သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေမွာင္ခို ေရႊေခ်ာင္း ၃၀ ေက်ာ္ အိႏၵိယမွာ ဖမ္းမိ


အေနာက္Bengal မွာ ဖမ္းမိတဲ့ ျမန္မာျပည္က ေရႊေခ်ာင္းမ်ား (NDTV)

အိႏၵိယႏိုင္ငံတလႊား ေရႊေမွာင္ခိုဂိ္ုဏ္း တိုက္ဖ်က္တဲ့ စစ္ဆင္ေရးကေန ေရႊေခ်ာင္း ၃၅ ေခ်ာင္း နဲ႔ အတူ ေရႊ႕ေမွာင္ခိုသမား ၃ ဦးကို ဘီဟာနယ္ထဲမွာ ဖမ္းဆီးရမိတယ္

တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

Zawgyi

အိႏၵိယႏိုင္ငံတလႊားမွာ ေရႊေမွာင္ခိုဂိ္ုဏ္း တိုက္ဖ်က္တဲ့ စစ္ဆင္ေရးလုပ္ေဆာင္မႈေတြကေန ႐ူပီေငြ သန္းေပါင္း ၂၈.၆ သန္း တန္ဖိုးရွိတဲ့ ေရႊေခ်ာင္း ၃၅ ေခ်ာင္း နဲ႔ အတူ ေရႊ႕ေမွာင္ခိုသမား ၃ ဦးကို တနဂၤေႏြေန႔က ဘီဟာနယ္ထဲမွာ ဖမ္းဆီးရမိတယ္လို႔ အိႏၵိယအစိုးရ ျပည္တြင္းဝင္ေငြဆိုင္ရာ စံုစမ္းစစ္ေဆးေရးအဖြဲ႔ DRI က ေျပာပါတယ္။
အလားတူ ဖမ္းဆီးမႈေတြ အိႏၵိယႏိုင္ငံတလႊားမွာ ျပဳလုပ္ေနတာ ျဖစ္ၿပီး ေဒလီမွာ ကီလိုဂရမ္ ၅.၅ အေလးခ်ိန္ရွိတဲ့ ေရႊေခ်ာင္းခိုးသြင္းတာကို ဖမ္းမိခဲ့သလို ဘိုပါးလ္ မွာေတာ့ ေရႊေမွာင္ခိုသမားေတြ လႊဲေျပာင္းတဲ့ ေငြသား အေျမာက္အမ်ား ဖမ္းမိခဲ့တယ္လို႔ အိႏၵိယသတင္းေတြမွာ ေဖၚျပထားပါတယ္။
ဘီဟာက Muzaffarpur အရပ္မွာ ဖမ္းမိတဲ့ ေရႊေခ်ာင္းေတြဟာ ၂၄ ကာရက္ ေရႊစင္ေတြ ျဖစ္ၿပီး ဒီေရႊေတြကို အာသံ မွတ္ပံုတင္ထားတဲ့ ကားတစီးရဲ႕ အင္ဂ်င္ထဲမွာ အေခါင္း ေပါက္ ထြင္းၿပီး ဖြက္ယူလာတာ ျဖစ္ေၾကာင္း ရဲက ေျပာပါတယ္။ ဒီေရႊေခ်ာင္းေတြဟာ ျမန္မာႏိုင္ငံမွာ အေရာင္းအဝယ္ လုပ္ေနတဲ့ ေရႊအမ်ိဳးအစား ျဖစ္ၿပီး မဏီပူနဲ႔ နယ္ခ်င္းထိေနတဲ့ မိုေရးကေန ခိုးသြင္းတာ ျဖစ္ေၾကာင္းနဲ႔ ဒီေရႊေတြကို အာသံကေန ဗာရာဏသီဘက္ကို တင္ပို႔ဖို႔ လုပ္ေနတာ ျဖစ္ေၾကာင္း အဖမ္းခံရသူေတြက ထြက္ဆိုခဲ့ၾကတယ္လို႔လည္း ေျပာပါတယ္။
အိႏၵိယႏိုင္ငံ Kolkata, Siliguri, Guwahati နဲ႔ အာသံ အပါအဝင္ အေရွ႕ေျမာက္ေဒသေတြမွာ ေမွာင္ခိုေရႊေတြကိုဖမ္းမိေလ့ရွိၿပီး ဒီေရႊေခ်ာင္းေတြကို အိႏၵိယနဲ႔ နယ္ေျမခ်င္း ထိစပ္ေနတဲ့ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ နီေပါ၊ ဘူတန္နဲ႔ တရုတ္ႏုိင္ငံေတြကေန အိႏၵိယထဲ ေမွာင္ခို ခိုးသြင္းမယ္လို႔ ယံုၾကည္ၾကပါတယ္။

Unicode

အိန္ဒိယနိုင်ငံတလွှားမှာ ရွှေမှောင်ခိုဂိုဏ်း တိုက်ဖျက်တဲ့ စစ်ဆင်ရေးလုပ်ဆောင်မှုတွေကနေ ရူပီငွေ သန်းပေါင်း ၂၈.၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း ၃၅ ချောင်း နဲ့ အတူ ရွှေ့မှောင်ခိုသမား ၃ ဦးကို တနင်္ဂနွေနေ့က ဘီဟာနယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ အိန္ဒိယအစိုးရ ပြည်တွင်းဝင်ငွေဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ DRI က ပြောပါတယ်။
အလားတူ ဖမ်းဆီးမှုတွေ အိန္ဒိယနိုင်ငံတလွှားမှာ ပြုလုပ်နေတာ ဖြစ်ပြီး ဒေလီမှာ ကီလိုဂရမ် ၅.၅ အလေးချိန်ရှိတဲ့ ရွှေချောင်းခိုးသွင်းတာကို ဖမ်းမိခဲ့သလို ဘိုပါးလ် မှာတော့ ရွှေမှောင်ခိုသမားတွေ လွှဲပြောင်းတဲ့ ငွေသား အမြောက်အများ ဖမ်းမိခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ဘီဟာက Muzaffarpur အရပ်မှာ ဖမ်းမိတဲ့ ရွှေချောင်းတွေဟာ ၂၄ ကာရက် ရွှေစင်တွေ ဖြစ်ပြီး ဒီရွှေတွေကို အာသံ မှတ်ပုံတင်ထားတဲ့ ကားတစီးရဲ့ အင်ဂျင်ထဲမှာ အခေါင်း ပေါက် ထွင်းပြီး ဖွက်ယူလာတာ ဖြစ်ကြောင်း ရဲက ပြောပါတယ်။ ဒီရွှေချောင်းတွေဟာ မြန်မာနိုင်ငံမှာ အရောင်းအဝယ် လုပ်နေတဲ့ ရွှေအမျိုးအစား ဖြစ်ပြီး မဏီပူနဲ့ နယ်ချင်းထိနေတဲ့ မိုရေးကနေ ခိုးသွင်းတာ ဖြစ်ကြောင်းနဲ့ ဒီရွှေတွေကို အာသံကနေ ဗာရာဏသီဘက်ကို တင်ပို့ဖို့ လုပ်နေတာ ဖြစ်ကြောင်း အဖမ်းခံရသူတွေက ထွက်ဆိုခဲ့ကြတယ်လို့လည်း ပြောပါတယ်။
အိန္ဒိယနိုင်ငံ Kolkata, Siliguri, Guwahati နဲ့ အာသံ အပါအဝင် အရှေ့မြောက်ဒေသတွေမှာ မှောင်ခိုရွှေတွေကိုဖမ်းမိလေ့ရှိပြီး ဒီရွှေချောင်းတွေကို အိန္ဒိယနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ ဘူတန်နဲ့ တရုတ်နိုင်ငံတွေကနေ အိန္ဒိယထဲ မှောင်ခို ခိုးသွင်းမယ်လို့ ယုံကြည်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG