သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး စမ်းသပ်မှာလား ပြောင်းမှာလား

 Yangon University in Yangon
1/5 Yangon University in Yangon
အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
Yohei Sasakawa, centre, Japan Goodwill Ambassador for the Welfare of the National Races in Myanmar, Chairman of the Nippon Foundation, Mikio Numata, left, Japan ambassador to Myanmar, and Sao Aung Myat, right, Shan State chief minister, cut ribbon during
2/5 Yohei Sasakawa, centre, Japan Goodwill Ambassador for the Welfare of the National Races in Myanmar, Chairman of the Nippon Foundation, Mikio Numata, left, Japan ambassador to Myanmar, and Sao Aung Myat, right, Shan State chief minister, cut ribbon during
အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
In this photo taken on April 5, 2008, graduated students pose for photos outside the convocation hall in the main campus of Yangon University in Yangon, Myanmar. The university was once one of Asia's finest and a poignant symbol of an education system cri
3/5 In this photo taken on April 5, 2008, graduated students pose for photos outside the convocation hall in the main campus of Yangon University in Yangon, Myanmar. The university was once one of Asia's finest and a poignant symbol of an education system cri
အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
In this photo taken on April 5, 2008, graduated students pose for photos outside the convocation hall in the main campus of Yangon University in Yangon, Myanmar. The university was once one of Asia's finest and a poignant symbol of an education system cri
4/5 In this photo taken on April 5, 2008, graduated students pose for photos outside the convocation hall in the main campus of Yangon University in Yangon, Myanmar. The university was once one of Asia's finest and a poignant symbol of an education system cri
အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
People walk on a road leading to the convocation hall of Yangon University in Yangon, Myanmar Thursday, June 28, 2012. The university was once one of Asia's finest and a poignant symbol of an education system crippled by Myanmar’s half a century of milita
5/5 People walk on a road leading to the convocation hall of Yangon University in Yangon, Myanmar Thursday, June 28, 2012. The university was once one of Asia's finest and a poignant symbol of an education system crippled by Myanmar’s half a century of milita
အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
Previous slide
Next slide

အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ အရင်ခေတ် အဆက်ဆက်ကလို စမ်းသပ်မှု တစ်ခုလား၊ တကယ်ပဲ ပညာရေး စနစ် အတွက် ထူးခြားတဲ့ အပြောင်းအလဲ တစ်ခုလား၊ လက်ရှိ မြန်မာ့အခြေခံ ပညာရေး စနစ် ဘာဖြစ်နေသလဲ၊ ဘယ်လို ပြောင်းလဲ သင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ပညာရေးစနစ်အကြောင်း ဝေဖန်မယ်ဆိုရင် ပြောဆိုဖို့ စကားလုံး ရှာမရလောက်အောင် ဆိုးရွားနေတယ် ဆိုတာနဲ့ပဲ စ ရပါလိမ့်မယ်။ အကြောင်းရင်းကတော့ တက္ကသိုလ် ဝင်တန်း အောင်သွားတဲ့ ကျောင်းသားအများစုဟာ သင်ရိုးတွေကို ကောင်းကောင်း တတ်မြောက်ခြင်း မရှိတာ၊ စာပေးစာယူနဲ့ ပုံမှန်ဘွဲ့ရသူ အများစုကြီးကတောင် အလယ်တန်း ပညာအဆင့်လောက် စာတတ်မြောက်ခြင်း မရှိတာ စတဲ့ အခြေအနေတွေ တွေ့ရမှာမို့ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် စာကောင်းကောင်း တတ်မြောက်မှု မရှိတာ၊ အရည်အချင်း မရှိတာ၊ အလယ်တန်း အဆင့်အထိ ကျရှုံးသူ မရှိ အ အောင်ပေးတဲ့ “စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးရေး စနစ်” ဆက်ပြီး ကျင့်သုံးနေတာ၊ အထက်တန်းကစ သင်ရိုးတွေ အားလုံးကို အင်္ဂလိပ်စာနဲ့ပဲ သင်ကြားစေတာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

