သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ နှစ်သစ်ကို ကမ္ဘာတဝှမ်း ကြိုဆို


New Zealand New Year's Eve
New Zealand New Year's Eve

၂၀၂၄ နှစ်သစ်ကို နယူးဇီလန်နိုင်ငံက စတင်ကြိုဆိုလိုက်ပါပြီ။ နယူဇီလန် မြို့တော် Auckland က အမြင့်ဆုံး Sky Tower ကနေ မီးပန်းတွေဖေါက်ပြီး ကြိုဆိုခဲ့ပါတယ်။ နယူးဇီလန်က နှစ်သစ်ကို ကြိုဆိုအပြီး ၂ နာရီအကြာမှာတော့ ဩစတေးလျနိုင်ငံ Sydney Harbor တံတားမှာလည်း မီးရှုးပီးပန်းတွေဖေါက် ကြိုဆိုခဲ့ပါတယ်။ Sydney က အထင်ကရ ကဇာတ်ရုံကြီးအနီးက ဒီနှစ်သစ်ကြိုဆိုပွဲကို ကမ္ဘာတဝှမ်း လူပေါင်း ၄၂၅ သန်းလောက်က ရုပ်မြင်သံကြားတွေကနေ နှစ်စဉ်ကြည့်ရှုခဲ့ကြတယ်လို့ Sydney မြို့တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့အနှံ့ လုံခြုံရေးအင်အား အများအပြားလည်း အရင်နှစ်တွေကထက် ထပ်တိုးချထားပါတယ်လို့ ပြည်နှစ်အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နှစ်သစ်ကြိုဆိုတဲ့အနေနဲ့ မီးရှုးမီးပန်းဖေါက်တာကို မြို့နေ လူဉီးရေ ၅ ယောက် မှာ ၁ ယောက်နှုန်းဖြစ်တဲ့ လူဦးရေး ၁ သန်းကျော်က လာရောက်ကြည့်ရှုကြတာပါ။

တော်တော်များများဟာ နေရာကောင်းရဖို့အတွက် တနင်္ဂနွေ မနက်ကတည်းက ကြိုတင် နေရာဦးထားကြပါတယ်။ အာရှတလွှားမှာလည်း ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ စင်္ကာပူအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ နှစ်သစ်ကို ကြိုဆိုခဲ့ကြမှာပါ။ မြန်မာတော်တော်များများ နေထိုင်ကြတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ကျောက်ဖရားမြစ်ကမ်းဘေးက Icon Siam ကုန်တိုက်ကြီးအနီးမှာလည်း မီးရှူးမီးပန်းတွေဖေါက်ပြီး နှစ်သစ်ကို ကြိုဆိုမှာပါ။

ဗြိတိန်နိုင်ငံက အထင်ကရ Big Ben မျှော်စင်နဲ့ လန်ဒန် တခွင်မှာလည်း နှစ်သစ်ကို ကြိုဆိုမှာပါ။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာတော့ အစဉ်အလာအတိုင်း မီးရောင်စုံ ဘောလုံးကို တိုင်ထိပ် တင်ပြီး နှစ်သစ်ကို ကြိုဆိုမှာပါ။

၂၀၂၄ ကို နှစ်သစ်ကို ကြိုဆိုမယ့် အရေအတွက်ဟာ ကိုဗစ် မတိုင်ခင်ကာလကအရေအတွက်ထိ ပြန်များလာမယ်လို့ မျှော်လင့်ထားပေမယ့်လည်း အဲဒီအရေအတွက်ကို မှီဖို့တော့ လိုပါသေးတယ်။ နှစ်သစ်ကို ကြိုဆိုသူတွေ လုံခြုံရေးအတွက်လည်း နယူးယောက်စီးတီး တာဝန်ရှိသူတွေက စီမံထားပြီး အခြေအနေဟာ ပုံမှန်အတိုင်းပဲလို ပြောဆိုပါတယ်။

XS
SM
MD
LG