သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယူးဇီလန္ႏွင့္ ျမန္မာ့အေရး


Democracy for Myanmar - Working Group - New Zealand at Foreign Affairs, Defence and Trade Committee (October 27,2022)

နယူးဇီလန္အစိုးရအေနနဲ႔ ျမန္မာစစ္ေကာင္စီကို အသိအမွတ္ျပဳမထားသလို တဖက္မွာလည္း NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ထိေတြ႔ဆက္ဆံမႈေတြရွိေပမယ့္ တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳေရးမွာ အခက္အခဲေတြရွိေနတယ္လို႔ နယူးဇီလန္အေျခစိုက္ ျမန္မာ့အေရး ဦးေဆာင္လႈပ္ရွားသူေတြက ဗြီအိုေအကို ေျပာပါတယ္။

စစ္အာဏာသိမ္းၿပီး အၾကမ္းဖက္ဖိႏွိပ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံနယ္စပ္ေတြမွာ ထြက္ေျပးခိုလႈံေနတဲ့ ဒုကၡသည္ေတြကိုေခၚယူေရး နယူးဇီလန္ပါလီမန္မွာ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း သြားေရာက္တင္ျပခဲ့ၾကတဲ့ Democracy for Myanmar Working Group ဦးေဆာင္သူတခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစုံကို ေျပာျပမွာပါ။

နယူးဇီလန္အစိုးရအေနနဲ႔ NUG ကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳေရး ေတာင္းဆိုတဲ့ အြန္လိုင္းလက္မွတ္ေပါင္း ၅၄၀,၀၀၀ ေက်ာ္ ရရွိခဲ့တဲ့ အက်ိဳးရလာဒ္အျဖစ္ ျမန္မာ့အေရးလႈပ္ရွားေနတဲ့ အဖြဲ႕အစည္းေတြကို နယူးဇီလန္ဝန္ႀကီးဌာနေတြနဲ႔ ပါလီမန္တို႔က ဖိတ္ေခၚေတြ႔ဆုံခဲ့ေၾကာင္း မၾကာေသးခင္က ႏိုင္ငံျခားေရးဌာနနဲ႔ ေတြ႔ဆုံခဲ့တဲ့ Democracy for Myanmar Working Groupရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ မတင္မမဦးက ဗြီအိုေအကိုေျပာပါတယ္။

"ညီမတို႔ petittion မွာဆိုရင္ တြန္အားေပးတဲ့အတြက္ ကိုယ့္ရဲ ႔အစိုးရက ျမန္မာျပည္ရဲ ႔အေရးကို ပိုမိုၿပီးေတာ့ နက္နက္ရိွဳင္းရိွဳင္း ေလ့လာတယ္။ သူတုိ႔ရဲ ႔ ေထာက္ခံမႈက စာနဲ႔မထုတ္ေပမဲ့လဲ သူတုိ႔ရဲ ႔ လုပ္ရပ္ကို ၾကည့္ပါလို႔ ေျပာသြားတယ္။ သူတုိ႔ရဲ ႔လုပ္ရပ္ေတြက ဘာေတြလဲဆိုေတာ့ ၂၀ ရက္ေန႔မွာ ေဒၚဇင္မာေအာင္နဲ႔ ေတြ႔ဆံုေဆြးေႏြးစကားေျပာၿပီးသြားၿပီ။ ၿပီးေတာ့ က်မတို႔ နယူးဇီလန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သူ႔ရဲ ႔ twitter မွာ publicly တင္ထားတယ္။ ေဒၚဇင္မာေအာင္နဲ႔ ဒီေန႔ေတြ႔ခဲ့တယ္။ NUG ရဲ ႔ ျမန္မာ့အေျခအေန အေၾကာင္းအရာေတြကိုလည္း NUG Update ေျပာဆိုမႈေတြကို သူတုိ႔အေနနဲ႔ နားေထာင္ေနပါတယ္ဆိုတာကိုလည္း ဝန္ႀကီးဌာနက တင္ျပထားပါတယ္။"

ဒါဆိုရင္ NUG ကို တရားဝင္အသိအမွတ္ျပဳေရး နယူးဇီလန္အစိုးရရဲ႕ အခက္အခဲေတြ ဘာေတြရွိေနလဲ။ မတင္မမဦးက အခုလိုေျပာျပပါတယ္။

"အခက္အခဲကေတာ့ သူတုိ႔ေျပာတာက ႏုိင္ငံတခုအေနနဲ႔ က်န္တဲ့ႏိုင္ငံကိုပဲ အသိအမွတ္ျပဳလို႔ရတယ္။ အစိုးရတခုအေနနဲ႔ က်န္တဲ့ ျပည္ပအစိုးရကို ေထာက္ခံမႈေတြဆိုတာ တရားဝင္ officially မလုပ္ဘူး။ ညီမတို႔ ေတာင္းဆိုတာက Statement နဲ႔ Officially NUG အစိုးရကို ေထာက္ခံပါတယ္။ ျမန္မာျပည္အစိုးရတခုအေနနဲ႔ လက္ခံပါတယ္လုိ႔ ညီမတို႔ေတြက Civil Society အေနနဲ႔ ေတာင္းဆိုတာ။ အဲဒီလိုမ်ဳိးႀကီးၾကေတာ့ သူတုုိ႔ဘက္က အစိုးရအေနနဲ႔ ထုတ္ေပးလို႔ မရဘူးလို႔ ေျပာတယ္။ ေနာက္ သူတို႔ရဲ ႔ အခက္အခဲေလးေတြကေတာ့ ဒီပလိုေမစီလမ္းစဥ္ သြားမယ္။ ႏုိင္ငံတႏိုင္ငံနဲ႔ တႏိုင္ငံ ဆက္သြယ္ေရး၊ ၿပီးေတာ့ ႏုိင္ငံတကာဆက္ဆံေရးမွာေတာ့ နည္းနည္းေလး အခက္အခဲေလးေတြ ရိွတယ္ဆိုတာက စစ္တပ္ကိုလည္း သူတုိိ႔က အစိုးရအေနနဲ႔ အသိအမွတ္မျပဳဘူး။ NUG အစိုးရကို သူတို႔က အသိအမွတ္ျပဳတာက NUG အစိုးရသည္ ျမန္မာျပည္ရဲ ႔ ဒီမိုကေရစီ ရရိွေရးကို လႈပ္ရွားတဲ့ အေရးႀကီးဆံုး အဖြဲ႔တခု ျဖစ္ပါတယ္ဆုိတာကို သူတုိ႔က ေထာက္ခံတယ္။ အဲဒါက officially တင္ထားတယ္။ ၿပီးေတာ့ ညီမတို႔ ျမန္မာႏုိင္ငံမွာ ဒီမိုကရက္တစ္ အစိုးရတရပ္ကို ျပန္ေဖာ္လာႏိုင္ေအာင္၊ NUG အစိုးရ၊ NUG အဖြဲ႔အစည္းလို႔ သူတုိ႔က အဲဒီလိုသံုးထားတယ္။ Activism Group အဲဒီ group က အေရးႀကီးတယ္။ သူတို႔က ဒီလမ္းစဥ္ေတြကို ျပန္လည္ရရိွဖို႔ရာ လႈပ္ရွားေနရမယ္ဆိုတာကိုလည္း နယူးဇီလန္အစိုးရ သိတဲ့အတြက္ NUG နဲ႔ အဆက္မျပတ္ဆက္သြယ္ - Support လုပ္တဲ့ေနရာမွာလည္း Support လုပ္၊ သံတမန္ေရးရာမွာလည္း သူတုိ႔က အၿမဲတမ္း ကူညီပံ့ပိုးအားေပးမႈေတြ ဆက္သြားေနတာကို က်မတို႔ ေတြ႔ရတယ္။"

နယူးဇီလန္ႏိုင္ငံျခားေရးဝန္ႀကီး Nanaia Mahuta ရဲ႕ ေအာက္တိုဘာ ၁၉ ရက္ေန႔က Twitter လူမႈကြန္ယက္မွာ ေရးသားခဲ့တဲ့အထဲမွာေတာ့ - နားလည္မႈရရွိေရးနဲ႔ ေရရွည္တည္တန႔္တဲ့ ၿငိမ္းခ်မ္းမႈရရွိေရးတို႔အတြက္ သံတမန္ေရးနဲ႔ ေတြ႔ဆုံေဆြးေႏြးမႈေတြဟာ အဓိက ေသာ့ခ်က္ျဖစ္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ ေရရွည္တည္တန႔္တဲ့ ဒီမိုကေရစီေပၚထြန္းေရးဆိုင္ရာ ျဖစ္ႏိုင္ေျခနည္းလမ္းေတြကို NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

တဘက္မွာလည္း ျမန္မာႏိုင္ငံမွာ ရပ္ဆိုင္းထားတဲ့ သံ႐ုံးလုပ္ငန္းေတြ ျပန္လည္စတင္ဖို႔ စဥ္းစားေနေၾကာင္း ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ Deborah Geels ကလႊတ္ေတာ္ေကာ္မီတီမွာ ေအာက္တိုဘာလတုန္းက ေျပာၾကားခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ Democracy for Myanmar Working Group က Asia Pacific Refugees Rights Network ရဲ႕ အာရွပစိၥဖိတ္ ဒုကၡသည္မ်ားအခြင့္အေရး ကြန္ရက္ ဥကၠ႒ Hafsar Tameesuddin @ ေဒၚမီမီေက်ာ္ က အခုလိုေျပာပါတယ္။

"သူတို႔ျဖည္းျဖည္းခ်င္း Operate လုပ္ဖို႔ စေနတာေတြ အခုေတာ့ လုပ္လာတယ္။ ဒါေပမဲ့ အဲဒါေတြက ကိုဗစ္ကာလအတြင္းနဲ႔ အာဏာသိမ္း စျဖစ္ခါစမွာ မလြယ္ခဲ့ဘူးလို႔ က်မ ယူဆတယ္။ ျမန္မာႏုိင္ငံရဲ ႔ ကန္႔သတ္ခ်က္ restriction ေတြကလဲ ပိတ္ပင္တားဆီးမႈေတြ၊ ႏုိင္ငံတကာရဲ ႔ ပါဝင္ပတ္သက္မႈေတြကို သူတုိိ႔ တားျမစ္ထားတာလဲ အရမ္းျမင့္တယ္ဆိုေတာ့ နယူးဇီလန္လို႔ ႏိုင္ငံမ်ဳိးအတြက္က အရမ္း ျပန္ၿပီးေတာ့ ဝင္ေရာက္ဖို႔၊ ျပန္ၿပီးေတာ့ Operate လုပ္ဖို႔ လြယ္မွာမဟုတ္ဘူး။ က်မ စဥ္းစားတာကေတာ့ သူတုိ႔အေနနဲ႔ တခ်ဳိ ႔အင္အားႀကီးႏုိင္ငံေတြလို Resources, Power ေတြ အရမ္းမ်ားတဲ့ ႏုိင္ငံႀကီးေတြလို ျပတ္ျပတ္သားသား၊ ပြင့္ပြင့္လင္းလင္းႀကီး ႏုိင္ငံေရးႏြယ္တဲ့သေဘာမ်ဳိးနဲ႔ Political ႏြယ္တဲ့သေဘာမ်ဳိးနဲ႔ ပါဝင္ဖို႔ ဆႏၵမရိွဘူးလို႔ က်မထင္တယ္။ ဆႏၵမရိွတာလဲ ျဖစ္ႏုိင္တယ္။ သူတို႔အေနနဲ႔ အဲဒီ Risk ကိုလည္း မယူခ်င္တာ ျဖစ္ႏုိင္တယ္။ သို႔မဟုတ္ အဲဒီေလာက္ထိ Capacity ပါဝင္ႏိုင္တဲ့ အတိုင္းအတာခြန္အား မရိွတာလဲ ျဖစ္ႏုိင္တယ္။ ဒါေပမဲ့ အဲဒီလုိ မပါဝင္ခ်င္ေပမဲ့၊ သူတို႔အေနနဲ႔ ျမန္မာအေရးကို လစ္လ်ဴရွဳထားတာလားဆိုေတာ့ မဟုတ္ဘူး။ ၂၇ ရက္ေန႔ ေအာက္တိုဘာလက က်မနဲ႔အတူ Democracy for Myanmar အဖြဲ႔ဝင္ေတြနဲ႔ ပါလီမန္ကို ျမန္မာႏုိင္ငံက အာဏာသိမ္းလို႔ ထြက္ေျပးလြတ္ေျမာက္လာတဲ့လူေတြကို ဒီႏိုင္ငံမွာ ဗီဇာတစ္ေထာင္ ေပးဖို႔အတြက္ က်မတို႔သြားတဲ့အခါမွာ Different Ministers ေတြနဲ႔ အစည္းအေဝးေတြ ရိွခဲ့တယ္။ ရိွခဲ့တဲ့အခါမွာ သူတုိိ႔ဘက္က ပြင့္ပြင့္လင္းလင္း Black and White ငါတို႔ႏုိင္ငံေရးႏြယ္တဲ့ သေဘာမ်ဳိးနဲ႔ Political Will နဲ႔ သြားၿပီးေတာ့ ခ်က္ခ်င္းပက္ပင္းႀကီး ပြင့္ပြင့္လင္းလင္းႀကီး၊ ပါဝင္မယ္ဆိုတာကို သူတို႔အေနနဲ႔ ကတိမေပးဘူး။ ဒါေပမဲ့ သူတို႔ဘက္က ဘာေတြကို ေျပာဆိုလဲဆိုေတာ့ ျမန္မာႏုိင္ငံအေရးကို လစ္လ်ဴမထားဘူး။ အၿမဲတမ္း ေနာက္ကြယ္ကေန တတ္ႏုိုင္သမွ် ပါဝင္ေပးတယ္။ ကူညီေပးတယ္။ လူသားခ်င္းစာနာေထာက္ထားတဲ့ အေနအထားမ်ဳိးကလည္း ပါဝင္ေပးတယ္ဆိုတာကို သူတုိ႔အမ်ားႀကီးေျပာတယ္။"

တဘက္မွာလည္း ႐ိုဟင္ဂ်ာအေရးအပါအဝင္ ျမန္မာ့ဒီမိုကေရစီေရးလႈပ္ရွားမႈေတြမွာ ဘယ္ေလာက္အတိုင္းအထိ ပါဝင္ခ်င္သလဲဆိုတာကို တိတိက်က် မသိရဘူးလို႔ Hafsar ကဆိုပါတယ္။