မြန်မာ့ပညာရေး စမ်းသပ်မှာလား ပြောင်းမှာလား
please wait

No media source currently available

0:00 0:05:39 0:00
တိုက်ရိုက် လင့်ခ်

ဥပမာအားဖြင့် အလယ်တန်း အဆင့်ထိ ကျရှုံးသူမရှိ အတန်းတင်ပေးရေး စနစ် ကျင့်သုံးနေတာကြောင့် ကျောင်းသား ကျောင်းသူတွေဟာ သူ့ သက်ဆိုင်ရာ အတန်းရဲ့ သင်ရိုးတွေကို တတ်မြောက်သည် ဖြစ်စေ၊ မတတ်မြောက်သည်ဖြစ်စေ၊ သက်ဆိုင်ရာ ဆရာတွေက တာဝန်ယူစရာ မလိုတော့ပါဘူး။ ဒီလိုနည်းနဲ့ တစ်တန်းပြီး တစ်တန်းတက်၊ စာကောင်းကောင်း မတတ်ရင်လည်း လက်ခံရတဲ့ ဆရာ ဆရာမတွေက ဘာမှ လုပ်လို့ ကိုင်လို့ မရ၊ နောက် တစ်တန်း ထပ်ပြီး တင်ပေးလိုက်ရ၊ ဒီလိုနည်းနဲ့ ကျောင်းသားတွေဟာ အလယ်တန်း အောင်သူတွေ ဖြစ်လာကြတာပါ။

အထက်တန်း ရောက်တော့ ပြဿနာက အကြီးအကျယ် ပိုဆိုးသွားစေပါတယ်။ စာကောင်းကောင်း မတတ်တဲ့ ကလေးတွေဟာ မြန်မာစာ၊ ဘောဂဗေဒ၊ ပထဝီ သမိုင်း ပါတဲ့ ဝိဇ္ဇာဘာသာတွဲက လွဲရင် ဘာသာရပ် အားလုံးကို အင်္ဂလိပ်လို သင်ရတော့တာပါပဲ။ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ သင်္ချာ အားလုံး အင်္ဂလိပ်လို သင်ရတာပါ။ သင်ပေးတဲ့ ဆရာ ဆရာမတွေကိုယ်တိုင် အင်္ဂလိပ်လို ကောင်းကောင်း မတတ်တာမို့ ကျောင်းသားတွေကို အင်္ဂလိပ်ဘာသာနဲ့ ဘာသာရပ်တွေကို တတ်မြောက်အောင် သင်ကြားပေးနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မကျတဲ့ အဲဒီ စနစ်နဲ့ပဲ ကျောင်းသူကျောင်းသားတွေဟာ ဘာသာရပ်ဆိုင်ရာ အားလုံးကို ဘာတစ်ခုမှ နားမလည်ပဲ အလွတ်ကျက်၊ ဆရာတွေကလည်း ဘသာရပ် တစ်ခုကို တတ်မြောက်အောင် သင်မယ့်အစား ဘာလေးတွေ ကျက်လိုက်ရင် စာမေးပွဲမှာ အောင်မှတ်တော့ ရနိုင်တယ် ဆိုပြီး စာမေးပွဲ ဖြေနည်း သင်ပေးတဲ့ စနစ်နဲ့ သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တက္ကသိုလ်ဝင်တန်းကို အောင်သာ အောင်လာကြရ၊ ဘာစာမှ မတတ်မြောက်သူတွေ ဖြစ်လာတာ လုံး၀ မဆန်းပါဘူး။

အခု ပညာရေး အာဏာပိုင်တွေဟာ အဲဒီ စနစ်ကို ပြင်ဖို့ ဟိုအရင် စနစ်ဟောင်းတုန်းက အတိုင်း ၄ တန်းနဲ့ ၈ တန်း အဆင့်ကို မြို့နယ်စစ်၊ ခရိုင်စစ်နဲ့ စာမေးပွဲတွေ စစ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် လက်တွေ့တော့ အကောင်အထည် ပေါ်မလာသေးပါဘူး။ လက်ရှိ အခြေခံပညာ အထက်တန်းက ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ကို မြန်မာလို သင်ရိုးတွေ ပြန်ရေး၊ မြန်မာလို ပြန်သင်ကြားဖို့ လုပ်လာတာကလည်း အဲဒီ ပြဿနာကို ကုစားဖို့ ဖြစ်နိုင်ပါတယ်။ ဒီလို ပြောင်းလဲခြင်းအားဖြင့် ဆရာတွေဟာ လက်ရှိ အခြေအနေထက် ပိုပြီး ပိုင်ပိုင်နိုင်နိုင် သင်ကြားလာနိုင်မှာ ဖြစ်သလို ကျောင်းသားတွေလည်း ဘာသာရပ်ဆိုင်ရာကို တကယ် တတ်မြောက်လာနိုင်ပါတယ်။ ဒါပေမယ့် အဲလို သင်ကြားတာကို တက္ကသိုလ် အဆင့်နဲ့ ဘယ်လို ချိတ်ဆက်မလဲ ဆိုတဲ့ဲ ပြဿနာက ရှိနေပါသေးတယ်။

တကယ်တော့ မြန်မာ့ပညာရေးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမကြီး ဒေါက်တာ မြင့်မြင့်ခင် ပြောသလိုပဲ ဗုန်းဗုန်းကျ ပျက်စီးနေလေတော့ ဟိုနားနည်းနည်းပြင် ဒီနားနည်းနည်းပြင် လုပ်လို့ ရတာမျိုးတော့ မဟုတ်ပါဘူး။ အမြစ်ကစ မြေလှန်ပြောင်းလဲ ပြင်ဆင်ရမှာပါ။ ဒီလို ပြင်ဆင်ရာမှာ ရေရှည် အတွက် ပြင်တာတွေနဲ့ ရေတို အတွက် ပြင်ရမှာတွေရယ် ဆိုပြီး စနစ်တကျ စီမံကိန်း ရေးဆွဲဖို့ လိုပါတယ်။ ရေရှည် ပြင်ဖို့ ဆိုတာကတော့ ပညာရေးကို တိုင်းပြည်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တွေနဲ့ တိတိကျကျ ချိတ်ဆက်ပေး၊ တိတိကျကျ ဖြည့်တင်းပေးနိုင်ဖို့ပါ။ နိုင်ငံက ဘယ်အဆင့် ရောက်နေသလဲ၊ နိုင်ငံမှာ ဘယ်လို အလုပ်အကိုင်တွေ လိုအပ်နေသလဲ၊ အဲဒီ အလုပ်အကိုင်တွေအတွက် ဘယ်လို ဘာသာရပ်တွေ တတ်မြောက်တဲ့ ပညာတတ်တွေ လိုချင်သလဲ ဆိုပြီး စနစ်တကျ စီမံကိန်းရေးဆွဲပြီး မွေးထုတ်ဖို့ပါ။

ဒုတိယ ကတော့ မြန်မာ့ပညာရေးကို နိုင်ငံတကာ ပညာရေးနဲ့ ချိတ်ဆက်ဖို့ပါ။ မြန်မာနိုင်ငံမှာ အလယ်တန်းအောင်ရင် နိုင်ငံတကာမှာ အထက်တန်း အဆင့် သွားတက်နိုင်အောင်၊ မြန်မာနိုင်ငံမှာ အထက်တန်းအောင်ရင် နိုင်ငံတကာက တက္ကသိုလ်တွေ တက်ခွင့်ရအောင် အဆင့်အထိ ရည်မှန်းချက်ထား အကောင်အထည် ဖော်ဖို့ လိုပါတယ်။ ဒါက ရေရှည် အတွက်ပါ။ ရေတိုအတွက်ကတော့ လက်ရှိ ပညာရေး ဌာနက ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသလို ကျောင်းသားတွေဟာ ကိုယ်ရောက်တဲ့ အတန်းအလိုက် စာတတ်မြောက်မှု ရှိရအောင် စာမေးပွဲ စနစ် ပြန်ပြီး ကျင့်သုံးစေတာ၊ အထက်တန်း အဆင့် သိပ္ပံ ဘာသာတွဲတွေကို မြန်မာလို သင်ရိုး ပြန်ပြုစုပြီး မြန်မာလို သင်တာ၊ ဆရာ ဆရာမတွေ အရည်အချင်းမြှင့်တင်တာ၊ ဆရာအင်အားထဲမှာ အရည်အချင်းရှိတဲ့ ဆရာဆရာမတွေနဲ့ တဖြေးဖြေး အစားထိုး လဲလှယ်သွားတာ၊ စာမေးပွဲ စနစ် ပြုပြင်ပြောင်းလဲတာ စတာတွေ လုပ်ဖို့ လိုပါတယ်။

ဒါတွေကို လုပ်တဲ့အခါ အရင် ခေတ်အဆက်ဆက်က လုပ်ခဲ့သလို မကြာခဏ စမ်းသပ်တာမျိုး မဟုတ်ပဲ တကယ့် ရေရှည် စီမံကိန်းကြီးကို အထောက်အကူ ဖြစ်အောင် ပြုပြင်ပြောင်းလဲ အကောင်အထည် ဖော်တာမျိုး လုပ်ဖို့ လိုပါတယ်။ ဒါမှသာ တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးတဲ့ ပညာရေး စနစ်ဟာ အဓိပ္ပာယ်ရှိတဲ့ ပညာရေးစနစ် အဖြစ် ပေါ်ထွန်းလာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG