ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အီရတ်နိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းပေးလိုက်ပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ၃ ရပ် ကို ဗုဒ္ဒဟူးနေ့က ချမှတ်လိုက်တာပါ။ လူများ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်များအပေါ် ပိတ်ဆို့ အရေးယူထားတာကို ရုပ်သိမ်းလိုက်သလို၊ အီရတ်နိုင်ငံအတွက် စားနပ်ရိက္ခာရအောင် ရေနံပေးရတဲ့ ကုလသမဂ္ဂ အစီအစဉ်ကိုလည်း အဆုံးသတ်လိုက်ပါတယ်။ ရေနံ နဲ့ သဘာ၀ ဓာတ်ငွေ့ ဝင်ငွေတွေအပေါ် ထိန်းချုပ်ထားခွင့်ကိုလည်း အီရတ် အစိုးရ ကို ဇွန်လ ၃၀ ရက်နေ့ မှာ ပြန်ပေးမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ လုပ်ရပ်တွေဟာ အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ချုပ်ချယ်ကန့်သတ်ထားတာတွေကို အဆုံးသတ်သွားစေတာ ဖြစ်ပါတယ်လို့ အီရတ် နိုင်ငံခြားရေးဝန်ကြီး Hoshyar Zebari က ပြောပါတယ်။ ကူဝိတ်နဲ့ ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းရေးဟာ အီရတ်အစိုးရအသစ်ရဲ့ လုပ်ငန်းစဉ်မှာ ထိပ်ဆုံးက ရှိပါလိမ့် မယ်လို့ သူက ဆိုပါတယ်။
ရေနံကုန်သွယ်ရေးက ရမယ့် ဝင်ငွေ ရဲ့ ၅% ကို ကူဝိတ်နိုင်ငံကို စစ်လျော်ကြေးအဖြစ် ပေးဖို့ အီရတ်က စီစဉ် နေပါတယ်။