"ICC ႏိုင္ငံတကာခံုရံုးမွာ ျမန္မာအစိုးရကို ဆြဲတင္တဲ့ကိစၥမွာ နယူးဇီလန္က ႏုိင္ငံေတြ အဲဒီ case ကိုိ ေထာက္ခံအားေပးတဲ့၊ ပါဝင္တဲ့ ပြင့္ပြင့္လင္းလင္း ျမင္သာထင္သာရိွေအာင္ ပါဝင္တဲ့ ႏိုင္ငံထဲမွာ ပါဝင္ထားတယ္လို႔ က်မ မသိထားဘူး။ ဒါေပမဲ့ သူတို႔အေနနဲ႔ အခုနေျပာသလို သူတုိ႔မွာ ဆႏၵရိွတယ္။ ျမန္မာလူထုရဲ ႔ လႈပ္ရွားမႈ၊ လူထုအင္အားနဲ႔ စစ္အာဏာရွင္စနစ္ကို တုိက္ဖ်က္ဖုိ႔ ႀကိဳးစားေနတာ၊ လူထုက တည္ေထာင္တဲ့အစိုးရတရပ္ကို က်မတို႔က ရခ်င္တာ၊ ေအာင္ျမင္ခ်င္တာ၊ အဲဒီအေပၚေတြ သူတုိ႔အေနနဲ႔ ပါဝင္ခ်င္တဲ့ဆႏၵ အမ်ားႀကီးရိွတယ္။ ဒါေပမဲ့ ဘယ္ေလာက္အတိုင္းအတာအထိ ပါဝင္မလဲ။ ဘယ္လိုက႑ေတြက ပါဝင္မလဲဆိုတာကိုေတာ့ အခုအခ်ိန္မွာ ပြင့္ပြင့္လင္းလင္း က်မတုိ႔ မသိေသးဘူး။ "


ျမန္မာႏိုင္ငံမွာ ဇူလိုင္လတုန္းက ထင္ရွားတဲ့ ႏိုင္ငံေရးသမားေတြ ျဖစ္ၾကတဲ့ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ၊ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္တို႔ ၄ ဦးကို စစ္ေကာင္စီက ကြပ္မ်က္လိုက္တဲ့အေပၚ နယူးဇီလန္ႏိုင္ငံျခားေရးဝန္ႀကီး Nanaia Mahutaက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်ခဲ့ၿပီး ေၾကာက္မက္ဖြယ္ေကာင္းတဲ့ စစ္တပ္ရဲ႕ လုပ္ရပ္ေၾကာင့္ ေသဆုံးသြားသူေတြအတြက္ စိတ္မေကာင္း ျဖစ္ရပါေၾကာင္းလည္း လႊတ္ေတာ္ကို ေျပာၾကားတဲ့ မိန႔္ခြန္းထဲမွာ Nanaia Mahuta က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

==== Unicode ====

နယူးဇီလန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုမထားသလို တဖက်မှာလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေရှိပေမယ့် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးမှာ အခက်အခဲတွေရှိနေတယ်လို့ နယူးဇီလန်အခြေစိုက် မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီး အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံနယ်စပ်တွေမှာ ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကိုခေါ်ယူရေး နယူးဇီလန်ပါလီမန်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သွားရောက်တင်ပြခဲ့ကြတဲ့ Democracy for Myanmar Working Group ဦးဆောင်သူတချို့ကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

နယူးဇီလန်အစိုးရအနေနဲ့ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုတဲ့ အွန်လိုင်းလက်မှတ်ပေါင်း ၅၄၀,၀၀၀ ကျော် ရရှိခဲ့တဲ့ အကျိုးရလာဒ်အဖြစ် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို နယူးဇီလန်ဝန်ကြီးဌာနတွေနဲ့ ပါလီမန်တို့က ဖိတ်ခေါ်တွေ့ဆုံခဲ့ကြောင်း မကြာသေးခင်က နိုင်ငံခြားရေးဌာနနဲ့ တွေ့ဆုံခဲ့တဲ့ Democracy for Myanmar Working Groupရဲ့ အမှုဆောင်အရာရှိချုပ် မတင်မမဦးက ဗွီအိုအေကိုပြောပါတယ်။

"ညီမတို့ petittion မှာဆိုရင် တွန်အားပေးတဲ့အတွက် ကိုယ့်ရဲ့အစိုးရက မြန်မာပြည်ရဲ့အရေးကို ပိုမိုပြီးတော့ နက်နက်ရှိုင်းရှိုင်း လေ့လာတယ်။ သူတို့ရဲ့ ထောက်ခံမှုက စာနဲ့မထုတ်ပေမဲ့လဲ သူတို့ရဲ့ လုပ်ရပ်ကို ကြည့်ပါလို့ ပြောသွားတယ်။ သူတို့ရဲ့လုပ်ရပ်တွေက ဘာတွေလဲဆိုတော့ ၂၀ ရက်နေ့မှာ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံဆွေးနွေးစကားပြောပြီးသွားပြီ။ ပြီးတော့ ကျမတို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရဲ့ twitter မှာ publicly တင်ထားတယ်။ ဒေါ်ဇင်မာအောင်နဲ့ ဒီနေ့တွေ့ခဲ့တယ်။ NUG ရဲ့ မြန်မာ့အခြေအနေ အကြောင်းအရာတွေကိုလည်း NUG Update ပြောဆိုမှုတွေကို သူတို့အနေနဲ့ နားထောင်နေပါတယ်ဆိုတာကိုလည်း ဝန်ကြီးဌာနက တင်ပြထားပါတယ်။"

ဒါဆိုရင် NUG ကို တရားဝင်အသိအမှတ်ပြုရေး နယူးဇီလန်အစိုးရရဲ့ အခက်အခဲတွေ ဘာတွေရှိနေလဲ။ မတင်မမဦးက အခုလိုပြောပြပါတယ်။

"အခက်အခဲကတော့ သူတို့ပြောတာက နိုင်ငံတခုအနေနဲ့ ကျန်တဲ့နိုင်ငံကိုပဲ အသိအမှတ်ပြုလို့ရတယ်။ အစိုးရတခုအနေနဲ့ ကျန်တဲ့ ပြည်ပအစိုးရကို ထောက်ခံမှုတွေဆိုတာ တရားဝင် officially မလုပ်ဘူး။ ညီမတို့ တောင်းဆိုတာက Statement နဲ့ Officially NUG အစိုးရကို ထောက်ခံပါတယ်။ မြန်မာပြည်အစိုးရတခုအနေနဲ့ လက်ခံပါတယ်လို့ ညီမတို့တွေက Civil Society အနေနဲ့ တောင်းဆိုတာ။ အဲဒီလိုမျိုးကြီးကြတော့ သူတို့ဘက်က အစိုးရအနေနဲ့ ထုတ်ပေးလို့ မရဘူးလို့ ပြောတယ်။ နောက် သူတို့ရဲ့ အခက်အခဲလေးတွေကတော့ ဒီပလိုမေစီလမ်းစဉ် သွားမယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ ဆက်သွယ်ရေး၊ ပြီးတော့ နိုင်ငံတကာဆက်ဆံရေးမှာတော့ နည်းနည်းလေး အခက်အခဲလေးတွေ ရှိတယ်ဆိုတာက စစ်တပ်ကိုလည်း သူတို့က အစိုးရအနေနဲ့ အသိအမှတ်မပြုဘူး။ NUG အစိုးရကို သူတို့က အသိအမှတ်ပြုတာက NUG အစိုးရသည် မြန်မာပြည်ရဲ့ ဒီမိုကရေစီ ရရှိရေးကို လှုပ်ရှားတဲ့ အရေးကြီးဆုံး အဖွဲ့တခု ဖြစ်ပါတယ်ဆိုတာကို သူတို့က ထောက်ခံတယ်။ အဲဒါက officially တင်ထားတယ်။ ပြီးတော့ ညီမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် အစိုးရတရပ်ကို ပြန်ဖော်လာနိုင်အောင်၊ NUG အစိုးရ၊ NUG အဖွဲ့အစည်းလို့ သူတို့က အဲဒီလိုသုံးထားတယ်။ Activism Group အဲဒီ group က အရေးကြီးတယ်။ သူတို့က ဒီလမ်းစဉ်တွေကို ပြန်လည်ရရှိဖို့ရာ လှုပ်ရှားနေရမယ်ဆိုတာကိုလည်း နယူးဇီလန်အစိုးရ သိတဲ့အတွက် NUG နဲ့ အဆက်မပြတ်ဆက်သွယ် - Support လုပ်တဲ့နေရာမှာလည်း Support လုပ်၊ သံတမန်ရေးရာမှာလည်း သူတို့က အမြဲတမ်း ကူညီပံ့ပိုးအားပေးမှုတွေ ဆက်သွားနေတာကို ကျမတို့ တွေ့ရတယ်။"

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့က Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့တဲ့အထဲမှာတော့ - နားလည်မှုရရှိရေးနဲ့ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းမှုရရှိရေးတို့အတွက် သံတမန်ရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ အဓိက သော့ချက်ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တန့်တဲ့ ဒီမိုကရေစီပေါ်ထွန်းရေးဆိုင်ရာ ဖြစ်နိုင်ခြေနည်းလမ်းတွေကို NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တဘက်မှာလည်း မြန်မာနိုင်ငံမှာ ရပ်ဆိုင်းထားတဲ့ သံရုံးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ စဉ်းစားနေကြောင်း နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Deborah Geels ကလွှတ်တော်ကော်မီတီမှာ အောက်တိုဘာလတုန်းက ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Democracy for Myanmar Working Group က Asia Pacific Refugees Rights Network ရဲ့ အာရှပစ္စိဖိတ် ဒုက္ခသည်များအခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ Hafsar Tameesuddin @ ဒေါ်မီမီကျော် က အခုလိုပြောပါတယ်။

"သူတို့ဖြည်းဖြည်းချင်း Operate လုပ်ဖို့ စနေတာတွေ အခုတော့ လုပ်လာတယ်။ ဒါပေမဲ့ အဲဒါတွေက ကိုဗစ်ကာလအတွင်းနဲ့ အာဏာသိမ်း စဖြစ်ခါစမှာ မလွယ်ခဲ့ဘူးလို့ ကျမ ယူဆတယ်။ မြန်မာနိုင်ငံရဲ့ ကန့်သတ်ချက် restriction တွေကလဲ ပိတ်ပင်တားဆီးမှုတွေ၊ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုတွေကို သူတို့ တားမြစ်ထားတာလဲ အရမ်းမြင့်တယ်ဆိုတော့ နယူးဇီလန်လို့ နိုင်ငံမျိုးအတွက်က အရမ်း ပြန်ပြီးတော့ ဝင်ရောက်ဖို့၊ ပြန်ပြီးတော့ Operate လုပ်ဖို့ လွယ်မှာမဟုတ်ဘူး။ ကျမ စဉ်းစားတာကတော့ သူတို့အနေနဲ့ တချို့အင်အားကြီးနိုင်ငံတွေလို Resources, Power တွေ အရမ်းများတဲ့ နိုင်ငံကြီးတွေလို ပြတ်ပြတ်သားသား၊ ပွင့်ပွင့်လင်းလင်းကြီး နိုင်ငံရေးနွယ်တဲ့သဘောမျိုးနဲ့ Political နွယ်တဲ့သဘောမျိုးနဲ့ ပါဝင်ဖို့ ဆန္ဒမရှိဘူးလို့ ကျမထင်တယ်။ ဆန္ဒမရှိတာလဲ ဖြစ်နိုင်တယ်။ သူတို့အနေနဲ့ အဲဒီ Risk ကိုလည်း မယူချင်တာ ဖြစ်နိုင်တယ်။ သို့မဟုတ် အဲဒီလောက်ထိ Capacity ပါဝင်နိုင်တဲ့ အတိုင်းအတာခွန်အား မရှိတာလဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလို မပါဝင်ချင်ပေမဲ့၊ သူတို့အနေနဲ့ မြန်မာအရေးကို လစ်လျူရှုထားတာလားဆိုတော့ မဟုတ်ဘူး။ ၂၇ ရက်နေ့ အောက်တိုဘာလက ကျမနဲ့အတူ Democracy for Myanmar အဖွဲ့ဝင်တွေနဲ့ ပါလီမန်ကို မြန်မာနိုင်ငံက အာဏာသိမ်းလို့ ထွက်ပြေးလွတ်မြောက်လာတဲ့လူတွေကို ဒီနိုင်ငံမှာ ဗီဇာတစ်ထောင် ပေးဖို့အတွက် ကျမတို့သွားတဲ့အခါမှာ Different Ministers တွေနဲ့ အစည်းအဝေးတွေ ရှိခဲ့တယ်။ ရှိခဲ့တဲ့အခါမှာ သူတို့ဘက်က ပွင့်ပွင့်လင်းလင်း Black and White ငါတို့နိုင်ငံရေးနွယ်တဲ့ သဘောမျိုးနဲ့ Political Will နဲ့ သွားပြီးတော့ ချက်ချင်းပက်ပင်းကြီး ပွင့်ပွင့်လင်းလင်းကြီး၊ ပါဝင်မယ်ဆိုတာကို သူတို့အနေနဲ့ ကတိမပေးဘူး။ ဒါပေမဲ့ သူတို့ဘက်က ဘာတွေကို ပြောဆိုလဲဆိုတော့ မြန်မာနိုင်ငံအရေးကို လစ်လျူမထားဘူး။ အမြဲတမ်း နောက်ကွယ်ကနေ တတ်နိုင်သမျှ ပါဝင်ပေးတယ်။ ကူညီပေးတယ်။ လူသားချင်းစာနာထောက်ထားတဲ့ အနေအထားမျိုးကလည်း ပါဝင်ပေးတယ်ဆိုတာကို သူတို့အများကြီးပြောတယ်။"

တဘက်မှာလည်း ရိုဟင်ဂျာအရေးအပါအဝင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ ဘယ်လောက်အတိုင်းအထိ ပါဝင်ချင်သလဲဆိုတာကို တိတိကျကျ မသိရဘူးလို့ Hafsar ကဆိုပါတယ်။

"ICC နိုင်ငံတကာခုံရုံးမှာ မြန်မာအစိုးရကို ဆွဲတင်တဲ့ကိစ္စမှာ နယူးဇီလန်က နိုင်ငံတွေ အဲဒီ case ကို ထောက်ခံအားပေးတဲ့၊ ပါဝင်တဲ့ ပွင့်ပွင့်လင်းလင်း မြင်သာထင်သာရှိအောင် ပါဝင်တဲ့ နိုင်ငံထဲမှာ ပါဝင်ထားတယ်လို့ ကျမ မသိထားဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ အခုနပြောသလို သူတို့မှာ ဆန္ဒရှိတယ်။ မြန်မာလူထုရဲ့ လှုပ်ရှားမှု၊ လူထုအင်အားနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ကြိုးစားနေတာ၊ လူထုက တည်ထောင်တဲ့အစိုးရတရပ်ကို ကျမတို့က ရချင်တာ၊ အောင်မြင်ချင်တာ၊ အဲဒီအပေါ်တွေ သူတို့အနေနဲ့ ပါဝင်ချင်တဲ့ဆန္ဒ အများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ ပါဝင်မလဲ။ ဘယ်လိုကဏ္ဍတွေက ပါဝင်မလဲဆိုတာကိုတော့ အခုအချိန်မှာ ပွင့်ပွင့်လင်းလင်း ကျမတို့ မသိသေးဘူး။ "


မြန်မာနိုင်ငံမှာ ဇူလိုင်လတုန်းက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahutaက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် သေဆုံးသွားသူတွေအတွက် စိတ်မကောင်း ဖြစ်ရပါကြောင်းလည်း လွှတ်တော်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ Nanaia Mahuta က ထည့်သွင်းပြောကြားခဲ့ပါတယ်။

XS
SM
MD
LG