သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးအတွက် ဂိုးအများဆုံးသွင်းပေးနိုင်သူ နေမား


Brazil's forward Neymar celebrates after scoring a goal during the 2026 FIFA World Cup South American qualifiers football match between Brazil and Bolivia at the Jornalista Edgar Proença 'Mangueirao' stadium, in Belem, state of Para, Brazil, on September
Brazil's forward Neymar celebrates after scoring a goal during the 2026 FIFA World Cup South American qualifiers football match between Brazil and Bolivia at the Jornalista Edgar Proença 'Mangueirao' stadium, in Belem, state of Para, Brazil, on September

ဘရာဇီး တိုက်စစ်မှူး နေမားဟာ ကမ္ဘာကျော်ဘောလုံးသမားကြီး ပီလီရဲ့ စံချိန်ကိုကျော်ပြီး ဘရာဇီးအသင်းအတွက် ဂိုးအများဆုံးသွင်းတဲ့သူ ဖြစ်သွားပါပြီ။ သောကြာနေ့က ကစားတဲ့ ဘရာဇီး နဲ့ ဘိုလီးဗီးယားတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နေမားက ၂ ဂိုးသွင်းပြီး ဘရာဇီး လက်ရွေးစင် အမျိုးသားအသင်းအတွက် စုစုပေါင်း ၇၉ ဂိုး နဲ့ ဂိုးအများဆုံးသွင်းတဲ့သူအဖြစ် စံချိန်တင်လိုက်တာပါ။

နေမားဟာ ဒီပွဲမတိုင်ခင်ကတော့ ပီလီ ဘရာဇီးအသင်းအတွက် သွင်းထားတဲ့ ၇၇ ဂိုးနဲ့ စံချိန်တူနေတာပါ။ ဒီပွဲမှာ ပထမပိုင်းမှာ ဘရာဇီးအသင်း ပယ်နယ်တီတလုံးရခဲ့ပေမယ့် နေးမားကန်တာ ဂိုးသမားမိသွားခဲ့ပြီး၊ ဒုတိယပိုင်းကျမှ ၂ ဂိုးသွင်းပြီး စံချိန်သစ် တင်လိုက်တာဖြစ်ပါတယ်။

“အခုလို ဘရာဇီးအသင်းအတွက် ဂိုးအများဆုံးသွင်းတဲ့သူ အဖြစ်စံချိန်တင်လိုက်နိုင်တဲ့အတွက် ဝမ်းသာကြောင်း၊ သူ့အနေနဲ့ ဘရာဇီးအတွက် ဒီလိုစံချိန်တင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြောင်း သူအနေနဲ့ ပီလီထက်ရော ဘရာဇီးအသင်းအတွက် ကစားပေးခဲ့တဲ့ တခြားကစားသမားတွေထက်ပိုကောင်းတယ်လို့လည်းမထင်ကြောင်း” နေမားက ပွဲအပြီးမှာ ပြောပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ နေမားဟာ အခုချိန်ထိ ဘရာဇီးအတွက် ပွဲပေါင်း ၁၂၅ ပွဲ မှာ ၇၉ ဂိုးသွင်းထားပြီး၊ ပီလီကတော့ ၉၂ ပွဲ မှာ ၇၇ ဂိုး သွင်းခဲ့တာပါ။ ဘရာဇီးအမျိုးသမီးအသင်း တိုက်စစ်မှူး မာတာက ၁၈၉ ပွဲမှာ ၁၂၂ ဂိုး သွင်းပြီး အမျိုးသမီးအသင်းဘက်မှာ ဂိုးအများဆုံးသွင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG