သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ခေါင်းဆောင်သစ် ရွေးချယ်


တာလီဘန်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်တဲ့ Mullah Akhtar Mansoor။
တာလီဘန်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်တဲ့ Mullah Akhtar Mansoor။

အာဖဂန်တာလီဘန်အဖွဲ့ကို ထူထောင်သူ တဦးဖြစ်တဲ့ Mullah Omar သေဆုံးကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ Mullah Akhtar Mansoor ကို ခေါင်းဆောင်သစ်အဖြစ် တာလီဘန်အဖွဲ့ ဥသျှောင်ကောင်စီ က ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ Pashto ဘာသာနဲ့ ထုတ်ပြန် ထားတဲ့ ကြေညာချက်ကိုတော့ တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရသူ Zabihullah Mujahid က ဗွီအိုအေကို အီးမေးလ်နဲ့ ပေးပို့ခဲ့တာပါ။

ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်တဲ့ Mullah Akhtar Mansoor ဟာ သေဆုံးသွားတဲ့ Mullah Omar ရဲ့ လက်ထောက်တဦးဖြစ်သလို၊ တာလီဘန်အဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးတာဝန်ခံ တဦးလည်း ဖြစ် ပါတယ်။ ခေါင်းဆောင်သစ်ရဲ့ လက်ထောက်တွေ အဖြစ်နဲ့ Maulvi Haibatullah Akundzada နဲ့ Maulvi Sirajuddin Haqqani တို့ကို တာဝန်ပေး လိုက်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။

လက်ထောက်တဦး ဖြစ်လာတဲ့ Sirajuddin Haqqani ဟာ အာဖဂန်နိုင်ငံနဲ့နယ်စပ် ပါကစ္စတန်နိုင်ငံ လူမျိုးစုဒေသ မြောက်ဝါဇီရစ္စတန်မှာ အခြေစိုက်ထားပြီး တာလီဘန်အဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ Haqqani အကြမ်းဖက် ကွန်ယက် အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် အချိန်အတော်ကြာ တာဝန်ယူခဲ့ဘူးသူ ဖြစ်ပါတယ်။

နောက်ထပ် လက်ထောက်တဦးဖြစ်တဲ့ Haibatullah Akundzada ကတော့ ၂၀၀၁ ခုနှစ် မတိုင်ခင် တာလီဘန်တွေ အုပ်ချုပ်ခဲ့တဲ့ အချိန်မှာ တရားရုံးတွေရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်တယ်လို့လည်း တာလီဘန်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တာလီဘန်အဖွဲ့ကတော့ ခေါင်းဆောင်ဟောင်း အိုမာ ဖျားနာသေဆုံးသွားကြောင်း မနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန် အတည်ပြုခဲ့ပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုသေဆုံးတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။

XS
SM
MD
LG