သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှန်ဟိုင်းနှစ်သစ်ကူးပွဲ လူ ၃၆ ဦးသေ


လူသေခဲ့ရတဲ့ ရှမ်ဟိုင်း နှစ်သစ်ကူးပွဲ (၂၀၁၄)
လူသေခဲ့ရတဲ့ ရှမ်ဟိုင်း နှစ်သစ်ကူးပွဲ (၂၀၁၄)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ နှစ်သစ်ကူး ကြိုဆိုတဲ့ ပွဲအတွင်း လူအချင်းချင်း ပိမိတဲ့အတွက် လူပေါင်း ၃၅ ယောက်သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိ သွားကြပါတယ်။ မျက်မြင်တွေရဲ့အဆိုအရ အဆောက်အဦးတခုရဲ့ သုံးလွှာ ပြူတင်းပေါက်ကနေ လူတယောက်က ကြဲချလိုက်တဲ့ ငွေစက္ကူအတုတွေကို လိုက်လံကောက်ယူရင်း လူတွေ အခုလို ပိမိသွားကြတာလို့ဆိုပါတယ်။ ဒီမတော်တဆမှုက ဒေသစံတော်ချိန် ညသန်းခေါင်မတိုင်ခင်အချိန်အတွင်း ၊ ရှန်ဟိုင်းမြို့လယ်က ကျော်ကြားလှတဲ့ Cheng Yi ရင်ပြင်၊ ရေစပ်နားမှာ ဖြစ်ပွါး သွားတာပါ။

မျက်မြင်သက်သေတယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် Cui Tingting ကတော့ လူတွေက ဝရုန်းသုန်းကား နဲ့ တယောက်ကို တယောက် တွန်းတိုက်ပြီး ငွေစက္ကူတွေ ကောက်ယူကြတယ်လို့ဆိုပါတယ်။ နောက်မှသာ စက္ကူတွေက အတုမှန်း သတိပြုမိတာလို့ သူက ဆက်ပြောပါတယ်။

သူ ကိုယ်တိုင်လည်း ပိုက်ဆံတရွက်ကောက်ယူလိုက်ပေမယ့် နောက်တော့ လွှင့်ပစ်လိုက်တဲ့အကြောင်းနဲ့ ဒီငွေစက္ကူအတုတွေကို လုကောက်ကြတဲ့အတွက် မတော်တဆမှုဖြစ်ရတာလို့ ထင်ကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

လူမှုကွန်ရက်တွေမှာ တွေ့ရတဲ့ ဓာတ်ပုံတွေမှာတော့ အမှိုက်သရိုက် အပိုင်းအစတွေကြား လဲလျောင်းနေကြတဲ့ ဒဏ်ရာရထား သူတွေကို အနီးအနားက လူတွေက အရေးပေါ်အသက်ကယ်ဆယ်ဖို့ ကျိုးပမ်းနေတာတွေကိုတွေ့ရပါတယ်။

နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာန ကတော့ သေဆုံးသူ အများစုက ကျောင်းသားတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီမတော်တဆမှုအတွင်း လူ ၄၃ ယောက်ထက် မနည်း ဒဏ်ရာရှိသွားပါတယ်။

XS
SM
MD
LG