သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံအေရး အေမရိကန္နဲ႔ထိုင္း ဝန္ႀကီးခ်င္းေဆြးေႏြး


Secretary of State Antony J. Blinken met with foreign ministers of ASEAN nations.

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken က ျမန္မာႏိ္ုင္ငံမွာ လက္ရွိျဖစ္ပြါးေနတဲ့ ပဋိပကၡေတြ အတြက္ စိုးရိမ္ေၾကာင္းနဲ႔ အာဏာသိမ္းထားတဲ့ စစ္တပ္အေနနဲ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ၿပီး မတရားဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ထပ္မံတိုက္တြန္းလိုက္ပါတယ္

တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

Zawgyi

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken က ျမန္မာႏိ္ုင္ငံမွာ လက္ရွိျဖစ္ပြါးေနတဲ့ ပဋိပကၡေတြ အတြက္ စိုးရိမ္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္အေနနဲ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ၿပီး မတရားဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ တိုက္တြန္းေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai နဲ႔ တနလၤာေန႔ ဝါရွင္တန္ဒီစီမွာ ေတြ႕ဆံုအၿပီးထုတ္ျပန္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

၂ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ ၂ ႏိုင္ငံ ဆက္ဆံေရးနဲ႔ ျမန္မာ့အေရး အပါအဝင္ ေဒသတြင္း အေရးကိစၥေတြကို ေဆြးေႏြးခဲ့တာ ျဖစ္ၿပီး အေမရိကန္နဲ႔ ထိုင္းတို႔ရဲ႕ စံတန္ဖိုးေတြျဖစ္တဲ့ လူ႔အခြင့္ေရးဆိုင္ရာ ေထာက္ပံ့ေပးဖို႔နဲ႔ ကိုဗစ္ ၁၉ ကပ္ေရာဂါတိုက္ဖ်က္ေရး၊ ကမာၻ႔ကပ္ေရာဂါ ဒဏ္ကေန ျပန္လည္ထူေထာင္ေရး တိုးႁမွင့္လုပ္ေဆာင္ဖို႔ေတြ အပါအဝင္ ၂ ႏိုင္ငံ မဟာမိတ္ျဖစ္တည္မႈ သေဘာတူညီခ်က္ပါ ကတိကဝတ္ေတြနဲ႔ အညီေဆာင္ရြက္ဖို႔ ထပ္ေလာင္းကတိျပဳခဲ့ၾကတယ္လို႔ လည္း ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတြင္းျဖစ္ပြါးေနတဲ့ ျပႆနာအတြက္ စိုးရိမ္စိတ္ပူေၾကာင္း ဝန္ႀကီး Blinken က ေျပာၾကားခဲ့တဲ့ အျပင္ အာဆီယံ ေခါင္းေဆာင္ေတြၾကား ျမန္မာႏိ္ုင္ငံဆိုင္ရာ ရရွိထားတဲ့ အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ကို အေကာင္ထည္ေဖၚဖို႔ အတြက္ ထိုင္းနဲ႔ ၂ ႏိုင္ငံ အတူတကြ ဆက္လက္ လက္တြဲ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း လည္း ေျပာပါတယ္။

ဒါ့အျပင္ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ေျဖရွင္းဖို႔ လိုအပ္ေနတဲ့ ၿခိမ္းေျခာက္မႈေတြကို ကမာၻတလႊား တက္ႂကြစြာပါဝင္ ေျဖရွင္းလာဖို႔နဲ႔ ေရရွည္တည္တံ့မယ့္ စီးပြါးေရးဖြ႕ံၿဖိဳးမႈေတြ လုပ္ေဆာင္ဖို႔ေတြကိုပါ ေဆြးေႏြးခဲ့ၾကတာပါ။ ၂၀၂၂ ခုႏွစ္ အာရွ ပစိဖိတ္ေဒသ စီးပြါးေရးပူးေပါင္းေဆာင္ရြက္မႈအဖြဲ႔ APEC ထိပ္သီးအစည္းေဝးအတြက္ ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္ ကမကထ လုပ္ မက်င္းပခင္မွာ ကုန္သြယ္ေရး၊ ရင္းႏွီႁမွဳပ္ႏွံမႈနဲ႔ ေရရွည္ စီးပြါးေရးႀကီးထြားမႈ ဆိုင္ရာ လုပ္ေဆာင္မွာ ေတြကို ပါ ေဆြးေႏြးခဲ့ၾကတယ္လို႔ ေဖၚျပထားပါတယ္။

Unicode

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေ အတွက် စိုးရိမ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ တနင်္လာနေ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံအပြီးထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ မြန်မာ့အရေး အပါအဝင် ဒေသတွင်း အရေးကိစ္စတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပြီး အမေရိကန်နဲ့ ထိုင်းတို့ရဲ့ စံတန်ဖိုးတွေဖြစ်တဲ့ လူ့အခွင့်ရေးဆိုင်ရာ ထောက်ပံ့ပေးဖို့နဲ့ ကိုဗစ် ၁၉ ကပ်ရောဂါတိုက်ဖျက်ရေး၊ ကမ္ဘာ့ကပ်ရောဂါ ဒဏ်ကနေ ပြန်လည်ထူထောင်ရေး တိုးမြှင့်လုပ်ဆောင်ဖို့တွေ အပါအဝင် ၂ နိုင်ငံ မဟာမိတ်ဖြစ်တည်မှု သဘောတူညီချက်ပါ ကတိကဝတ်တွေနဲ့ အညီဆောင်ရွက်ဖို့ ထပ်လောင်းကတိပြုခဲ့ကြတယ်လို့ လည်း ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတွင်းဖြစ်ပွါးနေတဲ့ ပြဿနာအတွက် စိုးရိမ်စိတ်ပူကြောင်း ဝန်ကြီး Blinken က ပြောကြားခဲ့တဲ့ အပြင် အာဆီယံ ခေါင်းဆောင်တွေကြား မြန်မာနိုင်ငံဆိုင်ရာ ရရှိထားတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်ထည်ဖေါ်ဖို့ အတွက် ထိုင်းနဲ့ ၂ နိုင်ငံ အတူတကွ ဆက်လက် လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။
ဒါ့အပြင် ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ခြိမ်းခြောက်မှုတွေကို ကမ္ဘာတလွှား တက်ကြွစွာပါဝင် ဖြေရှင်းလာဖို့နဲ့ ရေရှည်တည်တံ့မယ့် စီးပွါးရေးဖွံ့ဖြိုးမှုတွေ လုပ်ဆောင်ဖို့တွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။ ၂၀၂၂ ခုနှစ် အာရှ ပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ထိပ်သီးအစည်းဝေးအတွက် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကမကထ လုပ် မကျင်းပခင်မှာ ကုန်သွယ်ရေး၊ ရင်းနှီမြှုပ်နှံမှုနဲ့ ရေရှည် စီးပွါးရေးကြီးထွားမှု ဆိုင်ရာ လုပ်ဆောင်မှာ တွေကို ပါ ဆွေးနွေးခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG