သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ နှစ်သစ် ကမ္ဘာတဝှမ်းကြိုဆို


၂၀၁၄ ခုနှစ်ကို အာရှနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ မီးရှုး မီးပန်းတွေ ပစ်ဖောက်ကြိုဆိုခဲ့ကြပါတယ်။ နှစ်သစ်ကို အရင်ရောက်တဲ့ နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံး Auckland မြို့မှာ Sky Tower မိုးမျှော် မျှော်စင်ကြီးကနေ မီးပန်းတွေ ပစ်ဖောက်ချိန် လမ်းမတွေပေါ်မှာ လူတွေက ကခုန်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာလည်း အထင်ကရ Sydney Opera House နဲ့ Harbour Bridge တံတားကြီးကနေ မီးရှုးမီးပန်းတွေ ပစ်ဖေက်တာကို လူပေါင်း ၁ သန်းကျော် လာရောက်စောင့်ကြည့်ခဲ့ကြပါတယ်။ ၁၀ နှစ်အတွင်းမှာ ပထမဆုံးအဖြစ် Opera House အဆောက်အဦးကြီးရဲ့ အနောက်ကနေ မီးပန်းတွေ ပစ်ဖောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ အာရပ်စော်ဘွားများ ပြည်ထောင်စုထဲက Dubai မှာလည်း ကမ္ဘာပေါ်မှာ အကြီးအကျယ်ဆုံး ဖြစ်အောင်လို့ဆိုပြီး မီးရှုးမီးပန်းတွေ အမြောက်အများ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ် ဂျပန်မှာတော့ နှစ်သစ်ကူး ခေါင်းလောင်းကြီးကိုထိုးပြီးကို နှစ်သစ်ကူးခဲ့ပါတယ်။

နှစ်သစ်ကြိုဆိုကြတချို့က ကံကောင်းဖို့အတွက် ခေါက်ဆွဲတွေ ပင်လယ်စာတွေ စားသောက်ခဲ့ကြသလို ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာလည်း လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲမယ့် နှစ်သစ်ကူးပွဲကို ပြင်ဆင်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ တခြားအာရှနိုင်ငံတွေလို ပျော်ပွဲ ရွှင်ပွဲတွေ မရှိခဲ့ပါဘူး။

နှစ်ဟောင်းမကုန်ခင် နောက်ဆုံးရက်ပိုင်းတွေကပဲ မီးပန်းတွေ ကျည်အတုတွေကြောင့် လူပေါင်း ၂၆၀ လောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟိုင်ယန်မုန်တိုင်းဒဏ် ခံထားရတဲ့ ဒေသတွေမှာလည်း နှစ်သစ်ကို တိတ်တိတ် ဆိတ်ဆိတ်ပဲ ကြိုဆိုခဲ့ကြပါတယ်။

တောင်အာဖရိကနိုင်ငံ Cape Town မြို့က နှစ်သစ်ကူး ကြိုဆိုပွဲတွေမှာတော့ မကြာခင်ကပဲ ကွယ်လွန်သွားခဲ့တဲ့ သမ္မတဟောင်း Nelson Mandela အတွက် ဂုဏ်ပြုပွဲတွေ ပါဝင်ခဲ့ပါတယ်။
XS
SM
MD
LG