သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ၂၀၁၅ နှစ်သစ်ကို ကြိုဆို


၂၀၁၄ ခုနှစ်အကုန် ၂၀၁၅ ခုနှစ် ကူးပြောင်းတဲ့ နှစ်သစ်ကူးအခါသမယကို အရင်ဆုံး ကြုံကြရတဲ့ နယူးဇီလန်၊ သြစတြေးလျနဲ့ အာရှတိုက်က နိုင်ငံတွေမှာ နှစ်သစ်ကူး ပွဲတော်ဆင်နွှဲနေကြပြီး မီးရှုးမီးပန်းတွေ ပစ်ဖောက်နေကြပါတယ်။

Auckland မြို့မှာရှိတဲ့ အထင်ကရ Sky Tower က နာရီစင်ကြီးမှာ လူတွေ အများပြားစုဝေးခဲ့ကြပြီး ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ယံ နှစ်သစ်ကူးချိန် ရေတွက်တာကို စောင့်ကြိုခဲ့ကြသလို မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

သြစတြေးလျနိုင်ငံ Sydney မှာလည်း ပူနွေးတဲ့ ရာသီဥတုနဲ့အတူ လူပေါင်း ၁.၅ သန်းလောက် နှစ်ကူးပွဲတော်ကို ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ဟောင်ကောင်မှာရှိတဲ့ Victoria Harbor ဆိပ်ကမ်းမှာလည်း မီးရောင်စုံတွေထွန်းညှိ မီးရှုးမီးပန်းတွေ ပစ်လွှတ်ကာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲခဲ့ကြသလို မြို့တော် Beijing မှာလည်း နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

နိုင်ငံရပ်ခြား ခရီးသွားတွေနဲ့ စည်ကားလှတဲ့ ကမ်းခြေမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့က Chen Yi ရင်ပြင်မှာတော့ နှစ်သစ်ကူးကြိုဆိုတဲ့ ပွဲတော်မှာ လူတွေ တဦးပေါ်တဦး တက်နင်းတဲ့အထိ ဝရုန်းသုံးကားဖြစ်ခဲ့ပြီး လူ ၃၅ သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Time Square မှာတော့ သိန်းနဲ့ချီပြီးရှိတဲ့ လူတွေဟာ နှစ်သစ်ကူးပြောင်းတဲ့ ညသန်းခေါင်ချိန်ကာ အခါသမယကို ကြိုဆိုဖို့ စောင့်မျှော်နေကြပါတယ်။

XS
SM
MD
LG