သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအဲန်ယူ၊ သူဖြူရင် ကိုယ်မဲနေကြတာ ကောင်းသလား

Gen. Mutu Say Poe, chairman of the Karen National Union (KNU), speaks on behalf of armed ethnic rebel groups during three days of talks with government peace negotiators that kicked off Monday, Nov. 4, 2013, in Myitkyina, the capital of Kachin State, Myan
1/15 Gen. Mutu Say Poe, chairman of the Karen National Union (KNU), speaks on behalf of armed ethnic rebel groups during three days of talks with government peace negotiators that kicked off Monday, Nov. 4, 2013, in Myitkyina, the capital of Kachin State, Myan
အသေးစိတ် ဖတ်ရှုရန် Show less
Gen. Mutu Say Poe, chairman of the Karen National Union (KNU), speaks on behalf of armed ethnic rebel groups during three days of talks with government peace negotiators that kicked off Monday, Nov. 4, 2013, in Myitkyina, the capital of Kachin State, Myan
2/15 Gen. Mutu Say Poe, chairman of the Karen National Union (KNU), speaks on behalf of armed ethnic rebel groups during three days of talks with government peace negotiators that kicked off Monday, Nov. 4, 2013, in Myitkyina, the capital of Kachin State, Myan
အသေးစိတ် ဖတ်ရှုရန် Show less
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဂျူလိုင်လကုန်ပိုင်းက NCCT အစည်းအဝေးတက်ရောက်နေစဉ်။
3/15 KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဂျူလိုင်လကုန်ပိုင်းက NCCT အစည်းအဝေးတက်ရောက်နေစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
 KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီရဲ့  ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ- အောင်ရဲမောင်မောင်(VOA)
4/15 KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီရဲ့ ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ- အောင်ရဲမောင်မောင်(VOA)
အသေးစိတ် ဖတ်ရှုရန် Show less
myanmar ethnic armed group meeting for the 4th day at KNU head quarter, laywah, January 23rd, 2014 (Photo by Khin Maung Win AP))
5/15 myanmar ethnic armed group meeting for the 4th day at KNU head quarter, laywah, January 23rd, 2014 (Photo by Khin Maung Win AP))
အသေးစိတ် ဖတ်ရှုရန် Show less
Min Aung Hlaing
6/15 Min Aung Hlaing
အသေးစိတ် ဖတ်ရှုရန် Show less
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ။ (မတ် ၇၊ ၂၀၁၄) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖ
7/15 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ။ (မတ် ၇၊ ၂၀၁၄) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖ
အသေးစိတ် ဖတ်ရှုရန် Show less
KNU and president Thein Sein met. (Photo by Hla Maung Shwe, January 05, 2014)
8/15 KNU and president Thein Sein met. (Photo by Hla Maung Shwe, January 05, 2014)
အသေးစိတ် ဖတ်ရှုရန် Show less
NCCT meeting and KNU leader Mu Too Sayphaw (Photo by Moe Zaw-VOA)
9/15 NCCT meeting and KNU leader Mu Too Sayphaw (Photo by Moe Zaw-VOA)
အသေးစိတ် ဖတ်ရှုရန် Show less
Min Aung Hlaing
10/15 Min Aung Hlaing
အသေးစိတ် ဖတ်ရှုရန် Show less
Min Aung Hlaing
11/15 Min Aung Hlaing
အသေးစိတ် ဖတ်ရှုရန် Show less
Thein Sein
12/15 Thein Sein
အသေးစိတ် ဖတ်ရှုရန် Show less
Thein Sein
13/15 Thein Sein
အသေးစိတ် ဖတ်ရှုရန် Show less
Min Aung Hlaing
14/15 Min Aung Hlaing
အသေးစိတ် ဖတ်ရှုရန် Show less
Zawng Hra, second from right, chairman of the Kachin Independence Organization (KIO), Gen. Mutu Say Poe, right, chairman of the Karen National Union (KNU), and Lt Gen. N Ban La, left, of the United Nationalities Federal Council, attend a conference with r
15/15 Zawng Hra, second from right, chairman of the Kachin Independence Organization (KIO), Gen. Mutu Say Poe, right, chairman of the Karen National Union (KNU), and Lt Gen. N Ban La, left, of the United Nationalities Federal Council, attend a conference with r
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ လို့ခေါ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ပေါင်းစု ညီလာခံ ကနေ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ထွက်ခွာခဲ့တဲ့ ပြဿနာက စ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြဿနာတိုင်းမှာ ကေအဲန်ယူ အဖွဲ့အစည်းအတွင်း သဘောထား ကွဲပြားမှုတွေ တစ်ခုပြီး တစ်ခု တွေ့မြင်လာကြရပါတယ်။ ဘယ်လို ပြဿနာမျိုးတွေလဲ၊ သဘောထား ကွဲပြားမှုတွေကို ဘယ်လို ထင်ဟပ်နေသလဲ၊ ကေအဲန်ယူ အဖွဲ့အစည်းကြီး ဒီလိုပဲ ဆက်သွားသင့်သလား၊ ဘာတွေ ဆက်လုပ်သင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း UNFC တပ်ပေါင်းစုထဲမှာ အင်အားကြီး နှစ်ဖွဲ့ဖြစ်တဲ့ ကေအိုင်အို ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့နဲ့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းရုံးတို့ရဲ့ မူဝါဒ သဘောထား နှစ်ခု ထိပ်တိုက် တိုးကြပါတယ်။ တပ်ပေါင်းစု ဥက္ကဌရာထူးရယူထားတဲ့ ကေအိုင်အို က UNFC ကို ကျစ်ကျစ်လစ်လစ် ဗဟိုချုပ်ကိုင်မှုရှိတဲ့ အဖွဲ့အစည်းအဖြစ် ပုံဖော်လိုပြီး ကေအဲန်ယူ အဖွဲ့ဘက်ကတော့ တပ်ပေါင်းစုထက် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ဖို့ စဉ်းစားသင့်တယ် ဆိုပြီး ပြုပြင်မှုလုပ်ဖို့ အကြံပြုတင်ပြပါတယ်။ ဒါပေမယ့် ကေအိုင်အိုနဲ့ အဖွဲ့ဝင် အများစုက လက်ခံခြင်း မရှိပါဘူး။

ကေအဲန်ယူ၊ သူဖြူရင် ကိုယ်မဲနေကြတာ ကောင်းသလား
please wait

No media source currently available

0:00 0:05:45 0:00
တိုက်ရိုက် လင့်ခ်

တပ်ပေါင်းစုထဲမှာ ကေအဲန်ယူ နဲ့ ကေအိုင်အို ခုလို ဖွဲ့စည်းပုံ ကိစ္စ တစ်ခုတည်း သဘောထားကွဲတာတော့ မဟုတ်ပါဘူး။ UNFC ရဲ့ တပ်ပေါင်းစု တိုးချဲ့ရေး၊ တြစ်ပည်လုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာတွေမှာလည်း သဘောထား ကွဲခဲ့ကြပါသေးတယ်။ ဒီလို သဘောထား မတူညီမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကေအဲန်ယူ အဖွဲ့ဟာ ချင်းမိုင် ညီလာခံကို အဓိက ခေါင်းဆောင်တွေ ဖြစ်တဲ့ ဥက္ကဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း တို့ ကိုယ်တိုင် သွားတက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး တင်ပြချက်တွေ အကောင်အထည် ပေါ်လာမတဲ့အောက်မှာ ကေအဲန်ယူ ကိုယ်စားလှယ်တွေ ညီလာခံထဲက ထွက်ခွာခဲ့သည် အထိ ဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေထိတော့ ပြဿနာ မရှိသေးပါဘူး။ ပြဿနာ က နောက်ပိုင်းမှာ စ ပါတယ်။

ညီလာခံက ထွက်ခွာခဲ့ပြီးတဲ့နောက် ဥက္ကဌ စောမူတူးစေးဖိုးက ကေအဲန်ယူ အနေနဲ့ UNFC အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ယာယီ ရပ်ဆိုင်းထားမယ် ဆိုပြီး အကြောင်းကြားစာ ရေးသားပေးပို့ပါတယ်။ ဥက္ကဌ ရဲ့ စာနဲ့ မရှေးမနှောင်းပဲ ဒုဥက္ကဌ နော်စီဖိုးရာစိန်ကလည်း စာတစ်စောင် ရေးပို့ပြန်ပါတယ်။ သူ့စာထဲမှာတော့ UNFC ညီလာခံကို တင်သွင်းခဲ့တဲ့ KNU ကိုယ်စားလှယ်တွေရဲ့ သဘောထား မတူညီခြင်းနဲ့ ဖက်ဒရယ် ကောင်စီဝင် ကိုယ်စားလှယ် ရွေးချယ်ပေးပို့နိုင်ခြင်း မရှိခဲ့တဲ့အပေါ် KNU အတွင်း ပြန်လည် ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ ညီလာခံ နှောင့်နှေးကြန့်ကြာမှု ဖြစ်သွားရတဲ့ အပေါ် KNU ကိုယ်စား တောင်းပန် တယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ နော်စီဖိုးရာစိန်ရဲ့ အဲဒီစာဟာ ကေအဲန်ယူ ခေါင်းဆောင်ပိုင်းအတွင်း သဘောထား ကွဲပြားမှုတွေ ရှိနေတယ်ဆိုတာကို လူသိထင်ရှား ထုတ်ဖော်ပြောလိုက်တဲ့ သဘောပါပဲ။ ဒါကြောင့်လည်း တိုင်းရင်းသား ခေါင်းဆောင်တစ်ချို့က ကေအဲန်ယူ အနေနဲ့ UNFC အဖွဲ့ထဲက ထွက်သွားတာဟာ တကယ့် ကေအဲန်ယူ တစ်ဖွဲ့လုံးရဲ့ သဘောထား ဟုတ်ချင်မှဟုတ်မယ်၊ သူတို့ ဗဟိုကော်မတီ ပြန်ဆွေးနွေးပြီးရင် အဖြေမှန်သိရလိမ့်မယ် ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါဟာ ကေအဲန်ယူ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားသမှု မရှိတော့တဲ့ သဘောလည်း သက်ရောက်ပါတယ်။

နောက်ပြဿနာ တစ်ခုကတော့ အရင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှာ ပါဝင်ခဲ့ဖူးတဲ့ ရဲဘော်ခင်ကျော် နဲ့ အဖွဲ့ဝင် တစ်ချို့ ပြည်ထောင်စု ကာကွယ်ရေးတပ် ABSDF (UNRA) ဆိုပြီး ခွဲထွက် တည်ထောင်လိုက်တဲ့ ကိစ္စပါ။ ဒီအဖွဲ့ကို လက်ခံထားတာဟာ ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေထဲမှာပါ။ ပြောရရင် ကေအဲန်ယူ တပ်မဟာ (၅) တပ်မဟာမှူးရဲ့ သဘာတူညီချက် နဲ့ အားပေးအားမြှောက်ပြုမှု မရှိရင် ဒီအဖွဲ့ တည်ထောင်လို့ရမှာ မဟုတ်ပါဘူး။ တကယ်ဆို ABSDF ဗဟို အဖွဲ့ကို ကေအဲန်ယူ အဖွဲ့ကြီးရဲ့နယ်မြေထဲမှာ လက်ခံထားတာပါ။ ဒီလို လက်ခံထားတဲ့ကြားက မဟာမိတ် တပ်ဖွဲ့ထဲက အုပ်စု တစ်ခု ခွဲထွက်တာကို အားပေးလိုက်တယ် ဆိုကတည်းက ကေအဲန်ယူ ဗဟိုနဲ့ တပ်မဟာ (၅) သဘောထား တိုက်ဆိုင်မှု မရှိဘူး ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သလို အကွဲအပြဲကို ဖော်ပြတဲ့ ရပ်တည်ချက် တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ထပ် မြင်ရတဲ့ ပြသနာတစ်ခုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထွက်ပေါ်လာတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN ရဲ့ ကြေငြာချက်ပါ။ ဒီကြေငြာချက်ကတော့ နည်းနည်း ထူးဆန်းနေပါတယ်။ ကြေငြာချက်ထဲမှာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က အဆိုပြုထားတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က စီမံကိန်းတွေဟာ အားနည်းချက်တွေရှိနေတယ်၊ စီမံကိန်းကို လုပ်တာ စောနေသေးတယ်၊ ဒီအတွက် စီမံကိန်းတွေဟာ ငြိမ်းချမ်းရေးကို အထောက်အကူပြုမယ့် အစား ပဋိပက္ခကို အားပေးရာ ရောက်မယ် လို့ ဆိုပြီး ကန့်ကွက်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ရန်ကုန်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကွန်ယက်တာဝန်ရှိသူတွေဖြစ်တဲ့ ဒေါ်စူစန်နာလှလှစိုးနဲ့ စောကျော်စွာတို့က ဒီ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ ဒေသခံတွေနဲ့ တိုင်ပင်တာ မရှိဘူး၊ ကေအဲန်ယူ အဖွဲ့ကြီးနဲ့ ညှိနှိုင်းတာ မရှိဘူး၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတွေကပဲ ဂျိုက်ကာနဲ့ ပူးပေါင်း အကောင်အထည် ဖော်နေတာ ဖြစ်တယ်၊ ဒီ စီမံကိန်းတွေ ကိစ္စ ကေအဲန်ယူ အဖွဲ့ကြီးနဲ့ ပေါင်းပြီး ကန့်ကွက်သွားဖို့ ဒုဥက္ကဌ နော်စီဖိုးရာစိန်နဲ့လည်း ဆွေးနွေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သိပ်မကြာသေးခင် သြဂုတ်လ ထဲမှာပဲ ကေအဲန်ယူ တပ်မဟာ(၄) ခုနဲ့ ခရိုင် (၄) ခုက ခေါင်းဆောင်တွေ ရန်ကုန်လာပြီး ဂျိုက်ကာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားခဲ့တဲ့ ဖြစ်စဉ်ကလည်း ရှိနေပြန်ပါတယ်။ ပြောရရင် လက်ရှိ ကေအဲန်ယူ အဖွဲ့ထဲမှာ ဂျိုက်ကာရဲ့ စီမံကိန်းကို လက်ခံတဲ့ တပ်မဟာတွေ ခရိုင်တွေ ရှိသလို လက်မခံတဲ့ တပ်မဟာတွေ ခရိုင်တွေလည်း ရှိနေတယ် ဆိုတဲ့ သဘော သွားသက်ရောက်ပါတယ်။ ပြောရရင် ပေါ်လာတဲ့ ပြသနာတိုင်းဟာ ကေအဲန်ယူ ထဲမှာ သဘောထား ကွဲပြားနေတာတွေကို ထင်ဟပ်စေပါတယ်။ ဒီလို သဘောထားတွေ ကွဲပြားနေခြင်းအားဖြင့် ကေအဲန်ယူကို အင်အားချိနဲ့တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ပုံရိပ် ကျဆင်းစေပါတယ်။ အစိုးရ အပါအဝင် အခြား တိုင်းရင်းသား အင်အားစု အသီးသီးရဲ့ လေးစားမှုကို မခံရရုံမက အထင်အမြင်သေးခြင်း ကိုတောင် ခံနေရပြီဖြစ်ပါတယ်။ ဒီအတွက် ကေအဲန်ယူ ခေါင်းဆောင်ပိုင်း အနေနဲ့ တကယ် အနှစ်သာရရှိတဲ့ ညီညွတ်ရေးကို ပြန်တည်ဆောက်ဖို့ အဲဒီကမှ တဆင့် ကရင်တစ်မျိုးသားလုံး ကောင်းစာရေး အကောင်အထည် ဖော်ကြဖို့ အချိန်ရောက်ပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG