Zawgyi/Unicode
Zawgyi
ေဟတီမွာ ၿပီးခဲ့တဲ့ စေနေန႔က ကမ္း႐ိုးတန္းၿမိဳ႕ကေလး ျဖစ္တဲ့ လက္ ကာယက္ (Les Cayes) မွာ လႈပ္ခတ္ခဲ့တဲ ျပင္းအား ၇.၂ ငလ်င္ ေၾကာင့္ ေသဆံုးရသူဟာ ၂ ၂၀၇ ေယာက္ရွိသြားၿပီလို႔ ေဟတီအရာရွိေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ လူေပါင္း ၃၄၄ ေယာက္ ေပ်ာက္ဆံုးေနဆဲ ျဖစ္သလို ေနအိမ္ေပါင္း ၅၀ ၀၀၀ ေက်ာ္ ပ်က္စီးခဲ့ရတယ္လို႔ ေဟတီ ျပည္သူ႔ကာကြယ္ေရး လုပ္ငန္းဌာနက ေျပာပါတယ္။ ဒဏ္ရာရသူကေတာ့ ၁၂ ၀၀၀ ေက်ာ္ ရွိပါတယ္။
ငလ်င္ေၾကာင့္ လူေပါင္း ၁ သန္းေက်ာ္ ဒုကၡေရာက္ႏိုင္တယ္လို႔ ကုလသမဂၢက ခန္႔မွန္းပါတယ္။ ေနအိမ္ေပါင္း ေသာင္းနဲ႔ခ်ီပ်က္စီးခဲ့ရတဲ့ အတြက္ ေဒသခံအမ်ားအျပား အိုးမဲ့အိမ္မဲ့ျဖစ္ကုန္ရတာပါ။
ငလ်င္ဟာ ေဟတီရဲ႕ ၿမိဳ႕ေတာ္ Port-au-Prince အေနာက္ဖက္ မိုင္ ၈၀ ေလာက္ အကြာမွာရွိတဲ့ Petit-Trou-de-Nippes ၿမိဳ႕ကေလးနားမွာ ေျမေအာက္အနက္ ၆ မိုင္ေလာက္ကေန ဗဟိုျပဳလႈပ္ခတ္ခဲ့တာလို႔ USGS အေမရိကန္ ဘူမိတိုင္းတာေရး အဖြဲ႔က ေျပာပါတယ္။
ငလ်င္ေၾကာင့္ လမ္းေတြ တံတားေတြ ပ်က္စီးကုန္သလို ေနာက္ပိုင္းမွာ အပူပိုင္းမုန္တိုင္းပါ တိုက္ခတ္ခဲ့တာေၾကာင့္ အဲဒီေဒသကို အကူအညီေရာက္တာ ေႏွးေကြးေနသလို ကူညီကယ္ဆယ္ေရး ပစၥည္းေတြ သယ္လာတဲ့ ယဥ္တန္းေတြ ထရပ္ကားေတြပါ တိုက္ခိုက္ လုယက္တာ ခံေနရတာေၾကာင့္ ငလ်င္ဒဏ္ခံရသူေတြ အတြက္ ေသာက္သံုးေရေတြ၊ အစားအစာေတြနဲ႔ ေဆးပစၥည္းေတြေရာက္ဖို႔ ခက္ခဲေနပါတယ္။
ေဟတီႏိုင္ငံမွာ ဇူလိုင္လ ၇ ရက္ သမၼတ Jovenel Moise အလုပ္ၾကံခံခဲ့ရတဲ့ ေနာက္ပိုင္း ႏိုင္ငံတြင္းတည္ၿငိမ္မႈ ပ်က္ျပားေနတာ ျဖစ္ပါတယ္။
Unicode
ဟေတီမှာ ပြီးခဲ့တဲ့ စနေနေ့က ကမ်းရိုးတန်းမြို့ကလေး ဖြစ်တဲ့ လက် ကာယက် (Les Cayes) မှာ လှုပ်ခတ်ခဲ့တဲ ပြင်းအား ၇.၂ ငလျင် ကြောင့် သေဆုံးရသူဟာ ၂ ၂၀၇ ယောက်ရှိသွားပြီလို့ ဟေတီအရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ လူပေါင်း ၃၄၄ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို နေအိမ်ပေါင်း ၅၀ ၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဟေတီ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းဌာနက ပြောပါတယ်။ ဒဏ်ရာရသူကတော့ ၁၂ ၀၀၀ ကျော် ရှိပါတယ်။
ငလျင်ကြောင့် လူပေါင်း ၁ သန်းကျော် ဒုက္ခရောက်နိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ နေအိမ်ပေါင်း သောင်းနဲ့ချီပျက်စီးခဲ့ရတဲ့ အတွက် ဒေသခံအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ရတာပါ။
ငလျင်ဟာ ဟေတီရဲ့ မြို့တော် Port-au-Prince အနောက်ဖက် မိုင် ၈၀ လောက် အကွာမှာရှိတဲ့ Petit-Trou-de-Nippes မြို့ကလေးနားမှာ မြေအောက်အနက် ၆ မိုင်လောက်ကနေ ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ USGS အမေရိကန် ဘူမိတိုင်းတာရေး အဖွဲ့က ပြောပါတယ်။
ငလျင်ကြောင့် လမ်းတွေ တံတားတွေ ပျက်စီးကုန်သလို နောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်းပါ တိုက်ခတ်ခဲ့တာကြောင့် အဲဒီဒေသကို အကူအညီရောက်တာ နှေးကွေးနေသလို ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ သယ်လာတဲ့ ယဉ်တန်းတွေ ထရပ်ကားတွေပါ တိုက်ခိုက် လုယက်တာ ခံနေရတာကြောင့် ငလျင်ဒဏ်ခံရသူတွေ အတွက် သောက်သုံးရေတွေ၊ အစားအစာတွေနဲ့ ဆေးပစ္စည်းတွေရောက်ဖို့ ခက်ခဲနေပါတယ်။
ဟေတီနိုင်ငံမှာ ဇူလိုင်လ ၇ ရက် သမ္မတ Jovenel Moise အလုပ်ကြံခံခဲ့ရတဲ့ နောက်ပိုင်း နိုင်ငံတွင်းတည်ငြိမ်မှု ပျက်ပြားနေတာ ဖြစ်ပါတယ်။