သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အခင်းအကျင်း ကမောက်ကမ ဖြစ်နေဦးမယ်လို့ ကန်ထောက်လှမ်းရေး အစီရင်ခံ


 National Cybersecurity and Communications Integration စင်တာ
National Cybersecurity and Communications Integration စင်တာ

အနောက်နိုင်ငံတွေဦးဆောင်တဲ့ နိုင်ငံတကာ အခင်းအကျင်းတွေ ဆက်ပြီး ကမောက်ကမ ဖြစ်နေဦးမယ်လို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာနက ထုတ်ပြန်တဲ့ မဟာဗြူဟာ အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးမူဝါဒတွေ၊ မဟာဗြူဟာတွေချမှတ်တဲ့နေရာမှာ အထောက် အကူဖြစ်စေဖို့ ရည်ရွယ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နောင် ၄ နှစ်အတွင်း ကမ္ဘာကြီးမှာ အခုထက်ပိုပြီး ဖရိုဖရဲအခြေအနေတွေကို ရင်ဆိုင်ရမယ့်အပြင် အနောက်နိုင်ငံတွေရဲ့ ဦးဆောင်မှုကလည်း အားလျော့လာတဲ့အတွက် အခြေအနေတွေပိုပြီး ရှုပ်ထွေး လာလိမ့်မယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် နည်းပညာတွေ မြန်မြန်ဆန်ဆန်နဲ့ တိုးတက်ပြောင်းလဲလာနေတာ၊ အသုံးစရိတ် မရေရာမှုအပေါ် စိုးရိမ်စိတ်တွေကလည်း အခြေအနေကို မတည်မငြိမ်ဖြစ်စေမယ်လို့ သတိပေးပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ထူးခြားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရပြီး၊ လက်ရှိကြုံတွေ့နေရတဲ့ မတည်ငြိမ်မှုတွေ၊ မဟာဗြူဟာအရ ရှုပ်ထွေးတဲ့အနေအထားတွေကို ရှောင်ရှားနိုင်ဖို့ အခုလုပ်နေတာနဲ့ မတူတဲ့လုပ်ရပ်မျိုးကို လုပ်ရမယ်လို့ ထောက်လှမ်းရေးမဟာဗြူဟာအစီရင်ခံစာမှာ အကြံပြုထားပါတယ်။

လက်ရှိမှာ ဖိအားတွေရှိနေပေမဲ့ အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းဟာ ယုံကြည်အားထားစရာကောင်းတယ်ဆိုတာကို မူဝါဒချမှတ်သူတွေရော အမေရိကန်ပြည်သူတွေကိုပါ အာမခံချက်ပေးနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူး Daniel Coats ကအစီရင်ခံစာမှာ ပြောထားပါတယ်။ ၂၁ ရာစုစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်နိုင်ဖို့ ခြိမ်းခြောက်မှုတွေ၊ အခွင့်အလမ်းတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

ကမ္ဘာ့အခင်းအကျင်း ကမောက်ကမ ဖြစ်နေဦးမယ်လို့ ကန်ထောက်လှမ်းရေး အစီရင်ခံ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG