သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone 5 အာရှမှာ စတင်ရောင်းချ


ဂျပန်နိုင်ငံ တိုကျိုမြို့က Apple အရောင်းဆိုင် တခုမှာ iPhone 5 စတင်ရောင်းချနေစဉ်။
ဂျပန်နိုင်ငံ တိုကျိုမြို့က Apple အရောင်းဆိုင် တခုမှာ iPhone 5 စတင်ရောင်းချနေစဉ်။
Apple ထုတ်ကုန်ပစ္စည်းတွေကို နှစ်သက်ကြတဲ့ အာရှတိုက်သားတွေ ကာလကြာရှည်စောင့်စားနေကြတဲ့ iPhone 5 လက်ကိုင်ဖုန်းကို ပထမဆုံး စတင် ကိုင်ခွင့်ရနေကြပြီဖြစ်ပါတယ်။

အမေရိကန် အလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးက သူ့ရဲ့နောက်ဆုံးထုတ် Smart လက်ကိုင်ဖုန်းတွေကို သောကြာနေ့မှာ ကမ္ဘာအနှံ့မှာ စတင်ဖြန့်ချီလိုက်ပါပြီ။

သြစတေးလျ၊ ဂျပန် စတဲ့ တိုင်းပြည်တွေက အရောင်းဆိုင်ကြီးတွေရဲ့အရှေ့မှာ အသစ်ထွက်တဲ့ လက်ကိုင်ဖုန်းကို ဝယ်ယူ နိုင်ဖို့အတွက် စိတ်အားထက်သန်နေကြတဲ့ လူအုပ်ကြီးဟာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

သြစတေးလျှနိုင်ငံ ဆစ်ဒနီမြို့မှာဆိုရင် လက်ကိုင်ဖုန်း ရောင်းချပေးမဲ့ ရက် မတိုင်ခင် ၃ ရက် အလိုကတည်းက ဝယ်ယူလိုသူတွေဟာ အရောင်းဆိုင်ရဲ့ရှေ့မှာ စောင့်ဆိုင်း နေခဲ့ကြတာပါ။

ဟောင်ကောင်မှာတော့ Apple ရောင်းချသူတွေက လက်ဝါးဖြန့် လက်ချောင်းငါးချောင်း ထောင်ပြီး “iPhone 5 iPhone 5” ဆိုပြီးအော်ဟစ်ကြကာ လာရောက် ဝယ်ယူကြတဲ့ သူတွေနဲ့ လက်ဝါးခြင်းရိုက်ပြီး ဝယ်ယူသူတွေကို ဆိုင်အတွင်းကို တဦးချင်း ခေါ်သွားကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ စတဲ့ တိုင်းပြည်တွေ မှာလည်း သောကြာနေ့ နှောင်းပိုင်းမှာ လက်ကိုင်ဖုန်းတွေ ဝယ်ယူနိုင်ဖို့အတွက် ဝယ်လိုသူတွေဟာ အရောင်းဆိုင်တွေရဲ့ရှေ့မှာ စခန်းချ စောင့်ဆိုင်းနေကြပါတယ်။

iPhone5 ကို ဝယ်ယူလိုသူတွေ အရေအတွက်ဟာ စံချိန်ချိုးသွားခဲ့တယ်လို့ Apple ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။ ပထမ ၂၄ နာရီအတွင်း ဝယ်ယူဖို့ ကြိုတင်မှာထားသူ သန်း ၂၀ ရှိပြီး၊ စက်တင်ဘာလ လကုန်မှာ ဖုန်းအလုံး အရည်အတွက် ၁၀ သန်း ရောင်းချရလိမ့်မယ်လို့ ခန့်မှန်းသူတွေက တွက်ဆနေကြပါတယ်။
XS
SM
MD
LG