သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဒေသတွင်းပဋိပက္ခတွေဖြေရှင်းရေး စင်္ကာပူနဲ့ နယူးဇီလန်ပူးတွဲဆောင်ရွက်မည်


စင်္ကာပူကို ၃ ရက်ကြာခရီးရောက်နေတဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern (ဝဲ) နဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဧပြီ ၁၉ ၊ ၂၀၂၂) 
စင်္ကာပူကို ၃ ရက်ကြာခရီးရောက်နေတဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern (ဝဲ) နဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဧပြီ ၁၉ ၊ ၂၀၂၂) 


[[Zawgyi/Unicode]]

မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းပဋိပက္ခတွေနဲ့ ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ စင်္ကာပူနဲ့ လက်တွဲဆောင်ရွက်သွားဖို့ရှိကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ဒီနေ့ ပြောကြားလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် တကမ္ဘာလုံးမှာ အသွားအလာ အကန့်အသတ်တွေဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ဝန်ကြီးချုပ် Jacinda Ardern ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် စင်္ကာပူနိုင်ငံကိုသွားရောက်ခဲ့တာပါ။ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံပြီးနောက် ဒီနေ့ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းအရေးပါအဝင် မြန်မာနိုင်ငံလို ဒေသတွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ စင်္ကာပူနဲ့ လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ပြောဆိုသွားတာပါ။

"ကမ္ဘာကြီးက ပြောင်းလဲနေတာ မြင်နေရပါတယ်။ ယူကရိန်းအကျပ်အတည်းလိုဖြစ်ရပ်တွေဟာ စည်းမျဉ်းအခြေခံရှိထားပြီးသား နိုင်ငံတကာစနစ်ကို ဖိအားပေးလာပါတယ်။ နိုင်ငံတကာမှာချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေစိုးမိုးရေးနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်ကို နယူးဇီလန်အနေနဲ့ အမြဲတမ်းအခိုင်အမာထောက်ခံပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ တွေ့မြင်ရတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ စင်္ကာပူလို စိတ်တူကိုယ်တူနိုင်ငံတွေနဲ့ ဆက်ပြီးလက်တွဲ ဆောင်ရွက် သွားဖို့ မျှော်လင့်ပါတယ်။"

ဒါ့အပြင် Jacinda Ardern ရဲ့စင်္ကာပူခရီးစဉ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက် မှု နည်းပါးစေမယ့် စီးပွားရေးနဲ့ ဈေးကွက်ထုတ်လုပ်မှုကွင်းဆက်တွေမှာ စင်္ကာပူနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။

ကာဗွန်အထွက်နည်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ နည်းပညာတွေကို ကျင့်သုံးတဲ့အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့်အခွင့်အလမ်းတွေရှိနေကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ပြောကြားခဲ့ပါတယ်။

သုံးရက်ကြာမြင့်မယ့် နယူးဇီလန်ဝန်ကြီးချုပ်ရဲ့ စင်္ကာပူခရီးစဉ်အတွင်း စင်္ကာပူသမ္မတနဲ့လည်း တွေ့ဆုံဖို့ရှိသလို သူ့နာမည် Jacinda Ardern လို့ပေးထားတဲ့ သစ်ခွပင် ကို လက်ဆောင်အဖြစ်ပေးအပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]








===================

XS
SM
MD
LG