမာဆီရယ်လ်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမေရိကန် အထက်လွှတ်တော်က အတည်ပြုပြီးတဲ့နောက် ဒီကနေ့မှာ ရောက်လာတာပါ။ မစ္စတာမာဆီရယ်လ်က သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို လက်ရှိသမ္မတ ဦးသိန်းစိန်ကို ပေးအပ်မှာလား၊ ရွေးချယ်ခံသမ္မတသစ် ဦးထင်ကျော် သမ္မတတာဝန် ယူပြီးချိန်ကျမှ ပေးအပ်မှာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန်သံအမတ်သစ်
အမေရိကန်သံအမတ်သစ်

သံအမတ်ကြီး မာဆီရယ်လ်ဟာ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုမှာ အကြီးတန်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်၊ သြဂုတ်လကနေ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒီ့မတိုင် ခင်ကတော့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ အရှေ့တောင်အာရှဒေသနဲ့ ဆက်ဆံရေးကို တာဝန်ယူူရတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျိူရိုရဲ့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံရေးရာ သံအမတ်ကြီး စသည်အားဖြင့် တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ဖို့အတွက် သူတို့အနေနဲ့ အရမ်း စိတ်လှုပ်ရှားတဲ့ အကြောင်း၊ အရင်ခရီးစဉ်တွေမှာလည်း ပျော်ရွှင်ခဲ့ရတဲ့ အကြောင်း၊ သူသွားခဲ့ဖူးတဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို မှတ်မိနေတဲ့အကြောင်း မြန်မာနိုင်ငံမလာခင် ဝါရှင်တန်ဒီစီမြို့တော်မှာ ရိုက်ယူ ထားတဲ့ ဗွီဒီယိုထဲမှာ သံအမတ်ကြီးမာဆီရယ်လ်က ပြောထားပါတယ်။

နိုဝင်ဘာလရွေးကောက်ပွဲမှာ မြန်မာလူထုရဲ့ အသံတွေကို ကြားရအောင် ဘယ်လို ဖော်ထုတ်ပြသခဲ့တယ် ဆိုတာ တကမ္ဘာလုံးက မြင်တွေ့ခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် မြန်မာလူထု ရှာဖွေနေ တဲ့ ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးနဲ့ ဒီမိုကရေစီတွေအတွက် အားပေးကူညီနိုင်ဖို့ ဒီလိုအရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလ အတွင်းမှာ အစိုးရအသစ်ရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်နေတဲ့ အကြောင်း သံအမတ်ကြီးမာဆီရယ်လ်ကပြောပါတယ်။

သူတို့အနေနဲ့ ဘာကိုအရင်လုပ်ပြီး ဘာကိုအရင်မြင်တွေ့ရရင် ကောင်းမလဲ ဆိုတာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အသိပေးဖို့ သံအမတ်ကြီးက ပန်ကြားထားပါတယ်။

XS
SM
MD
LG