သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြေၾကာင္႔ သစ္ေတာျပဳန္းတီးမႈ Sheik Hasina ဥတုရာသီညီလာခံမွာ တင္ျပ


Prime minister Sheikh Hasina

ဒုကၡသည္ျပႆနာကို ကမာၻ႔ႏိုင္ငံေတြ မွ်ေဝတာဝန္ယူေပးဖို႔ Glasgow မွာ က်င္းပေနတဲ့ ဥတုရာသီဆိုင္ရာ COP-26 ညီလာခံမွာ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ကပန္ၾကားလိုက္ပါတယ္။

Zawgyi/Unicode

Zawgyi

႐ိုဟင္ဂ်ာဒုကၡသည္ ၁ သန္းေက်ာ္ရွိေနတဲ့ ဒုကၡသည္စခန္းဝန္းက်င္မွာ ေတာျပဳန္းတဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ဒုကၡသည္ျပႆနာကို ကမာၻ႔ႏိုင္ငံေတြ မွ်ေဝတာဝန္ယူေပးဖို႔ Glasgow မွာ က်င္းပေနတဲ့ ဥတုရာသီဆိုင္ရာ COP-26 ညီလာခံမွာ တနလၤာေန႔က ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ကပန္ၾကားလိုက္ပါတယ္။
ဥတုရာသီေဖါက္ျပန္မႈေၾကာင့္ ၾကံဳေနရတဲ့ စိန္ေခၚမႈေတြေျဖရွင္းႏိုင္ဖို႔ က်မတို႔ႀကိဳးစားေနရပါတယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ ဘဂၤလားေဒ့ရွ္ကိုေရာက္လာတဲ့ ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာဒုကၡသည္ ၁.၁ သန္းကို လက္ခံထားရလို႔ပါ။ သူတို႔လာၿပီးေနထိုင္တဲ့ ေဒသေတြမွာ ေတာေတြျပဳန္းကုန္တာပါ။ ဒါေၾကာင့္ က်မတို႔ဟာ အႀကီးမားဆံုးစိန္ေခၚမႈနဲ႔ ရင္ဆိုင္ေနရတာပါ- လို႔ ေျပာသြားတာပါ။
ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ လြန္ခဲ့တဲ့ ၇ ႏွစ္တာကာလအတြင္း ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ကုန္က်စားရိတ္ ၂ ဆတိုးလာခဲ့ေၾကာင္းနဲ႔ လက္ရွိမွာ ဒီျပႆနာကို ရင္ဆိုင္ဖို႔ ႏိုင္ငံေတာ္အစီစဥ္တရပ္ေရးဆြဲဖို႔ ျပင္ေနတယ္လို႔လည္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ က ေျပာပါတယ္။
ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္တာ၊ ျမစ္ကမ္းပါးအတိုက္စားခံရတာ၊ ေရႀကီးတာနဲ႔ မိုးေခါင္တာလို ဥတုရာသီေျပာင္းလဲမႈ ေၾကာင့္ အိုးအိမ္ေရႊ႕ေျပာင္း ေနထိုင္ရသူေတြနဲ႔ ပတ္သက္ၿပီး ကမာၻ႔ႏိုင္ငံေတြရဲ႕ အကူအညီေတြ ဘဂၤလားေဒ့ရွ္က လိုအပ္ေနေၾကာင္းလည္း ေျပာပါတယ္။

Unicode

ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိနေတဲ့ ဒုက္ခသည်စခန်းဝန်းကျင်မှာ တောပြုန်းတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာသီဆိုင်ရာ COP-26 ညီလာခံမှာ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကပန်ကြားလိုက်ပါတယ်။
ဥတုရာသီဖေါက်ပြန်မှုကြောင့် ကြုံနေရတဲ့ စိန်ခေါ်မှုတွေဖြေရှင်းနိုင်ဖို့ ကျမတို့ကြိုးစားနေရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဘင်္ဂလားဒေ့ရှ်ကိုရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁.၁ သန်းကို လက်ခံထားရလို့ပါ။ သူတို့လာပြီးနေထိုင်တဲ့ ဒေသတွေမှာ တောတွေပြုန်းကုန်တာပါ။ ဒါကြောင့် ကျမတို့ဟာ အကြီးမားဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာပါ- လို့ ပြောသွားတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၇ နှစ်တာကာလအတွင်း ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကုန်ကျစားရိတ် ၂ ဆတိုးလာခဲ့ကြောင်းနဲ့ လက်ရှိမှာ ဒီပြဿနာကို ရင်ဆိုင်ဖို့ နိုင်ငံတော်အစီစဉ်တရပ်ရေးဆွဲဖို့ ပြင်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် က ပြောပါတယ်။
ပင်လယ်ရေမျက်နှာပြင်မြင့်တက်တာ၊ မြစ်ကမ်းပါးအတိုက်စားခံရတာ၊ ရေကြီးတာနဲ့ မိုးခေါင်တာလို ဥတုရာသီပြောင်းလဲမှု ကြောင့် အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အကူအညီတွေ ဘင်္ဂလားဒေ့ရှ်က လိုအပ်နေကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG