သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မှာ မသင်္ကာဖွယ် ပေါင်းအိုးတွေ လိုက်ထားသူကို ဖမ်းဆီး


နယူးယောက်၊ မြေအောက်ဘူတာမှာ မသင်္ကာဖွယ်အထုတ်ကို ကောက်ယူနေတဲ့ စုံစမ်းရေးမှူးတဦးကို တွေ့ရစဉ်။ (၀၈၊ ၁၇၊ ၁၉ )
နယူးယောက်၊ မြေအောက်ဘူတာမှာ မသင်္ကာဖွယ်အထုတ်ကို ကောက်ယူနေတဲ့ စုံစမ်းရေးမှူးတဦးကို တွေ့ရစဉ်။ (၀၈၊ ၁၇၊ ၁၉ )

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က မြေအောက်ရထားဘူတာရုံတခုမှာ မင်္သကာဖွယ် ပေါင်းအိုးလို့ယူဆရတဲ့ ပစ္စည်း နှစ် ခုလာချ သွားတယ်လို့ သံသယရှိသူတဦးကို ဖမ်းထားတယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထမင်းပေါင်းအိုးကိုင်ထားတာကို စောင့်ကြည့်ကင်မရာမှာ တွေ့ရသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမှုလိုက်အဖွဲ့အကြီးအကဲ Dermot Shea က စနေနေ့မနက်မှာပဲ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာပါ။ မြေအောက်ရထားဘူတာရုံမှာ သောကြာနေ့မနက်က ပေါင်းအိုးတွေကို တွေ့ခဲ့တဲ့နေရာကနေ လူတွေကို ဘေးလွှတ်ရာ ရှောင်ခိုင်းခဲ့ရတာကြောင့် မနက်ပိုင်းအသွားအလာတွေ အဆင်မပြေဖြစ်ခဲ့ရတာပါ။

မြေအောက်ရထားဘူတာရုံအနီးမှာ ပေါင်းအိုး ၂ လုံးကို လူတယောက် လာချသွားတာကို World Trade Center ကုန်သွယ်ရေး အဆောက်အအုံအနီးမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာကနေ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီနေရာကနေ ၂ မိုင်အကွာ လမ်းဘေးတနေရာမှာလည်း တတိယမြောက် ပုံစံတူ ပေါင်းအိုးတလုံးကို တွေ့ရှိခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဗုံးခွဲတိုက်ခိုက်မှုတခုဖြစ်ခဲ့တာမှာ တိုက်ခိုက်သူတွေက ပေါင်းအိုးနဲ့ ဗုံးလုပ်ပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို ပေါင်းအိုးတွေကိုဗုံးအဖြစ် အသုံးပြုနိုင်တာဖြစ်ပေမယ့် အခု ရှာတွေ့တဲ့ ပေါင်းအိုးတွေက ပေါက်ကွဲခဲ့ခြင်းတော့ မရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ ခုဖမ်းဆီးထားတဲ့လူအကြောင်းအသေးစိတ်ကိုတော့ မသိရသေးဘူးလို့လည်း ရဲက ပြောပါတယ်။ ခု ဖမ်းတဲ့လူကို စွဲချက်တင်တာမျိုးလည်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG