သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်စစ်ပွဲ နိုင်ငံရေး အရှုံးအမြတ် ဘယ်လို ရှိမလဲ


TNLA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- TNLA News & Information Department)
TNLA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- TNLA News & Information Department)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစ KIA ကချင်လွတ်လပ်ရေး တပ်မတော် ဦးဆောင် တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်နဲ့ ကွတ်ခိုင် ဧရိယာကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့လို့လည်းခေါ်ကြတဲ့ အဲဒီ လက်နက် ကိုင်အဖွဲ့တွေဟာ တပ်မတော် တပ်စခန်းတွေ၊ ရဲကင်းစခန်းတွေကို တိုက်ခိုက်ကြ ရုံမက မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုံကိုပါ ပစ်မှတ်ထားတိုက်ခိုက်ပြီး လမ်းတံ တားတွေကိုလည်း ချိုးဖျက်တာ တွေ့ကြရပါတယ်။ ဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းအဖွဲ့ လေးဖွဲ့က သူတို့နယ်မြေတွေထဲမှာ တပ်မတော်က ထိုးစစ်တွေ ဆင်နွဲှနေတယ်၊ ဒါကို သတိပြုမိစေဖို့ အခုလို မြို့တွေ ပြတွေကို ဝင်ရောက် တိုက် ခိုက်ပြရတာ ဖြစ်တယ်လို့ ကြေငြာချက် ထုတ်သလို၊ ကေအိုင်အေ တပ်ဖွဲ့က လည်း ကန့်သတ်စစ်ပွဲဆင်နွဲှရတာပါလို့ ကြေငြာပါတယ်။ KIA ဦးဆောင်တဲ့ ဒီ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ ဘာကိုလိုချင်လို့ အခုလို တိုက်ပွဲဆင်နွဲှရတာပါလဲ၊ ဒီ တိုက်ပွဲတွေကြောင့် သူတို့ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်စေမှာလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်တွေ အရ လက်ရှိ ကေအိုင်အေ၊ ကိုးကန့်နဲ့ တအာန်းပလောင်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာ တပ်မတော် တပ်စခန်း တစ်ချို့နဲ့ ရဲကင်းစခန်း တစ်ချို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ အချိန်ထိ ကြီးကြီးမားမား တပ်မတော် စခန်းတွေကို သိမ်းပိုက် ရယူသွားတာမျိုး၊ နယ်မြေ တစ်ခုကို တိုက်ခိုက် သိမ်းပိုက်မိတာမျိုး မတွေ့ရပါဘူး။ လက်ရှိ ကန့်သတ်စစ် ဆင်နွဲှပါတယ်ဆိုတဲ့ အဖွဲ့တွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ နယ်စပ် ကုန်သွယ်ရေး ပြတ်တောက်သွားစေဖို့နဲ့ နယ်စပ်က ပြည်သူတွေရဲ့ ကူးသန်းသွားလာရေး ခက်ခဲသွားစေဖို့ ရည်ရွယ်ပုံရပါတယ်။ ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ပါတယ်။ လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်က တံတားတွေနဲ့ အခြား တံတားတွေကို ဖျက်ဆီးဖို့ ကြိုးစားပါတယ်။ လမ်းမှာ ဖြစ်သန်းသွားလာတဲ့ ကားတွေ တွေ့ရင် ပစ်ခတ် တိုက်ခိုက်တာ၊ လူတွေကို ကားပေါ်က ဆင်းစေပြီး ကားတွေကို မီးရှို့ဖျက် ဆီးပစ်တာ စတာတွေ လုပ်ပါတယ်။ ဒီလို လုပ်တဲ့အတွက်လည်း တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေတင်မက ပြည်သူတစ်ချို့ပါ သေကြေဒါဏ်ရာရပါတယ်။

တိုက်ပွဲတွေကြောင့် လတ်တလော မန္တလေးနဲ့ တရုတ်နယ်စပ် မူဆယ် ကုန်စည်ကူး သန်းမှု ရပ်တန့်သွားခဲ့သလို နယ်စပ်နေ ပြည်သူတွေလည်း တနေရာကနေ တနေရာ မသွားရဲ မလာရဲ ဖြစ်ကုန်ပါတယ်။ တိုင်းရင်းသားတစ်ချို့ ကိုယ့်ရပ်ရွာ ကိုယ် မနေနိုင် ပဲ မူဆယ်လို မြို့တွေဆီ ဒုက္ခသည်တွေ အနေနဲ့ ရောက်ရှိလာကြပါတယ်။ တချို့တွေ ကတော့ တရုတ်နိုင်ငံဘက် ပြေးဝင် ခိုလှုံကြပါတယ်။ ပြောရရင် ဒီ ကန့်သတ်စစ် ဆို တာကြောင့် တပ်မတော်ဘက်ကို ဒီလောက် ထိထိခိုက်ခိုက် မရှိပေမယ့် သာမန် ကုန်သည်ပွဲစား ပြည်သူ အများနဲ့ ဒေသခံ တိုင်းရင်းသားတွေ အကြီးအကျယ် ထိခိုက်နစ်နာမှု ရှိသွားစေတာပါ။

တိုက်ပွဲကြောင့် အဓိက အကြပ်အတည်းဖြစ်ပေါ်စေတာကတော့ ပူပူနွေးနွေး (၈) လသား အရွယ် အင်န်အယ်လ်ဒီ အစိုးရပါ။ တိုင်းပြည်မှာ စီးပွားရေး က လေး လံနှေးကွေးနေ၊ အရင် အစိုးရခေတ်တွေကထက် ဘ၀ အခြေအနေ ထူးခြားမ လာသေးတဲ့ လယ်သမား၊ အလုပ်သမားနဲ့ အောက်ခြေ လူတန်းစားတွေကလည်း ဆန္ဒပြပွဲတွေ တခြိမ့်ခြိမ့် ဆင်နွဲှ၊ ရခိုင်ပြည်နယ်မှာလည်း မူဆလင်တွေရဲ့ အကြမ်း ဖက် ဆန့်ကျင် အုံကြွမှုနဲ့ ရင်ဆိုင်နေရချိန် အခု ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ စီးပွားရေး အသက်သွေးကြောလို ဖြစ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက် နစ်နာစေတဲ့ တိုက်ပွဲတွေကို ကြုံဆုံရတာ ဖြစ်ပါတယ်။

ပြောရရင် ကေအိုင်အေနဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုဟာ တပ်မတော် ဘက်ကို ဖိအားပေးသလို မဖြစ်စေ ပဲ ပြည်သူလူ ထု ရွေးကောက် တင်မြှောက်လိုက် တဲ့၊ ငြိမ်းချမ်းရေး ရဖို့ကိုလည်း အားကြိုးမာန် တက် ဆောင်ရွက်နေ တဲ့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရကိုပဲ အကြပ်အတည်း တွေ့စေ တာပါ။ တိုင်းပြည်မှာ တည်ငြိမ်မှု မရှိရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်၊ အဲလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မလုပ်နိုင်ရင် အင်န်အယ်လ်ဒီ အစိုးရ တည်ြ ငိမ်ရေးကို ထိခိုက်နိုင်ပါတယ်။ တစ်နည်းအားဖြင့် အရပ်သား အစိုးရရဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အကြီးအကျယ် ထိခိုက်နစ်နာစေနိုင်ပါတယ်။

နောက်ပြသနာ တစ်ခုက တိုက်ပွဲတွေဟာ တပ်မတော်ကို ဖိအား မပေးနိုင်ရုံမက တိုင်းပြည်မှာ တပ်မတော် အရေးပါကြောင်း အကြောင်းပြချက် ဖြစ်သွားစေမယ့် ကိစ္စပါ။ တပ်မတော် အနေနဲ့ စစ်အင်တား တောင့်တင်းအောင် လုပ်ဖို့၊ စစ်ရေး ဘတ်ဂျက် ပိုပြီးသုံးဖို့ လိုတယ် ဆိုတဲ့ အကြောင်းပြချက်ကောင်း ရရှိသွားစေမှာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို သွား ဖို့၊ နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျော့ချဖို့ လိုအပ်တယ်လို့ တိုင်းရင်း သားလက်နက်ကိုင်တွေဘက်က ယူဆတယ် ဆိုရင်ဖြင့် အခု တိုက်ပွဲတွေဟာ အဲဒီ ရည်မှန်းချက်ကို ပြောင်းပြန် အကျိုးသက်ရောက်မှုသာ ပေးပါလိမ့်မယ်။

ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ သူတို့ရဲ့ ရည်မှန်း ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် ပုန်ကန် တိုက်ခိုက်နေရတာပါ ဆိုရင် ဒါကို ကိုယ့်မျိုးနွယ်တူ တိုင်းရင်းသားတွေတင်မက အခြား တိုင်းရင်းသားတွေနဲ့ ပြည်သူအားလုံးကပါ ယုံကြည် ထောက်ခံမှုရဖို့ လိုပါတယ်။ အခု မူဆယ် ဧရိယာက တိုက် ပွဲတွေေ ကြာင့် ဒေသခံ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ကျဆင်းသွားစေ ပါလိမ့်မယ်။ အထူးသဖြင့် နယ်စပ် ကုန်သွယ်စီးပွားရေး လမ်းကြောင်းကိုမီပြီး အသက်မွေး ဝမ်းကျောင်း လုပ်နေကြတဲ့ သိန်းနဲ့သန်းနဲ့ချီတဲ့ ပြည်သူလူထုကြီးရဲ့ မနှစ်မြို့ မထောက်ခံတဲ့ ဒါဏ်ကို ခံရပါလိမ့်မယ်။

ဒီလောက်လား ဆိုတော့ မကသေးပါဘူး။ လက်နက်ကိုင် တိုင်းရင်း သားတွေ ဟာ ရေရှည်မှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို သွားချင်ပါတယ် ဆိုရင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်တာမျိုး၊ အင်န်အယ်လ်ဒီ အစိုးရရဲ့ ထောက်ခံမှု ရအောင် လုပ်တာမျိုး အကောင် အထည် ဖော်ရပါမယ်။ အခု တိုက်ပွဲတွေနဲ့ ပတ်သက် လို့ကေ တာ့ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် လက်မခံပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ တစ်ချို့အပေါ် ယုံကြည်မှု ကင်းမဲ့စေပါတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

နောက်ထပ် အရေးကြီးတာတစ်ခုက တိုက်ပွဲတွေအပေါ် နိုင်ငံတကာရဲ့ အမြင်ပါ။ လက်ရှိ တရုတ်အစိုးရကလည်း အခု တိုက်ပွဲတွေကို မထောက်ခံ ပါဘူး။ နိုင် ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းငြိမ်းချမ်း ချမ်း ဖြေရှင်း ဖို့ တောင်းဆိုနေ သလို၊ ပြသနာ အရပ်ရပ်အတွက် အစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေ တာကိုလည်း တွေ့ကြရမှာပါ။ အခြေအနေ အရပ်ရပ် ကို ခြုံငုံသုံး သပ်ကြည့် ရင် ကေအိုင်အေ ဦးဆောင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ချို့ရဲ့ တရုတ်နယ်စပ်မှာ ဆင်နွဲှနေတဲ့ ကန့်သတ်စစ်ပွဲ ဆိုတာဟာ တိုင်းရင်းသားတွေ တကယ်လိုလားပါတယ် ဆိုတဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး အတွက် ကောင်းကျိုး မပေးရုံ သာမက နိုင်ငံရေးအရ အမြတ်မထွက် အရှုံးသာပေါ်မယ့် လုပ်ရပ်မျိုး သာ ဖြစ်နိုင် ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG