သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည်


အောက်တိုဘာလ (၈) ရက်၊ အင်္ဂါနေ့မှာ စတင်ထုတ်ဝေမယ့် အမေရိကန်ဒေါ်လာ ၁၀၀ တန်အသစ်ပုံ။
အောက်တိုဘာလ (၈) ရက်၊ အင်္ဂါနေ့မှာ စတင်ထုတ်ဝေမယ့် အမေရိကန်ဒေါ်လာ ၁၀၀ တန်အသစ်ပုံ။
အမေရိကန်ဒေါ်လာငွေစက္ကူ တရာတန်သစ်ကို အခုအင်္ဂါနေ့မှာ အမေရိကန်ပြည်ထောင်စုက တရားဝင် ထုတ်လိုက်ပါပြီ။ အခု ငွေစက္ကူ တရာတန်သစ်မှာ အရင်တုန်းကရှိခဲ့တဲ့ပုံစံမျိုးတွေ ပြန်တွေ့ရပေမယ့် လို့ ငွေစက္ကူအတုလုပ်မှုတွေ ကာကွယ်နိုင်အောင် ပုံစံသစ်ဆောင်ရွက်ထားတာတွေကိုလည်း တွေ့ရပါတယ်။

ဒေါ်လာ ငွေစက္ကူတရာတန်ဟာ အမေရိကန်ငွေစက္ကူတွေထဲမှာ ကမ္ဘာဘဏ်တွေမှာ အသုံးအများဆုံး ငွေစက္ကူဖြစ်ပါတယ်။ ငွေတန်ဖိုး ၈ ဘီလီယံထဲမှာ တဝက်ကျော် သုံးပုံနှစ်ပုံလောက်ဟာ အမေရိကန်ပြည်ထောင်စု ပြင်ပမှာ လည်ပတ်နေပါတယ်။

လက်ရှိသုံးနေတဲ့ ငွေစက္ကူ တရာတန်လိုပဲ အခု အသစ်မှာလည်း လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုလောက်က ဖြစ်တဲ့ အမေရိကန်တော်လှန်ရေးရဲ့ခေါင်းဆောင် Benjamin Franklin ပုံကိုပဲ ဖော်ပြထားပါတယ်။ အခြားတဘက်မှာတော့ Philadephia မှာရှိတဲ့ လွတ်လပ်ရေး ခမ်းဆောင်ပုံ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ငွေစက္ကူသစ်မှာတော့ Franklin ပုံရဲ့ ထောင့်မှာ အင်္ဂလိပ်လို (100) ရေးထားတဲ့ အဝါရောင် အကွက်တကွက်ပါရှိပြီး အခြားတဘက်မှာတော့ မှင်အိုးပုံ တံဆိပ်တစ်ခု ပါရှိပါတယ်။ အဲဒီ မှင်အိုးပုံထဲမှာတော့ Philadelphia လွတ်မြောက်ရေးခေါင်းလောင်းပုံ ရှိပါတယ်။ ဒါ့အပြင် အပြာရောင် လုံခြုံရေးဖဲပြားကြိုး ဒေါင်လိုက်တွေ့ရပြီး အဲဒီအပေါ်မှာတော့ အင်္ဂလိပ်လို ၁၀၀ ဂဏန်းနဲ့ လွတ်မြောက်ရေးခေါင်းလောင်းပုံလေးတွေ ပါရှိပါတယ်။

အမေရိကန်ငွေစက္ကူအတုလုပ်မှုတွေ ပိုပြီး ခေတ်မီတိုးတက်လာတာကို တဘက်မှာ တန်ပြန်ဖို့ အခုလို ဆောင်ရွက်ထားမှုဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အရင် ငွေစက္ကူ တရာတန်ဟောင်းတွေကိုလည်း ဆက်လက်လက်ခံထားရှိမှာဖြစ်ပါတယ်။
XS
SM
MD
LG