သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန် နောက်ဆက်တွဲ အားပြင်းငလျင်လှုပ်


စနေနေ့က နယူးဇီလန်နိုင်ငံမှာ ပြင်းအား ၇.၁ မဂ္ဂနီကျုဒ်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့လို့ အပျက်အစီးတွေကို ရှင်းလင်းနေဆဲမှာပဲ ဒီကနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြင်းအား ၅.၁ မဂ္ဂနီကျုဒ်ရှိတဲ့ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်ခဲ့တာကြောင့် ငလျင်ဒဏ်သင့် ခရစ်စ်ချာ့ခ်ျ (Christchurch) မြို့မှာ အပျက်အစီးတွေ နောက်ထပ် ဖြစ်ပေါ်ခဲ့ရပါတယ်။

မြို့တွင်း တချို့အစိတ်အပိုင်းတွေမှာ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်သွားခဲ့ရပြီး စနေနေ့က ပျက်စီးပြီးသား အဆောက်အဦး တချို့ဟာလည်း မြေပေါ်မှာ ပြိုလဲကျသွားခဲ့ရပါတယ်။

ဒီကနေ့ ထပ်လှုပ်တဲ့ ငလျင်ဟာ ရုတ်တရက် ပြင်းထန်လှပြီး ပိုပြီး ကြောက်စရာ ကောင်းတယ်လို့ ခရစ်စ်ချာ့ခ်ျ မြို့ခံတဦးက ပြောပါတယ်။

စနေနေ့က ငလျင်ကြီးမှာ လမ်းတွေ၊ တံတားတွေနဲ့ အဆာက်အဦးတွေ ရာနဲ့ချီပြီး ပြိုကျ ပျက်စီးသွားခဲ့ရပေမဲ့ လူတဦးတယောက်မှ အသေအပျောက် မရှိခဲ့တာဟာ အလွန် အံ့အားသင့်စရာပါပဲလို့ နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီး (John Key) က ပြောဆိုခဲ့ပါတယ်။

စနေနေ့က ငလျင်ကြီးအပြီး အကြိမ်ပေါင်း ရာနဲ့ချီပြီး ထပ်လှုပ်တဲ့ နောက်ဆက်တွဲ ငလျင်တွေထဲမှာ ဒီကနေ့မနက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မဂ္ဂနီကျုဒ် ပြင်းအား အပြင်းဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG