သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိကမှ စတင်တွေ့ရှိတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အဖြစ် WHO အမည်ပေး


WHO Omicron
WHO Omicron

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် Omicron ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။

Zawgyi / Unicode

Zawgyi

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။

“B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်” လို့ WHO အရေးပေါ်အစီအစဉ်က နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က သောကြာနေ့က ပြောဆိုလိုက်တာပါ။

ကနဦး ရရှိတဲ့ အထောက်အထားတွေအရ ဒီပိုးဟာ ကိုဗစ်ရောဂါ ကူးစက်ဖူးတဲ့လူတွေကို ထပ်မံကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေ တွေ့ရှိချက်တွေကို ဆန်းစစ်လေ့လာအပြီး ထုတ်ပြန်တဲ့ WHO ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေကစလို့ တောင်အာဖရိကမှာ ကိုဗစ် ကူးစက်မှု တရှိန်ထိုး မြင့်တက်လာချိန်မှာပဲ Omicron လို့ခေါ်တဲ့ ပိုးအမျိုးအစားသစ်ကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။

ပိုးအများအစားသစ်ဟာ ဆင့်ကဲဗီဇပြောင်းလဲမှုတွေ အများအပြား တွေ့ရတာကြောင့် စိုးရိမ်စရာ ကောင်းတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်လိုက်တာပါ။ အန္တရာယ်ရှိတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ခံရတာ ဆဌမမြောက်ဖြစ်တဲ့ Omicron ပိုးအမျိုးအစားကိုတော့ လက်ရှိ ကိုဗစ်ပိုး စမ်းသပ်တဲ့ PCR စနစ်နဲ့ စစ်ဆေးသိရှိနိုင်တယ်လို့လည်း WHO ကပြောပါတယ်။

ဒီပိုးမျိုးသစ် နဲ့ ပတ်သက်ပြီး ကူးစက်မှု အခြေနေ၊ ကာကွယ်ဆေး ထိရောက်မှု ရှိမရှိနဲ့ ကုသနည်းတွေနဲ့ ပတ်သက်ပြီး သေသေချာချာ သိရအောင် စမ်းသပ်စစ်ဆေးဖို့ သီတင်းပတ်နဲ့ချီ ကြာမြင့်နိုင်တယ် လို့လည်း WHO က ပြောပါတယ်။

Unicode

တောင်အာဖရိကမှ စတင်တွေ့ရှိတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အဖြစ် WHO အမည်ပေး (MT)
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်








XS
SM
MD
LG