စပိန်ဘာသာစကားပြောကြတဲ့ တိုင်းပြည်တွေအကြား အထင်ရှား အကျော်ကြားဆုံး စာရေးဆရာဖြစ်တဲ့ ပီရူးနိုင်ငံသား စာရေးဆရာ Mario Vargas Llosa ဟာ ၂၀၁၀ ခုနှစ်အတွက် စာပေဆိုင်ရာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ရရှိသွားပါတယ်။
သူရေးသားခဲ့တဲ့ အုပ်ချုပ်မှုအာဏာ တည်ဆောက်ပုံ၊ လူတဦးချင်းစီရဲ့ ခုခံတော်လှန်မှု၊ ပုန်ကန်ထကြွမှုနဲ့ ကျဆုံးမှု စတဲ့ စာအုပ်တွေကို ဂုဏ်ပြုသောအားဖြင့် ဒီစာပေဆုကို ချီးမြင့်လိုက်တာဖြစ်တယ်လို့ ဆီဒင်နိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး အကယ်ဒမီက ပြောပါတယ်။
တချိန်က ပီးရူး သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖူးတဲ့ Vargas Llosa ဟာ ၀တ္ထု၊ ပြဇာတ်နဲ့ အက်ဆေးပေါင်း ၃၀ ကျော်ကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ လက်တင်အမေရိကတိုက်က စာပေတွေ နိုင်ငံတကာမှာ ထင်ရှား လူသိများလာအောင် စွမ်းဆောင်သူအဖြစ်လည်း သူ့ကို အမှတ်ပေး ပြောဆိုလေ့ရှိပါတယ်။
Vargas Llosa ကို ပီရူးနိုင်ငံ Arequipa မှာ ၁၉၃၆ ခုနှစ်က မွေးဖွားခဲ့ပေမဲ့ သူဟာ ဘိုလီးဗီးယားနိုင်ငံမှာ ကြီးပြင်းခဲ့တာပါ။ နောက်ပိုင်း ပီရူးနိုင်ငံကို ပြန်လာပြီး စစ်သင်တန်းကျောင်း တက်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဥရောပတိုက်မှာ ကျောင်းသွားတက်ပြီး သတင်းထောက်အဖြစ်နဲ့ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
သူ့ရဲ့ ထင်ရှားတဲ့ စာပေတွေကတော့ - The Time of the Hero, Conversation in the Cathedral နဲ့ Aunt Julia and the Scriptwirter တို့ ဖြစ်ကြပါတယ်။