သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုရီးယားၿငိမ္းခ်မ္းေရးအတြက္ ေတာင္ကိုရီးယားသမၼတ ႏွစ္သစ္ကူး ကတိျပဳ


၂၀၂၂ ခုႏွစ္၊ ႏွစ္သစ္ကူးမိန္႔ခြန္းေျပာေနတဲ့ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်-အင္

[[Zawgyi/Unicode]]

သမၼတသက္တမ္းမကုန္ဆုံးမီမွာ ေျမာက္ကိုရီးယားနဲ႔ သံတမန္ဆက္ဆံေရး အခက္အခဲ ကို ျဖတ္ေက်ာ္ႏိုင္ေအာင္ ႀကိဳးစားမယ္လို႔ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္းက တနလၤာေန႔က ကတိျပဳလိုက္ပါတယ္။

“ကိုရီးယား ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးပုံမွန္ျဖစ္ေအာင္ အစိုးရက ေဆာင္႐ြက္မွာျဖစ္ၿပီး ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းေပၚ ေနာက္ဆုံး ေရာက္သြားမယ့္ ျပန္ျပင္လို႔မရတဲ့ လမ္းေၾကာင္း ကို လိုက္မွာ ျဖစ္ပါတယ္” လို႔ သူက ေျပာသြားတာပါ။ ေမလမွာ သူ႔သက္တမ္းမကုန္မီ ေနာက္ဆုံး ႏွစ္သစ္ကူးမိန႔္ခြန္းမွာ ခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ “ေနာက္အစိုးရနဲ႔လည္း ေဆြးေႏြးပြဲ ဆက္သြားလိမ့္မယ္လို႔ သူက ေမွ်ာ္လင့္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ေဂ်ာင္အန္းက ႏွစ္သစ္ကူး မိန႔္ခြန္း ေျပာၾကားရာမွာေတာ့၁၉၅၀-၅၃ ကိုရီးယားစစ္ပြဲကို တရားဝင္ အဆုံးသတ္ေၾကာင္း ေၾကညာဖို႔ ေတာင္ကိုရီးယား သမၼတမြန္းေဂ်အင္းရဲ႕ ဖိတ္ေခၚခ်က္ကို ထည့္သြင္း ေျပာဆိုသြားတာမရွိပါဘူး။

မြန္းေဂ်အင္းဟာ ကင္ေဂ်ာင္အန္နဲ႔ ၿပဳံးယမ္းမွာ ေဆြးေႏြးတာအပါအဝင္ ထိပ္သီးေဆြးေႏြးပြဲ အေတာ္မ်ားမ်ားကို ၂၀၁၈ နဲ႔ ၂၀၁၉ ေတြမွာ ထိုင္ခဲ့ပါတယ္။ ႏ်ဴကလီယားလက္နက္ စြန႔္လႊတ္ဖို႔ ေျမာက္ကိုရီးယားအေပၚ ႏိုင္ငံတကာက ေတာင္းဆိုမႈအေပၚမွာ သေဘာကြဲၿပီး ေဆြးေႏြးပြဲက ရပ္ဆိုင္းသြားခဲ့ရတာပါ။အေမရိကန္အေနနဲ႔ ပိတ္ဆို႔အေရးယူထားတာေတြကို ရပ္ၿပီး ရန္လိုတဲ့မူဝါဒေတြကို စြန႔္လႊတ္ဖို႔ ေျမာက္ကိုရီးယားက ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ကိုရီးယားငြိမ်းချမ်းရေးအတွက် တောင်ကိုရီးယားသမ္မတ နှစ်သစ်ကူး ကတိပြု

သမ္မတသက်တမ်းမကုန်ဆုံးမီမှာ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး အခက်အခဲ ကို ဖြတ်ကျော်နိုင်အောင် ကြိုးစားမယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက တနင်္လာနေ့က ကတိပြုလိုက်ပါတယ်။

“ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးပုံမှန်ဖြစ်အောင် အစိုးရက ဆောင်ရွက်မှာဖြစ်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် နောက်ဆုံး ရောက်သွားမယ့် ပြန်ပြင်လို့မရတဲ့ လမ်းကြောင်း ကို လိုက်မှာ ဖြစ်ပါတယ်” လို့ သူက ပြောသွားတာပါ။ မေလမှာ သူ့သက်တမ်းမကုန်မီ နောက်ဆုံး နှစ်သစ်ကူးမိန့်ခွန်းမှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ “နောက်အစိုးရနဲ့လည်း ဆွေးနွေးပွဲ ဆက်သွားလိမ့်မယ်လို့ သူက မျှော်လင့်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန်းက နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာမှာတော့၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယား သမ္မတမွန်းဂျေအင်းရဲ့ ဖိတ်ခေါ်ချက်ကို ထည့်သွင်း ပြောဆိုသွားတာမရှိပါဘူး။

မွန်းဂျေအင်းဟာ ကင်ဂျောင်အန်နဲ့ ပြုံးယမ်းမှာ ဆွေးနွေးတာအပါအဝင် ထိပ်သီးဆွေးနွေးပွဲ အတော်များများကို ၂၀၁၈ နဲ့ ၂၀၁၉ တွေမှာ ထိုင်ခဲ့ပါတယ်။ နျူကလီယားလက်နက် စွန့်လွှတ်ဖို့ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက တောင်းဆိုမှုအပေါ်မှာ သဘောကွဲပြီး ဆွေးနွေးပွဲက ရပ်ဆိုင်းသွားခဲ့ရတာပါ။အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူထားတာတွေကို ရပ်ပြီး ရန်လိုတဲ့မူဝါဒတွေကို စွန့်လွှတ်ဖို့ မြောက်ကိုရီးယားက တောင်းဆိုထားပါတယ်။

#KoreaPeaceTalk #NorthKoreaNuclear #VOABurmese #မွန်းဂျေအင်း #မြောက်ကိုရီးယား #နျူကလီယား #ဗွီအိုအေ

==========

XS
SM
MD
LG