သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စိတ်မကုန်တဲ့ ဧရာဝတီမြစ်ဆုံ


ဧရာဝတီမြစ်ဆုံ - AP
ဧရာဝတီမြစ်ဆုံ - AP
မြန်မာအစိုးရနဲ့ တိုင်းသူပြည်သားက သဘောတူရင် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်လိုကြောင်း တရုတ်သံအမတ် ယန်ဟို့လန် ပြောတာကို သြဂုတ်လ (၁၃) ရက်နေ့ထုတ် ဧရာဝတီစာစောင်မှာ ဖော်ပြပါတယ်။ ရပ်ဆိုင်းခံရတဲ့ စီမံကိန်းကို ပြန်စလိုကြောင်း အတိအလင်းပြောဆိုတာဖြစ်လို့ အခြားသတင်းစာအချို့ကလည်း ထပ်ဆင့်ဖော်ပြတာ တွေ့ရပါတယ်။ တကယ်တော့ မြစ်ဆုံရေကာတာရဲ့ကောင်းခြင်းလက္ခဏာတွေကို CPI တရုတ်ကုမ္မဏီအရာထမ်းတွေက မြစ်ဆုံဒေသမှာ ရှင်းလင်းပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ဧပြီလ (၁၈) ရက်နေ့က တရုတ်စည်းရုံးဆင်းပုံကို ကချင်သတင်းဌာနက ဖော်ပြတာမို့ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ဘက်က ကြိုးပမ်းနေတာ တနှစ်ခွဲလောက်ရှိပြီလို့ ပြောနိုင်ပါတယ်။

နောက်တော့ မြစ်ဆုံရေအားလျှပ်စစ်ကို အမွှန်းတင်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို မြစ်ကြီးနားမြို့နယ်မှာ ဝေငှတဲ့အတွက် အစိုးရဘက်က လိုက်သိမ်းရတယ်လို့ ဆိုပါတယ်။ မြစ်ဆုံအထက်က ချီဗွေ၊ ပါရှဲ၊ လာခင်၊ ဖီဇော်၊ ခေါင်လန်ဖူး၊ လာဆာ စတဲ့ ရေကာတာ (၆) ခုကို မရပ်ဆိုင်းဘဲ မြစ်ဆုံတခုတည်းသာ ရပ်ဆိုင်းလိုက်တာကို တရုတ်ဘက်က ဘဝင်မကျ ဖြစ်နေတာ ထင်ရှားပါတယ်။

အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၁၁ စက်တင်ဘာလလယ်မှာ ကျင်းပတဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ စာတမ်း (၅) ခု တင်ပြပါတယ်။ မြန်မာ-တရုတ်ပညာရှင်တွေရဲ့ လေ့လာချက်အစီရင်ခံစာကို ဒေါက်တာထင်လှ က ဆွေးနွေးပြီး၊ ပြီးပြည့်စုံတဲ့စာတမ်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာချက်ကို အဆက်မပြတ်ပြုလုပ်ရေး၊ ဇီဝဂေဟစနစ် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူရဲ့ သဘောတူညီချက်ရရှိရေး စတာတွေကို ဖော်ပြပါတယ်။ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်မှုးဦးကိုကိုဦးရဲ့ စာတမ်းမှာတော့ မြစ်ဆုံရေကာတာဟာ ဧရာဝတီမြစ်ကြောင်းကို အထောက်အကူပြုနိုင်တဲ့ သဘောမျိုးရေးထားပါတယ်။ မြစ်ကြောင်းမှာ ရေကြီးမှုနဲ့ ရေတိုက်စားမှုကို သက်သာစေမယ်လို့ ဆိုပါတယ်။

တရုတ်ကုမ္မဏီအရာထမ်း လီဂွမ်ဟွန်း တင်သွင်းတဲ့ စာတမ်းမှာတော့ မြစ်ဆုံစီမံကိန်းကြောင့် ရရှိမယ့် စီးပွားရေးအကျိုးအမြတ်တွေကို ဖော်ပြပါတယ်။ ရေကာတာကြောင့် ရေမြုပ်သွားမယ့်နေရာက ရွှေ့ပြောင်းပေးရမယ့် လူဦးရေဟာ နှစ်သောင်းတောင် မပြည့်ဘူးလို့ ဆိုပါတယ်။ တရုတ်ပြည်မှာ သိန်းသန်းချီပြီး ရွှေ့ပြောင်းပေးရတာနဲ့စာရင်တော့ မဆိုစလောက်ဖြစ်နေပါတယ်။ မြစ်ဆုံက ရွာငါးရွာကို နေရာရွှေ့ပြောင်းလိုက်ပြီး လျှော်ကြေးငွေ ကျပ်သန်းလေးထောင်ကျော်ပေးပြီးပြီလို့ ဆိုပါတယ်။ အခြားသော ထောက်ပံ့မှုတွေကိုလည်း ဖော်ပြထားပါတယ်။ မြစ်ဆုံဆည်ဟာ ဧရာဝတီမြစ်ကို ဒုက္ခပေးမှာ မဟုတ်လို့ ရပ်ဆိုင်းစရာအကြောင်းမရှိဘူးလို့ တရုတ်ဘက်က မြင်ပုံရပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကြောင့် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရာတာဆိုတဲ့ အစိုးရအကြောင်းပြချက်ကို တရုတ်က ဘဝင်မကျ ဖြစ်နေပါတယ်။

ဆည်တည်ဆောက်ရင် မြစ်ဆုံရဲ့သဘာဝ အလှပျက်စီးနိုင်တယ်။ မြစ်ညာပိုင်းက ရွာတွေရေမြုပ်နိုင်တယ်။ ရာဘာနဲ့ ကျွန်းပင်တွေ ပျက်စီးနိုင်တယ်။ မိုးသည်းထန်မှုနဲ့ ငလျင်လှုပ်မှုကြောင့် ဆည်ပျက်စီးရင် အောက်ပိုင်းကမြို့ရွာတွေ သေကျေပျက်စီးနိုင်တယ်။ ဧရာဝတီမြစ် ပျက်စီးလိမ့်မယ်လို့ ပြည်သူအချို့က စိုးရိမ်တယ် စတဲ့ ဦးသိန်းစိန်အစိုးရရဲ့ အကြောင်းပြချက် (၅) ချက်ကို ချေဖျက်နိုင်လိမ့်မယ်လို့ တရုတ်က ယုံကြည်တဲ့အတွက် စီမံကိန်းပြန်စနိုင်ဖို့ စည်းရုံးရေးဆင်းနေတာ ဖြစ်ပါတယ်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသူ (၂၀၀၀) ကျော်နေထိုင်တဲ့ အောင်မြင်သာ စံပြကျေးရွာမှာ မနှစ်က စည်းရုံးရေးဆင်းပြီး လိုအပ်တာအားလုံးကူညီမယ်လို့ တရုတ်ကပြောပါတယ်။ ဒါပေမဲ့ နေရာသစ်မှာ အသက်မွေးဝမ်းကျောင်းပြုဖို့ အလွန်ခက်ခဲတဲ့အတွက် မြစ်ဆုံဒေသကိုသာ ပြန်ပြောင်းလိုကြောင်း သိရပါတယ်။

ဆည်တည်ဆောက်ရင် မြစ်ဆုံရဲ့သဘာဝ အလှပျက်စီးနိုင်တယ်။ မြစ်ညာပိုင်းကရွာတွေ ရေမြုပ်နိုင်တယ်။ ရာဘာနဲ့ ကျွန်းပင်တွေ ပျက်စီးနိုင်တယ်။ မိုးသည်းထန်မှုနဲ့ ငလျင်လှုပ်မှုကြောင့် ဆည်ပျက်စီးရင် အောက်ပိုင်းကမြို့ရွာတွေ သေကျေပျက်စီးနိုင်တယ်။ ဧရာဝတီမြစ် ပျက်စီးလိမ့်မယ်လို့ ပြည်သူအချို့က စိုးရိမ်တယ် စတဲ့ ဦးသိန်းစိန်အစိုးရရဲ့ အကြောင်းပြချက် (၅) ချက်ကို ချေဖျက်နိုင်လိမ့်မယ်လို့ တရုတ်က ယုံကြည်တဲ့အတွက် စီမံကိန်းပြန်စနိုင်တဲ့ အောင်မြင်သာ စံပြကျေးရွာမှာ မနှစ်က စည်းရုံးရေးဆင်းပြီး လိုအပ်တာအားလုံး ကူညီမယ်လို့ တရုတ်တွေက ပြောပါတယ်။ ဒါပေမဲ့ နေရာသစ်မှာ အသက်မွေးဝမ်းကျောင်းပြုဖို့ အလွန်ခက်ခဲတဲ့အတွက် မြစ်ဆုံဒေသကိုသာ ပြန်ပြောင်းလိုကြကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ပြည်ကို ဖိတ်ကြားပြီး မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေးကို ဆွေးနွေးပါတယ်။ (၈၈) မျိုးဆက်ခေါင်းဆောင်အချို့နဲ့ ယူနန်ပြည်နယ်မှာ တွေ့ဆုံတော့လည်း မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ကိစ္စကို CPI တရုတ်ကုမ္မဏီအရာထမ်းတွေက ဆွေးနွေးကြောင်းသိရပါတယ်။ တရုတ်ရဲ့ ကြိုးပမ်းချက်ကြောင့် မြစ်ဆုံစီမံကိန်း ပြန်စတော့မလိုလို သတင်းထွက်လာတဲ့အတွက် လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး စက်ပစ္စည်းတထောင်ကျော်ကို တရုတ်ပြည်ပြန်ပို့ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှာ သက်ဆိုင်ရာက လွန်ခဲ့တဲ့လမှာ ရှင်းပြလိုက်ရပါတယ်။

ဧရာဝတီမြစ်ဝှမ်းတလျှောက် ရေရရှိရေးနဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရေးအတွက် ဂျပန်အကူအညီယူဖို့ စီစဉ်နေတာရယ်။ Belgium နိုင်ငံ အကူအညီနဲ့ ဧရာဝတီမြစ်ကို ပြုပြင်ထိန်းသိမ်းပြီး လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ လေ့လာနေတာရယ်၊ ဆည်ရေထွက်ပေါက်တွေမှာ အသေးစားရေအားလျှပ်စစ် ထုတ်ယူပြီး အနီးပတ်ဝန်ကျင်က ကျေးရွာတွေကို မီးပေးဖို့ စီစဉ်နေတာရယ် စတာတွေကိုကြည့်ရင် ပြည်တွင်းသုံးအတွက် မြစ်ဆုံရေအားလျှပ်စစ်မလိုတာ ထင်ရှားနေပါတယ်။ ဒါပေမဲ့ မြစ်ဆုံစီမံကိန်းဟာ တရုတ်ကိုသာ အများဆုံး အကျိုးပြုတာမို့ အကောင်အထည်ဖော်နိုင်ဖို့ တရုတ်က လိုလားနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG