သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Empire State အနီး သေနတ် ပစ်ခတ်မှု


သေနတ်ပစ်မှုဖြစ်ပွားရာ နေရာကို စစ်ဆေးနေသည့် နယူးယောက်မြို့တော် ရဲတပ်ဖွဲ့ဝင်တဦး။ သြဂုတ် ၂၄၊ ၂၀၁၂
သေနတ်ပစ်မှုဖြစ်ပွားရာ နေရာကို စစ်ဆေးနေသည့် နယူးယောက်မြို့တော် ရဲတပ်ဖွဲ့ဝင်တဦး။ သြဂုတ် ၂၄၊ ၂၀၁၂
နယူးယောက်မြို့ Empire State အဆောက်အဦးကြီးအနီးမှာ သေနတ်ပစ်မှု ကျူးလွန်ခဲ့သူ ဟာ အလုပ်ပြုတ်လာခဲ့သူတယောက်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်းတယောက်ကို ပစ်သတ်ခဲ့ပြီးတဲ့နောက် ရဲကလဲ သူ့ကိုပစ်သတ်လိုက်ပါတယ်။
ရဲကပစ်သတ်လိုက်ရတဲ့ ၅၃ နှစ်အရွယ်ရှိ Jefferey Johnson ဆိုသူဟာ ဒေါသအလွန်ကြီးသူ ဖြစ်ပြီး လွန်ခဲ့တဲ့တနှစ်က Empire State အဆောက်အဦးကြီးနားမှာရှိတဲ့ Hazan Importers လို့ခေါ်တဲ့ အမျိုးသမီးအဝတ်အထည်ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရကြောင်း ၊ ၄၁ နှစ်ရှိ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းရဲ့ ဦးခေါင်းကို .45 ခြောက်လုံးပြူးနဲ့ ပစ်သတ်ခဲ့တာဖြစ်ကြောင်း နယူးယောက်ရဲမင်းကြီး Ray Kelly ကသတင်းထောက်တွေကိုပြောပြပါတယ်။
Johnson ဟာ လူသတ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ဆောက်လုပ်ရေး လုပ်သား တဦးက ရဲတွေကို လှမ်းပြောတဲ့အတွက် ရဲတွေကလိုက်တဲ့အခါမှာ Johnson က ရဲတွေကို ပြန်ပစ်တဲ့အတွက် ပစ်သတ်လိုက်ရတဲ့အကြောင်း ရဲမှူးကြီးကရှင်းပြပါတယ်။
အဲဒီသေနတ်ပစ်မှုမှာ တခြားအမျိုးသား ၇ ဦးနဲ့အမျိုးသမီး ၂ ဦးတို့လဲ ဒဏ်ရာရခဲ့ကြ ကြောင်း၊ တချို့ကိုလဲ ရဲတွေကပစ်တဲ့ကျည်ဆံထိမှန်ကြောင်း၊ နယူးယောက်ရဲမင်းကြီးနဲ မြို့တော်ဝန် Michael Bloomberg တို့ကရှင်းပြပါတယ်။ ဒါပေမဲ့ ဒဏ်ရာသူတွေမှာ သေနိုင်လောက်တဲ့ဒဏ် မရှိကြဘူးလို့ဆိုပါတယ်။
XS
SM
MD
LG