Zawgyi/ Unicode
Zawgyi
ျမန္မာႏိုင္ငံမွာ အစိုးရ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ နဲ႔ တရားစြဲဆိုခံေနရတဲ့ ၾသစေၾတးလ် ႏိုင္ငံသား စီးပြါးေရးပညာရွင္ ပါေမာကၡ Sean Turnell ကို စက္တင္ဘာလ ၂၃ ရက္ေန႔က ရံုးထုတ္စစ္ေဆးခဲ့ေပမယ့္ ရန္ကုန္ ၾသစေၾတးလ် သံရံုးက အရာရွိေတြနဲ႔ ေတြ႕ခြင့္မေပးခဲ့တဲ့ အတြက္ မွ်တတဲ့ တရားစီရင္မႈရႏိုင္ေျခအေပၚ သံသယျဖစ္ရေၾကာင္း ၾသစေၾတးလ်အစိုးရက ေျပာပါတယ္။
ပါေမာကၡ Sean Turnell နဲ႔ ပတ္သက္တဲ့ တရားေရး လုပ္ေဆာင္မႈေတြကို ျမန္မာႏိုင္ငံက ၾသစေၾတးလ် သံရံုးအရာရွိေတြ ေလ့လာဆန္းစစ္ခြင့္မရတာအတြက္ စိုးရိမ္စိတ္ပူေၾကာင္း ျမန္မာအာဏာပိုင္ေတြကိုေရာ Canberra မွာရွိတဲ့ ျမန္မာသံအမတ္ႀကီးဆီကိုပါ တင္ျပထားတယ္လို႔ ၾသစေၾတးလ် ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဆိုင္ရာ DFAT ဌာနေျပာခြင့္ရရဲ႕ ေျပာၾကားခ်က္ကို ABC သတင္းမွာေဖၚျပထားပါတယ္။
ၾသစေၾတးလ်အစိုးရ အေနနဲ႔ ပါေမာကၡ Turnell ရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး တရားရံုးခ်ိန္းတိုင္းကို တက္ေရာက္ခြင့္ရဖို႔ေရာ၊ အခ်ိန္မွီအၾကံေပးခြင့္ရဖို႔ပါ ေမွ်ာ္လင့္ထားေၾကာင္းလည္း ျမန္မာအာဏာပိုင္ေတြကို ရွင္းရွင္းလင္းလင္း ေျပာၾကားထားတယ္လို႔ ေျပာပါတယ္။
အသက္ ၅၇ ႏွစ္အရြယ္ ပါေမာကၡ Turnell ဟာ ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးမထားခင္တုန္းက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြါးေရးအၾကံေပးအျဖစ္ တာဝန္ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္း ၿပီးတဲ့ေနာက္ ၅ ရက္အၾကာမွာ အဖမ္းဆီးခံခဲ့ရတဲ့ မစၥတာ Turnell ဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔အစိုးရအဖြဲ႔ဝင္ေဟာင္း ေတြျဖစ္တဲ့ ဦးစိုးဝင္း၊ ဦးေက်ာ္ဝင္းနဲ႔ ဦးဆက္ေအာင္တို႔နဲ႔ အတူ ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ ပုဒ္မ ၃(၁)/ ဂ နဲ႔ တရားစြဲဆိုခံေနရတာ ျဖစ္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးမွာ စြဲဆိုထားတဲ့ အမႈကို စက္တင္ဘာ ၂၃ ရက္မွာ ေနျပည္ေတာ္ ဒကၡိဏသီရိ တရားရံုးကို ေျပာင္းေရႊ႕စစ္ေဆးခဲ့တာ ျဖစ္ၿပီး အပတ္စဥ္ ၾကာသပေတးေန႔တိုင္း ရံုးထုတ္ဖို႔ ရွိေနတာပါ။
မစၥတာ Turnell အတြက္ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒနဲ႔ပါ တရားစြဲဆိုထားတာ ျဖစ္ၿပီး သူ႔ကို ေရွ႕ေနနဲ႔ ေတြ႕ခြင့္ေပးဖို႔ စကားျပန္ငွါးေပးဖို႔ပါ သူ႔ေရွ႕ေနက ၿပီးခဲ့တဲ့ရံုးခ်ိန္းမွာ ရံုးေတာ္ကိုတင္ျပခဲ့ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနက VOA ကိုေျပာပါတယ္။
Unicode
မြန်မာနိုင်ငံမှာ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ နဲ့ တရားစွဲဆိုခံနေရတဲ့ သြစတြေးလျ နိုင်ငံသား စီးပွါးရေးပညာရှင် ပါမောက္ခ Sean Turnell ကို စက်တင်ဘာလ ၂၃ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ရန်ကုန် သြစတြေးလျ သံရုံးက အရာရှိတွေနဲ့ တွေ့ခွင့်မပေးခဲ့တဲ့ အတွက် မျှတတဲ့ တရားစီရင်မှုရနိုင်ခြေအပေါ် သံသယဖြစ်ရကြောင်း သြစတြေးလျအစိုးရက ပြောပါတယ်။
ပါမောက္ခ Sean Turnell နဲ့ ပတ်သက်တဲ့ တရားရေး လုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံက သြစတြေးလျ သံရုံးအရာရှိတွေ လေ့လာဆန်းစစ်ခွင့်မရတာအတွက် စိုးရိမ်စိတ်ပူကြောင်း မြန်မာအာဏာပိုင်တွေကိုရော Canberra မှာရှိတဲ့ မြန်မာသံအမတ်ကြီးဆီကိုပါ တင်ပြထားတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ DFAT ဌာနပြောခွင့်ရရဲ့ ပြောကြားချက်ကို ABC သတင်းမှာဖေါ်ပြထားပါတယ်။
သြစတြေးလျအစိုးရ အနေနဲ့ ပါမောက္ခ Turnell ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးချိန်းတိုင်းကို တက်ရောက်ခွင့်ရဖို့ရော၊ အချိန်မှီအကြံပေးခွင့်ရဖို့ပါ မျှော်လင့်ထားကြောင်းလည်း မြန်မာအာဏာပိုင်တွေကို ရှင်းရှင်းလင်းလင်း ပြောကြားထားတယ်လို့ ပြောပါတယ်။
အသက် ၅၇ နှစ်အရွယ် ပါမောက္ခ Turnell ဟာ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးမထားခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်း ပြီးတဲ့နောက် ၅ ရက်အကြာမှာ အဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာ Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအဖွဲ့ဝင်ဟောင်း တွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့နဲ့ အတူ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)/ ဂ နဲ့ တရားစွဲဆိုခံနေရတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ စွဲဆိုထားတဲ့ အမှုကို စက်တင်ဘာ ၂၃ ရက်မှာ နေပြည်တော် ဒက္ခိဏသီရိ တရားရုံးကို ပြောင်းရွှေ့စစ်ဆေးခဲ့တာ ဖြစ်ပြီး အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်ဖို့ ရှိနေတာပါ။
မစ္စတာ Turnell အတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပါ တရားစွဲဆိုထားတာ ဖြစ်ပြီး သူ့ကို ရှေ့နေနဲ့ တွေ့ခွင့်ပေးဖို့ စကားပြန်ငှါးပေးဖို့ပါ သူ့ရှေ့နေက ပြီးခဲ့တဲ့ရုံးချိန်းမှာ ရုံးတော်ကိုတင်ပြခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက VOA ကိုပြောပါတယ်။