သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္း ေက်ာ္လႊားႏိုင္မယ့္ အလားအလာ


A health worker receives a vaccine for the Covid-19 coronavirus at a hospital in Naypyidaw on January 27, 2021. (Photo by Thet Aung / AFP)

ျမန္မာႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတဲ့ ကပ္ေရာဂါတတိယလႈိင္း အဆုံးသတ္ေတာ့မယ့္ အလားအလာရွိေနၿပီလုိ႔ က်န္းမာေရးဌာန တာဝန္ရွိသူက ဗီအိုေအကို ေျပာပါတယ္။

Zawgyi/ Unicode

Zawgyi

ျမန္မာႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတဲ့ ကပ္ေရာဂါတတိယလႈိင္း အဆုံးသတ္ေတာ့မယ့္ အလားအလာရွိေနၿပီလုိ႔ က်န္းမာေရးဌာန တာဝန္ရွိသူက ဗီအိုေအကို ေျပာပါတယ္။ သီတင္းကြၽတ္ေက်ာ္ရင္ ေက်ာင္းေတြျပန္ဖြင့္ႏိုင္ဖို႔အတြက္ အသက္ ၁၂ႏွစ္အ႐ြယ္ ေက်ာင္းသားလူငယ္ေတြကိုလည္း ကာကြယ္ေဆးစထိုးေပးဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မစုျမတ္မြန္ က ေျပာျပမွာပါ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္ခံရသူနဲ႔ ေသဆုံးသူဦးေရဟာ ကိုဗစ္တတိယလႈိင္း ကူးစက္သူျမင့္တက္ခဲ့ခိ်န္ကေလာက္ အခု မမ်ားေတာဘူးလို႔ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ကူညီေပးေနသူေတြက ေျပာပါတယ္။ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူတဦးက ကိုဗစ္တတိယလႈိင္း အဆံုးသတ္ေတာ့မယ့္ အေနအထားလို႔ VOA ကိုေျပာပါတယ္။

"ပိုစစ္ရင္ ပိုေတြ႕ရတာေပါ့ေနာ္။ ဒါေပမယ့္ တခုေကာင္းတဲ့အခ်က္က ပိုစစ္ေပမယ့္လည္း ပိုမေတြ႕ဘူးေပါ့ေနာ္။ ဒါေၾကာင့္မို႔လည္း ရာခိုင္ႏႈန္းက တန္းေနတာေပါ့။ တတိယလႈိင္းကေတာ့ အဆုံးသတ္ေနတဲ့ သေဘာေတာ့ရွိတာေပါ့ဗ်ာ။ ဒါေပမယ့္လည္း ဒီကပ္ေရာဂါတခုဆိုတာကေတာ့ ဘယ္ေတာ့မွ ေလွ်ာ့တြက္လို႔မရဘူးေပါ့။ တျခားေရာဂါေတြနဲ႔မတူတာက သူ႔မွာလကၡဏာမျပတဲ့သူေတြ မ်ားတဲ့ေရာဂါျဖစ္ေနေတာ့ေလ သူကနည္းနည္းေလးေတာ့ တြက္ရခက္တာေပါ့။ ပုံမွန္အားျဖင့္ေတာ့ ကပ္ေရာဂါတခုရဲ႕ အၾကမ္းဖ်ဥ္းေပါ့ေနာ္၊ ဒီလႈိင္းတလႈိင္း ၿပီးဆုံးခ်ိန္ဆိုတာကေတာ့ သူ႔ရဲ႕ေရာဂါပ်ိဳးရက္ရဲ႕ ၂ ဆကို ပိုးေတြ႕ရွိတဲ့သူ အသစ္မေတြ႕ေတာ့ဘူးဆိုရင္ ဒီကပ္ေရာဂါတခုက အဆုံးသတ္ေလ့ရွိတယ္ဆိုၿပီးေတာ့ ကပ္ေရာဂါရဲ႕ principle အရ ရွိတယ္ေပါ့ေနာ္။

ဒီလုပ္ငန္းေတြ ျပန္စႏိုင္ဖို႔ဆိုတဲ့ အေနအထားကိုပဲ သတ္မွတ္ရတာေပါ့။ အဲအခါက်ေတာ့ ဒီ ၅ ရာခိုင္ႏႈန္းနဲ႔ပဲ ကမာၻ႔က်န္းမာေရးအဖြဲ႕ကေတာ့ သတ္မွတ္ထားတာေပါ့ေနာ္။ ပိုးေတြ႕ရာခိုင္ႏႈန္းကို စစ္တဲ့ပမာဏအတူတူေလာက္ ရွိေနခ်ိန္မွာ ရာခိုင္ႏႈန္းေတြ တျဖည္းျဖည္းက်ၿပီး ၅ ရာခိုင္ႏႈန္းေအာက္ကို ေရာက္လာရင္ေတာ့ လုပ္ငန္းေတြ တျဖည္းျဖည္းျပန္စလို႔ ရတယ္ေပါ့။"

က်န္းမာေရးဝန္ႀကီးဌာနရ႕ဲ ထုတ္ျပန္ခ်က္အရ ဓါတ္ခဲြနမူနာ စစ္ေဆးသူနဲ႔ အတည္ျပဳလူနာ ရာခိုင္ႏႈန္း တခ်ဳိ႕ေဖာ္ျပခ်က္ေတြအရ ၈ ရာခိုင္ႏႈန္းဝန္းက်င္မွာ ရွိတာေတြ႔ရပါတယ္။ ကပ္ေရာဂါျဖစ္ပြားမႈ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အဓိကက်တဲ့အထဲမွာ ေရာဂါကာကြယ္ေဆး ထိုးႏွံႏိုင္ဖို႔လည္း ပါဝင္ေနၿပီး ႏိုင္ငံတြင္းမွာ ကာကြယ္ေဆး အျပည့္အဝ ထိုးၿပီးသူဦးေရက ၃.၉ သန္း ရွိထားၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ကာကြယ္ေဆးေတြကို ဦးစားေပးအုပ္စုအလိုက္ ထိုးႏွံေပးေနၿပီး ေအာက္တိုဘာ လကုန္ပိုင္း သီတင္းကြၽတ္ပိတ္ရက္ေတြၿပီးရင္ေတာ့ အခုႏွစ္ ၂၀၂၁ - ၂၂ ပညာသင္ႏွစ္အတြက္ ေက်ာင္းအပ္ထားတဲ့ အသက္ ၁၂ ႏွစ္အထက္နဲ႔ အသက္ ၁၈ႏွစ္အ႐ြယ္ေအာက္ ေက်ာင္းသားေတြကို ကာကြယ္ေဆး ထိုးႏွံေပးေတာ့မယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။ လာမယ့္သီးတင္းပါတ္ ေအာက္တိုဘာ ၁၂ ရက္ကေနစၿပီး တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေက်ာင္းသားလူငယ္ေတြကို ထိုးႏွံေပးႏိုင္ဖို႔အတြက္ ရည္မွန္းထားတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူက ဆက္ေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ ၁၂ ႏွစ္အထက္ေပါ့ေနာ္။ ၁၂ ႏွစ္အထက္ ေက်ာင္းသားလူငယ္ေတြကို ဦးစားေပးၿပီး ထိုးမွာေပါ့ေနာ္။ Sinovac ပဲ ထိုးမွာဗ်။ ဒီ Sinovac ကေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ထိုးၿပီးသြားၿပီေပါ့ေနာ္။ တ႐ုတ္ျပည္ဆိုရင္ ဒီ Sinovac ကို ၃ ႏွစ္ကေန ၁၇ ႏွစ္အထိ approval ရဖို႔ ကေလးေပါင္း ၆၃ သန္းေတာင္ သူကထိုးထားၿပီးၿပီဆိုေတာ့ အဲလိုမ်ိဳးေပါ့ေနာ္ Vaccine ရဲ႕ efficacy တခုတည္းတင္ ၾကည့္လို႔မရဘူး၊ safety လည္း ၾကည့္ရတာေပါ့ေနာ္။"

ကပ္ေရာဂါကာကြယ္ေဆး ထိုးႏွံရမယ့္ ဦးစားေပးအုပ္စုထဲ ပါသူေတြတိုင္း အျပည့္အဝထိုးႏွံဖို႔ကို အရွိန္ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔လည္း ႏိုင္ငံပိုင္မီဒီယာေတြကေန ေဖာ္ျပေနပါတယ္။ ျမန္မာႏိုင္ငံက ဝယ္ယူထားတဲ့ Covishield ကိုဗစ္ကာကြယ္ေဆး ၁ သန္းကို ဒီလထဲမွာပဲ အိႏၵိယကေန ျမန္မာႏိုင္ငံကို ပို႔ဖုိ႔႐ွိတယ္လို႔ အိႏၵိယကလာတဲ့သတင္းေတြမွာ ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံက Covishield ကိုဗစ္ကာကြယ္ေဆး သန္း ၃၀ ဝယ္ယူထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါတတိယလှိုင်း အဆုံးသတ်တော့မယ့် အလားအလာရှိနေပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ သီတင်းကျွတ်ကျော်ရင် ကျောင်းတွေပြန်ဖွင့်နိုင်ဖို့အတွက် အသက် ၁၂နှစ်အရွယ် ကျောင်းသားလူငယ်တွေကိုလည်း ကာကွယ်ဆေးစထိုးပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မစုမြတ်မွန် က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေဟာ ကိုဗစ်တတိယလှိုင်း ကူးစက်သူမြင့်တက်ခဲ့ချိန်ကလောက် အခု မများတောဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ကိုဗစ်တတိယလှိုင်း အဆုံးသတ်တော့မယ့် အနေအထားလို့ VOA ကိုပြောပါတယ်။

"ပိုစစ်ရင် ပိုတွေ့ရတာပေါ့နော်။ ဒါပေမယ့် တခုကောင်းတဲ့အချက်က ပိုစစ်ပေမယ့်လည်း ပိုမတွေ့ဘူးပေါ့နော်။ ဒါကြောင့်မို့လည်း ရာခိုင်နှုန်းက တန်းနေတာပေါ့။ တတိယလှိုင်းကတော့ အဆုံးသတ်နေတဲ့ သဘောတော့ရှိတာပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီကပ်ရောဂါတခုဆိုတာကတော့ ဘယ်တော့မှ လျှော့တွက်လို့မရဘူးပေါ့။ တခြားရောဂါတွေနဲ့မတူတာက သူ့မှာလက္ခဏာမပြတဲ့သူတွေ များတဲ့ရောဂါဖြစ်နေတော့လေ သူကနည်းနည်းလေးတော့ တွက်ရခက်တာပေါ့။ ပုံမှန်အားဖြင့်တော့ ကပ်ရောဂါတခုရဲ့ အကြမ်းဖျဉ်းပေါ့နော်၊ ဒီလှိုင်းတလှိုင်း ပြီးဆုံးချိန်ဆိုတာကတော့ သူ့ရဲ့ရောဂါပျိုးရက်ရဲ့ ၂ ဆကို ပိုးတွေ့ရှိတဲ့သူ အသစ်မတွေ့တော့ဘူးဆိုရင် ဒီကပ်ရောဂါတခုက အဆုံးသတ်လေ့ရှိတယ်ဆိုပြီးတော့ ကပ်ရောဂါရဲ့ principle အရ ရှိတယ်ပေါ့နော်။

ဒီလုပ်ငန်းတွေ ပြန်စနိုင်ဖို့ဆိုတဲ့ အနေအထားကိုပဲ သတ်မှတ်ရတာပေါ့။ အဲအခါကျတော့ ဒီ ၅ ရာခိုင်နှုန်းနဲ့ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ သတ်မှတ်ထားတာပေါ့နော်။ ပိုးတွေ့ရာခိုင်နှုန်းကို စစ်တဲ့ပမာဏအတူတူလောက် ရှိနေချိန်မှာ ရာခိုင်နှုန်းတွေ တဖြည်းဖြည်းကျပြီး ၅ ရာခိုင်နှုန်းအောက်ကို ရောက်လာရင်တော့ လုပ်ငန်းတွေ တဖြည်းဖြည်းပြန်စလို့ ရတယ်ပေါ့။"

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဓါတ်ခွဲနမူနာ စစ်ဆေးသူနဲ့ အတည်ပြုလူနာ ရာခိုင်နှုန်း တချို့ဖော်ပြချက်တွေအရ ၈ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိတာတွေ့ရပါတယ်။ ကပ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် အဓိကကျတဲ့အထဲမှာ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ဖို့လည်း ပါဝင်နေပြီး နိုင်ငံတွင်းမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူဦးရေက ၃.၉ သန်း ရှိထားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးတွေကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးနေပြီး အောက်တိုဘာ လကုန်ပိုင်း သီတင်းကျွတ်ပိတ်ရက်တွေပြီးရင်တော့ အခုနှစ် ၂၀၂၁ - ၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်ထားတဲ့ အသက် ၁၂ နှစ်အထက်နဲ့ အသက် ၁၈နှစ်အရွယ်အောက် ကျောင်းသားတွေကို ကာကွယ်ဆေး ထိုးနှံပေးတော့မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ လာမယ့်သီးတင်းပါတ် အောက်တိုဘာ ၁၂ ရက်ကနေစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားလူငယ်တွေကို ထိုးနှံပေးနိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။

"ကျနော်တို့ကတော့ ၁၂ နှစ်အထက်ပေါ့နော်။ ၁၂ နှစ်အထက် ကျောင်းသားလူငယ်တွေကို ဦးစားပေးပြီး ထိုးမှာပေါ့နော်။ Sinovac ပဲ ထိုးမှာဗျ။ ဒီ Sinovac ကတော့ နိုင်ငံတော်တော်များများမှာ ထိုးပြီးသွားပြီပေါ့နော်။ တရုတ်ပြည်ဆိုရင် ဒီ Sinovac ကို ၃ နှစ်ကနေ ၁၇ နှစ်အထိ approval ရဖို့ ကလေးပေါင်း ၆၃ သန်းတောင် သူကထိုးထားပြီးပြီဆိုတော့ အဲလိုမျိုးပေါ့နော် Vaccine ရဲ့ efficacy တခုတည်းတင် ကြည့်လို့မရဘူး၊ safety လည်း ကြည့်ရတာပေါ့နော်။"

ကပ်ရောဂါကာကွယ်ဆေး ထိုးနှံရမယ့် ဦးစားပေးအုပ်စုထဲ ပါသူတွေတိုင်း အပြည့်အဝထိုးနှံဖို့ကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေကနေ ဖော်ပြနေပါတယ်။ မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁ သန်းကို ဒီလထဲမှာပဲ အိန္ဒိယကနေ မြန်မာနိုင်ငံကို ပို့ဖို့ရှိတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံက Covishield ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG