Zawgyi/ Unicode
Zawgyi
အာဖဂန္နစ္စတန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Kunduz ျပည္နယ္က ရွီယာမြတ္စလင္ေတြရဲ႕ ပလီဝတ္ေက်ာင္းမွာ ေသာၾကာေန႔ ဝတ္ျပဳဆုေတာင္း သူေတြနဲ႔ ျပည့္ေနတုန္း အေသခံ ဗံုးခြဲမႈ တခု ျဖစ္ပြါးခဲ့တဲ့အတြက္ ဝတ္ျပဳသူ ၄၆ ဦးထက္မနည္း ေသဆံုးခဲ့ရၿပီး ၁၅၀ ေက်ာ္ ဒဏ္ရာေတြ ရခဲ့ၾကပါတယ္။
ဒီတိုက္ခိုက္မႈဟာ Kunduz ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Kunduz မွာ ျဖစ္ပြါးခဲ့ေၾကာင္းနဲ႔ ေသဆံုးဒဏ္ရာရသူ အေရအတြက္ကိုပါ တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid က အတည္ျပဳေပးခဲ့ပါတယ္။ ဒီအေသခံ ဗံုးခြဲ တိုက္ခိုက္မႈကို သူတို႔ လုပ္ေဆာင္တာ ျဖစ္ေၾကာင္း အိုင္အက္စ္ စစ္ေသြးႂကြအဖြဲ႔ ရဲ႕ အာဖဂန္ ဆိုင္ရာ IS Khorasan အဖြဲ႔က ေၾကညာခဲ့တာပါ။ ဒီအဖြဲ႔ရဲ႕ ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာကို ေစာင့္ၾကည့္ေလ့လာတဲ့ SITE ေထာက္လွန္းေရး အဖြဲ႔ကေတာ့ အလားတူ တိုက္ခိုက္မႈမ်ိဳးေတြ ထပ္လုပ္လာႏိုင္တယ္လို႔ သတိေပးထားပါတယ္။
ကနဦး အခ်က္အလက္ေတြအရ ဒီတိုက္ခိုက္မႈမွာ လူ ၁၀၀ ေက်ာ္ ေသဆံုး ဒဏ္ရာရတယ္လို႔ သိရေၾကာင္း အာဖဂန္ဆိုင္ရာ ကုလအဖြဲ႔ က ေျပာသလို လူအေသအေပ်က္ သိပ္မ်ားတဲ့ ဒီတိုက္ခိုက္မႈေၾကာင့္ အထူးစိုးရိမ္ေၾကာင္း ကုလသမဂၢက တြစ္တာကေန ေျပာပါတယ္။
ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ António Guterres က ဒီတိုက္ခိုက္မႈဟာ ေၾကာက္မက္ဖြယ္ တိုက္ခိုက္မႈ တခုလို႔ ေျပာၿပီး ရႈတ္ခ်ခဲ့ ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ ေျပာခြင့္ရက ေျပာပါတယ္။ ဒါ့အျပင္ ဒီတိုက္ခိုက္မႈဟာ လြတ္လပ္စြာကိုးကြယ္ခြင့္ကို က်င့္သံုးေနတဲ့ အရပ္သားေတြ အေပၚ တမင္ပစ္မွတ္ထား တိုက္ခိုက္တာ ျစဖ္ၿပီး က်ဴးလြန္သူေတြကို အပစ္ေပး အေရးယူရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
တာလီဘန္ ေျပာခြင့္ရ Mijahid ကေတာ့ ဒီတိုက္ခိုက္မႈ အတြက ္စံုစမ္း စစ္ေဆးေနၿပီျဖစ္ေၾကာင္း ေျပာေပမယ့္ အတီအက်ကိုေတာ့ ထုတ္မေျပာပါဘူး။
Unicode
အာဖဂန်နစ်စတန်နိုင်ငံ အရှေ့မြောက်ပိုင်း Kunduz ပြည်နယ်က ရှီယာမွတ်စလင်တွေရဲ့ ပလီဝတ်ကျောင်းမှာ သောကြာနေ့ ဝတ်ပြုဆုတောင်း သူတွေနဲ့ ပြည့်နေတုန်း အသေခံ ဗုံးခွဲမှု တခု ဖြစ်ပွါးခဲ့တဲ့အတွက် ဝတ်ပြုသူ ၄၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၁၅၀ ကျော် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုဟာ Kunduz ပြည်နယ်ရဲ့ မြို့တော် Kunduz မှာ ဖြစ်ပွါးခဲ့ကြောင်းနဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုပါ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က အတည်ပြုပေးခဲ့ပါတယ်။ ဒီအသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာ ဖြစ်ကြောင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့ ရဲ့ အာဖဂန် ဆိုင်ရာ IS Khorasan အဖွဲ့က ကြေညာခဲ့တာပါ။ ဒီအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာကို စောင့်ကြည့်လေ့လာတဲ့ SITE ထောက်လှန်းရေး အဖွဲ့ကတော့ အလားတူ တိုက်ခိုက်မှုမျိုးတွေ ထပ်လုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ကနဦး အချက်အလက်တွေအရ ဒီတိုက်ခိုက်မှုမှာ လူ ၁၀၀ ကျော် သေဆုံး ဒဏ်ရာရတယ်လို့ သိရကြောင်း အာဖဂန်ဆိုင်ရာ ကုလအဖွဲ့ က ပြောသလို လူအသေအပျေက် သိပ်များတဲ့ ဒီတိုက်ခိုက်မှုကြောင့် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက တွစ်တာကနေ ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres က ဒီတိုက်ခိုက်မှုဟာ ကြောက်မက်ဖွယ် တိုက်ခိုက်မှု တခုလို့ ပြောပြီး ရှုတ်ချခဲ့ ကြောင်း အတွင်းရေးမှုးချုပ် ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုဟာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကျင့်သုံးနေတဲ့ အရပ်သားတွေ အပေါ် တမင်ပစ်မှတ်ထား တိုက်ခိုက်တာ စြဖ်ပြီး ကျူးလွန်သူတွေကို အပစ်ပေး အရေးယူရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
တာလီဘန် ပြောခွင့်ရ Mijahid ကတော့ ဒီတိုက်ခိုက်မှု အတွက ်စုံစမ်း စစ်ဆေးနေပြီဖြစ်ကြောင်း ပြောပေမယ့် အတီအကျကိုတော့ ထုတ်မပြောပါဘူး။