ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ ပွင့်လင်းမှု အစကနဦးကာလ နိုင်ငံတကာမှာ တွေ့ကြုံရစမြဲပြဿနာတွေ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က ပြောဆိုပါတယ်။ ပွင့်လင်းမှုကို တာဝန်သိမှုနဲ့ ထိန်းချုပ်သွားရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဦးကျော်ဇံသာ နဲ့ Prof. David Steinberg တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Prof. Steinberg … မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်တာနဲ့ ပတ်သက်ပြီးတော့ ပါမောက္ခကို ကျနော် မကြာခဏ မေးမြန်းခဲ့ပါတယ်။ ဒီလို ဘာသာရေးအသွင်ဆောင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခမျိုးကို ကျနော်တို့ တခါမှ မပြောခဲ့ကြဘူးပါဘူး။ ဒီလို ပဋိပက္ခတွေ ဖြစ်ပွားလာတာဟာ မျှော်လင့်မထားဘဲ ရုတ်တရက် ပေါ်ပေါက်လာတယ်လို့ ဆရာကြီး ထင်ပါသလား။
Prof. David Steinberg ။ ။ ဒီလို လူ့အဖွဲ့အစည်းလိုက် ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ သမိုင်းမှာ ရှိခဲ့ပါတယ်။ ကိုလိုနီခေတ်တုန်းက မူစလင်-ဗုဒ္ဓဘာသာ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။ ဗြိတိသျှတို့ စုံစမ်းစစ်ဆေးချက်အရ တချို့ကိစ္စတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ ဒါမျိုးဟာ သမိုင်းနဲ့ချီ ရှိလာခဲ့တာပါ။ ထိုစဉ်တုန်းကတော့ ဒီပြဿနာတွေဟာ စီးပွားရေးအခြေအနေတွေကြောင့် စတင်ခဲ့တာပါ။ မူစလင်အသိုင်းအဝိုင်းဟာ မြန်မာတွေထက် စီးပွားရေအရ ပိုကောင်းနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီနေ့ကိစ္စမှာတော့ နောက်ထပ်ပြဿနာတခု ရှိနေပါတယ်။ အဲဒါကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လာပါတယ်။ ဒီမိုကရေစီဆိုတာ လူတွေကို လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ဆောင်ခွင့် ပေးရပါတယ်။ ဒီအထဲက တချို့ကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိဘဲ၊ ဒီလို အဓိကရုဏ်းတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ ဥပမာပြောရရင် အစိုးရဟောင်းရဲ့ ထိန်းချုပ်ပိတ်ပင်မှုတွေကို လျှော့ပေါ့ပြီး ပြဿနာ စဖြစ်နိုင်တဲ့ကိစ္စကို ဖော်ထုတ်တာတွေ၊ ဆန္ဒပြတဲ့ကိစ္စတွေ၊ ဒါတွေကို ခွင့်ပြုလာတော့ ဒါတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ကိစ္စတွေ ဖြစ်လာစေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာပြည်သူတွေဟာ ဒီလိုထိန်းချုပ်မှု လျှော့ပေးတာနဲ့ မတန်သေးဘူးဆိုတဲ့ သဘောလား။
Prof. David Steinberg ။ ။ ထိုက်တန်ပါတယ်။ ဘာကြောင့် မထိုက်တန်ရမှာလဲ။ ဒါပေမဲ့ တခုရှိတာက လျှော့ပေါ့မှုဆိုတာဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရရှိတာဖြစ်သလို၊ တာဝန်ယူမှုလည်း ဖြစ်တယ်ဆိုတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောလေ့ရှိတဲ့ ဆိုရိုတခုကတော့ ခင်များမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိပါတယ်။ ဒါပေမဲ့ လူတွေပြည့်ကျပ်နေတဲ့ ပြဇာတ်ရုံထဲသွားပြီးတော့ မီးလောင်းနေတယ်ဗျို့လို့ မဟုတ်ဘဲ သွားမအော်လိုက်ပါနဲ့။ လူတွေ အလုအယက် ထွက်ပြေးကြရင် သေကုန်ကြပါလိမ့်မယ်။ ဒါကြောင့် တာဝန်ယူမှုရှိမှုဆိုတာ လိုအပ်လာပါတယ်။ သတင်းစာတချို့က ဖော်ပြတဲ့ လူတချို့ရဲ့ ပြောစကားတွေဟာ ရုန်းရင်ဆန်ခတ် ဖြစ်စေနိုင်တာကို ကျနော်တို့ တွေ့ရပါတယ်။ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ မူစလင်တို့အပေါ် အမြင်စောင်းနေတာကိုလည်း ကံမကောင်း၊ အကြောင်းမလှစွာ တွေ့နေရပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာကျော်ကအဖြစ်မျိုး ဖြစ်နေပါတယ်။ ဒါတွေဟာ ဒီမိုကရေစီ ထွန်းကားရေးအတွက် သိပ်အန္တရာယ်များပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီကိစ္စမျိုးကို ထိထိရောက်ရောက် တန်ပြန်ဆောင်ရွက်သင့်ပါတယ်။ ရေရှည်အနေနဲ့ စာသင်ကျောင်း၊ ပညာရေးစနစ်တွေကို ပြုပြင်သင့်ပါတယ်။ ရေတိုအနေနဲ့ မူစလင်တွေကို အရပ်ဖက်၊ စစ်ဖက်တွေမှာ ထိုက်တန်တဲ့ရာထူးတာဝန် ပေးသင့်ပါတယ်။ ကျနော် သိသလောက် စစ်တပ်ရာထူးကြီးကြီးတွေမှာ မူစလင်တွေ မရှိပါဘူး။ အရပ်ဖက်ရာထူးကြီးကြီးမှာလည်း မရှိကြပါဘူး။ ဟို အရပ်သားအစိုးရလက်ထက်တုန်းကတော့ ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်လည်း ဟိုခေတ်ကို ပြန်ပြီးမေးချင်တာ အဆင်သင့်ပါ။ လွတ်လပ်ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ခေတ်ဦးကာလမှာတုန်းကတော့ တိုင်းပြည်မှာ သဘောထား ကျယ်ပြန့်ခဲ့တယ်လို့ ဆိုရလိမ့်မယ်။ ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းပေါင်းစုံကို လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်၊ နိုင်ငံရေးမှာလည်း ပါဝင်ခွင့်တွေကို တွေ့ရပါတယ်။
Prof. David Steinberg ။ ။ ဟုတ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံသဘောက တိုင်းရင်းသားမခွဲ၊ ဘာသာရေးမခွဲဘဲ လူမှုရေးအရ ဘဝအခြေအနေ တိုးတက်ခွင့် ရရှိစေရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ အဲဒီလို မဖြစ်ပါဘူး။ လူမှုဘဝ တိုးတက်ရေးလမ်းကြောင်းဟူသမျှကို စစ်တပ်က ချုပ်ကိုင်လာခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိဆိုရင် လူမျိုးဘာသာမရွေး တိုးတက်ရေး အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပြန်ဖွင့်ပေးသင့်ပါတယ်။ ဒါကို အစောတလင် လုပ်ရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ အာဏာပိုင်တွေက အပေါ်ကနေပြီး ဖိနှိပ်တဲ့သဘောပေ့ါ။ ပြည်သူလူထုအကြား အချင်းချင်း ဆက်ဆံရေးကြတော့၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကို တွေ့ရပါသလား။
Prof. David Steinberg ။ ။ သေချာပါတယ်။ ရိုဟင်ဂျာတွေအပေါ် ခွဲခြားကြပါတယ်။ ဒါကတော့ ရှင်းပါတယ်။ သူတို့ကို အကြီးအကျယ် ခွဲခြားဆက်ဆံပါတယ်။ သူတို့ကို မြန်မာလို့ မသတ်မှတ်ကြပါဘူး။ ဘင်္ဂလီလို့ သတ်မှတ်ကြပါတယ်။ အင်မတန် liberal ဖြစ်တဲ့ ကျနော့်ရဲ့ ဗမာမိတ်ဆွေတောင်မှ ရိုဟင်ဂျာတွေကို ခွဲခြားပြောဆိုကြပါတယ်။ ဒါကတော့ အဆိုးဆုံးကိစ္စပါ။ ကျန်မြန်မာနိုင်ငံအနံှက မူစလင်တွေကြတော့ သူတို့ဟာ ကုန်သည်တွေ၊ တချို့လည်း ငွေကြေးတတ်နိုင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ကိုကြတော့ သူတို့ဟာ မြန်မာအမျိုးသမီးတွေကို မူစလင်ဇာတ်သွင်းဖို့ ကြိုးစားနေကြတယ်လို့ လွှဲမှားစွာ စွပ်စွဲနေကြတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ စွပ်စွဲချက် မှန်တယ်လို့ ကျနော် မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီလို ပြဿနာဟာ မြန်မာတနိုင်ငံထဲမှာ ရှိတယ်လို့ ဆိုလို့ရမလား။ ကျန်တဲ့နိုင်ငံတွေ ဥရောပမှာလည်း ဒီလို ဘာသာရေးနဲ့ ပတ်သက်တဲ့ အဓိကရုဏ်းတွေ၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာကို ကြားနေရပါတယ်။
