သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မြို့လယ် ကားဗုံးခွဲရန် ကြံစည်သူ ရုံးထုတ်

နယူးယောက်မြို့ တိုင်းမ်စကွဲယား ကားဗုံးထောင်ခဲ့သူ Faisal Shahzad
နယူးယောက်မြို့ တိုင်းမ်စကွဲယား ကားဗုံးထောင်ခဲ့သူ Faisal Shahzad

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တိုင်းမ်စကွဲယားမှာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ ကားဗုံးဖောက်ခွဲမှု တရားခံကို ဗဟို အစိုးရ တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ ပါတယ်။

ပါကစ္စတန်နိုင်ငံဖွား၊ အမေရိကန် နိုင်ငံသား အသက် ၃၀ အရွယ် Faisal Shahzad ဟာ မေလ ၁ရက်နေ့ ကားဗုံးဖောက်ခွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ အမှုငါးမှုနဲ့ စွဲဆိုထားတာကို ရင်ဆိုင် နေရပါတယ်။ အင်္ဂါနေ့က တရားရုံးမှာတော့ ရှားဇတ်က ဘာမှ လျှောက်ထားတာ မရှိခဲ့ပါဘူး။ သူ့ကို အာမခံမပေးဘဲ၊ ထိန်းသိမ်းထားဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

လူတွေ ကို အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်မျိုး နဲ့ အမေရိကန် ပြည်သူတွေ ကို သေကြေ ဒဏ်ရာရအောင် ကြိုးစားမှု နဲ့ Shahzad ကို တရားစွဲထားပါတယ်။ ပါကစ္စတန် မှာ ဗုံးလုပ်နည်းသင်တန်း တက်ခဲ့တယ်လို့ သူက ဝန်ခံထားပါတယ်။ ရဲက သူ့ကို မေလ ၃ရက် နေ့မှာ နယူးယောက်ကနေ ဒူဘိုင်းကို ထွက်ခွါကာနီး လေယာဉ်ပေါ်ကနေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG