သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းအလွန် နယူးယောက် မာရသွန်


မုန်တိုင်းအလွန် နယူးယောက် မာရသွန်ပြိုင်ပွဲဝင်မည့်သူများ အပြေးလေ့ကျင့်နေစဉ် (နိုဝင်ဘာလ ၂ရက်။ ၂၀၁၂)
မုန်တိုင်းအလွန် နယူးယောက် မာရသွန်ပြိုင်ပွဲဝင်မည့်သူများ အပြေးလေ့ကျင့်နေစဉ် (နိုဝင်ဘာလ ၂ရက်။ ၂၀၁၂)
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတမ်း တစ်လျှောက်ဒီတပတ်ထဲမှာ အင်အားပြင်းမုန်တိုင်း ဝင်ရောက်ခဲ့တာဟာ အခုဆိုလို့ရှိရင်သေဆုံးသူ အရေအတွက် ၉၀ကျော်ရှိသွားပါပြီ။ ရေကြီးနေတဲ့နေရာတွေနဲ့ မိးလောင်ပျက်စီးခဲ့တဲ့ ရပ်ကွက်တွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ဆောင်ရွက်နေသလို အခုလိုသေဆုံးမှု အရေအတွက်ကလည်း တိုးလာနေတာဖြစ်ပါတယ်။ ဒါပေမယ့် နယူးယောက်မြို့မှာ ဒီတနင်္ဂနွေမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ကမ္ဘာကျော်နှစ်ပါတ်လည် မာရသွန်အပြေးပြိုင်ပွဲ ကိုတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်က ပြောပါတယ်။

နယူးဂျာစီ နဲ့ နယူးယောက်ပြည်နယ် နှစ်ခုထဲမှာပင် ဆန္ဒီမုန်တိုင်းဒဏ်ကြောင့် သေဆုံးကြရသူတွေ အနည်းဆုံး ၅၉ဦး ရှိခဲ့တဲ့အကြောင်း ရဲဝန်ထမ်းတွေကပြောပါတယ်။ ဒါပေမယ့် နယူးယောက်မြို့တော်ဝန် ဘလွန်းဘတ်ကတော့ တနင်္ဂနွေနေ့ အစီအစဉ်ကို ဖျက်မှာမဟုတ်ဘဲ တနင်္ဂနွေနေ့ဟာ အသွားအလာ နည်းပါးတဲ့အချိန်ဖြစ်တာကြောင့်လည်း ရဲဌာနတွေကို အလွန်အကျွံ ဖိအားဖြစ်စေမှာမဟုတ်ဘူးလို့ဆိုပါတယ်။

ဒီအပြေးပြိုင်ပွဲအတွက် အပြေးသမားတွေနဲ့ ကြည့်ရှုအားပေးကြမဲ့သူတွေ ထောင်နဲချီပြီးတော့ လာရောက်ကြမှာဖြစ်သလို နယူးယောက်မြို့အတွက် ဒေါ်လာသန်းနဲ့ချီတဲ့ဝင်ငွေကို ရရှိစေမှာဖြစ်တာကြောင့် ဒီအစီအစဉ်ကို ဖျက်လိုက်ခြင်းအားဖြင့် ထိခိုက်ခံထားရတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေ အတွက် ပိုပြီးတော့ ထိခိုက်မှုတွေဖြစ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
နယူးယောက်မြို့ရဲ့ မက်ဟန်တန် ရဲ့ အောက်ပိုင်းအရပ်တွေနဲ့ အနီးအနားအရပ်တွေမှာ လျှပ်စစ်မီးအခုထက်ထိ ပြန်မရသေးပါဘူး။ လျှပ်စစ်မီးတွေ နေရာတိုင်းမှာ အပြည့်အဝ ပြန်ရဖို့အတွက် နောက်ထပ်ရက် အတော်အတန် ကြာလိမ့်အုန်းမယ်လို့ လျှပ်စစ်ကုမ္မဏီတွေက ဆိုပါတယ်။
XS
SM
MD
LG