Prof. David Steinberg ။ ။ မှန်ပါတယ်။ ခင်များပြောတာ လုံးဝမှန်ပါတယ်။ ဒီလို ခွဲခြားမှုတွေ အများကြီးရှိနေပါတယ်။ တချို့ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိပါတယ်။ ဥရောပမှာ ပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ အာဖရိကမြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းက အလုပ်သမားတွေ သူတို့ဆီမှာ အများအပြား ဝင်လာကြပါတယ်။ လူမှုအဖွဲ့အစည်းတွေကြားမှာ စီးပွားရေးပြဿနာတွေ ပေါ်ပေါက်လာစေပါတယ်။ ဆိုတော့ ဟုတ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ ဒါတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးပါတယ်။ လူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွပ်ဖို့ မဟုတ်ပါဘူး။ လူတွေရဲ့ သဘောထားအမြင်တွေကို ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။ ပြီးတော့ အဓိကရုဏ်းတွေ ပျံ့နံှမသွားရလေအောင် စစ်တပ်ကို သုံးရပါလိမ့်မယ်။ ရဲတပ်ဖွဲ့လောက်နဲ့ မလုံလောက်ပါဘူး။ စစ်တပ်မှာ အောက်ခြေအဆင့်အထိ ဒီ တာဝန်တွေအတွက် လိုအပ်တဲ့ လေ့ကျင့်သင်တန်း ပေးထားတာတွေ ရှိရဲ့လားဆိုတာကို ကျနော် သံသယဖြစ်မိပါတယ်။ ဒီလို လူစုလူဝေးနဲ့ အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းရေးအတွက် အောက်ခြေစစ်တပ်တွေကို ထိထိရောက်ရောက် သင်ပေးထားဖို့လည်း သိပ်အရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက် ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်လို့ ထင်ပါသလဲ။
Prof. David Steinberg ။ ။ ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ ဒီ ပဋိပက္ခတွေဟာ မြန်မာပြည်မကြီးရဲ့ အချက်အခြာနေရာတွေအထိ ပ့ျံနံှသွားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံးကို ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ တကယ့်ကို ပြင်းထန်တဲ့ကိစ္စပါ။ ဒါကြောင့် ဒီလိုဖြစ်မသွားရလေအောင် အစိုးရအနေနဲ့ လုပ်ဆောင်ရပါလိမ့်မယ်။ ဒီ ကိစ္စတွေမှာ သံဃာတွေ မပါဝင်၊ မပတ်သက်အောင် ကြပ်မတ်ပေးဖို့ သံဃာနာယက ဆရာတော်တွေကို လျှောက်ထားကြရပါလိမ့်မယ်။ ပြီးတော့ ဒီ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံအတွက် အကျိုးဆုတ်ယုတ်စေမယ့်ကိစ္စ ဖြစ်တယ်ဆိုတာ လူထုနားလည်းသဘောပေါက်လာအောင် အသိပညာပေးမှုတွေ အဆင့်ဆင့်ကိုလည်း လုပ်ရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဆရာကြီး ပြောသလိုပဲ အခု မိတ္ထီလာဆိုတာ မြန်မာပြည် အလယ်ပိုင်း အချက်အခြာနေရာလို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို မိတ္ထီလာလို နေရာမျိုးမှာကြတော့ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းနဲ့ မူစလင်အသိုင်းအဝိုင်းတို့ဟာ နှစ်ပေါင်းများစွာ အတူယှဉ်တွဲပြီးတော့ နေလာကြတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီလိုလည်း ပြောကြပါတယ်။ ဆိုတော့ အခုဖြစ်လာတဲ့ကိစ္စမှာကြတော့ ဘေးပတ်ဝန်းကျင်က မလိုလားအပ်တဲ့ အမှောင့်ပယောဂတွေ၊ သွေးထိုးလှုံဆော်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒါကို ဘယ်လိုသုံးသပ်မိပါသလဲ။
Prof. David Steinberg ။ ။ ဒီလို တမင်ကြံစည်မှုတွေ ရှိတယ်ဆိုတဲ့ ယူဆချက် conspiratorial theory တွေက အမြဲတမ်း ရှိနေတတ်ပါတယ်။ တကယ့် လက်တွေ့မှာ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာတော့ ဝါရှင်တန်မှာ ရှိနေတဲ့ ကျနော့်အနေနဲ့ တပ်အပ်မသိပါဘူး။ ဒါပေမဲ့ ဒီလို သွေးထိုးလှုံဆော်မှုမျိုး မဖြစ်ကြရလေအောင် သတိထားကြရမှာပါ။ ဒီ ကိစ္စမှာ ကျနော်ကတော့ ဒေသအတွင်း လူ့အဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခ စတင်နိုင်တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အစိုးရဟာ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို ခေါ်ပြီးတော့ သူတို့အချင်းချင်း ထိန်းကြဖို့ကို ပြောကြရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုတာကို နားလည်းအောင် ပြောရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒီ ကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်နေပုံနဲ့ ပတ်သက်လို့ ဘယ်လိုသဘောရပါသလဲ။ နိုင်ငံတကာက လက်ခံနိုင်တဲ့ ကိုင်တွယ်မှုမျိုးလို့ ယူဆပါသလား။
Prof. David Steinberg ။ ။ အဓိကရုဏ်းတွေ၊ လုယက်မှုတွေ ဖြစ်လာရင် ဘယ်အစိုးရတွေရဲ့ ကိုင်တွယ်မှုကိုမဆို နိုင်ငံတကာက ဝေဖန်ကြပါမယ်။ အစိုးရတွေနဲ့အနေနဲ့ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်တဲ့ အနေအထားမှာ မရှိကြပါဘူး။ ဆိုတော့ မြန်မာအစိုးရလည်း ဝေဖန်ခံရမှာပါ။ ဒါပေမဲ့ အခုကိစ္စမှာ ကျနော် ကြားရသလောက် ပြောရရင်တော့ ရဲက ဘာမှမလုပ်ဘူး၊ ရဲက ဘာမှမလုပ်ဘူး။ စစ်တပ်ဝင်လာတော့ အခြေအနေ သက်သာလာတယ်လို့ သိရပါတယ်။ ဒါမျိုးကို ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်အောင် ဘယ်အစိုးရကမှ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ ကျနော့် သဘောကတော့ ဒီပြဿနာဟာ ဘယ်လောက်အကဲဆတ်တယ်။ သမိုင်းနဲ့ချီပြီး အမြစ်တွယ်လာတဲ့ ပြဿနာဆိုတာကို နိုင်ငံတကာက နားလည်းသဘောပေါက်ကြစေချင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် တဆင့်ပြီးတဆင့် အကူအညီပေးကြဖို့နဲ့ တချိန်တည်းမှာ ပြည်သူအားလုံး လုံခြုံမှုရှိအောင် ဆောင်ရွက်ဖို့ ပံ့ပိုးကြစေချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးစရာ ကျန်ပါသေးတယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်တုန်းက အဲဒီနှစ်တွေမှာ ဒီလိုပြဿနာမျိုး လုံးဝမရှိခဲ့ပါဘူး။ ဒါကတော့ နှစ်ဖက်စလုံးကို မလှုပ်မရှားနိုင်အောင် ဖိနှိပ်ထားတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုကြတော့ အဲဒီခေတ်က ပိုပြီးသာတယ်လို့ ဆိုရမလား။
Prof. David Steinberg ။ ။ ဒါပေမဲ့ အဲဒီပုံစံမျိုးဟာ ဘယ်အတွက်မှ နမူနာယူရမယ့်ပုံစံ မဟုတ်ဘူးလို့ ကျနော် ပြောရပါလိမ့်မယ်။ မှန်ပါတယ် … ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမဆို အာဏာရှင်စနစ်က ရုန်းထွက်ပွင့်လင်းလာပြီဆိုရင် အသေးစား အဓိကရုဏ်းတွေ၊ ရာဇဝတ်မှု ထူပြောလာတာတွေကို ပိုတွေ့လာရတာ မကြာခဏပါ။ မြန်မာတနိုင်ငံတည်းမှာတော့ ဖြစ်တာမဟုတ်ပါဘူး။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းရမှာပါ။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တဲ့ မေးခွန်းကတော့ အခု မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီလို ပဋိပက္ခတွေ အဓိကရုဏ်းတွေဟာ ဘယ်ပုံဘယ်နည်းနဲ့ အဆုံးသတ်ပြေလည်သွားမယ်လို့ ယူဆပါသလဲ။
Prof. David Steinberg ။ ။ ဒါဟာ နှေးနှေးကွေးကွေး သွားရမယ့် ဖြစ်စဉ်တရပ်ပါ။ ပထမအနေနဲ့ကတော့ အဓိကရုဏ်း မဖြစ်ပေါ်အောင် ထိန်းသိမ်းထားရမယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ တခုဖြစ်ရင် တနေရာမှာဖြစ်ရင် နောက်ထပ် ကူးစက်ဖြစ်ပွားမှုတွေ ရှိလာနိုင်ပါတယ်။ အကြမ်းဖက် သံသရာ က ဆုံးတော့မှာ မဟုတ်ပါဘူး။ သူဖက်ကစတာ၊ ငါဖက်ကစတာနဲ့ အပြန်အလှန် တုံ့ပြန်လက်စားချေနေကြလို့ ဆုံးမှာမဟုတ်ပါဘူး။ ဒါကြောင့် စမဖြစ်အောင် ထိန်းထားရပါလိမ့်မယ်။ ပြီးတော့ ပညာပေးမှု၊ လူမှုရေးတန်တူ တိုးတက်ခွင့်၊ မခွဲမခြား ဆက်ဆံမှု၊ ပြန်လည်တည်ဆောက်မှု စတာတွေကို အဆင့်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။