သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွေ့အကြုံယူပြီး မူဝါဒအားနည်းချက်တွေပြင်ဆင်ခဲ့ဟု Facebook ရှင်းလင်း


Meta ကုမ္ပဏီ ဒုဥက္ကဋ္ဌ Nick Clegg
Meta ကုမ္ပဏီ ဒုဥက္ကဋ္ဌ Nick Clegg

{{Zawgyi/Unicode}}

Meta လို့ နာမည်ပြောင်းလဲခဲ့တဲ့ Facebook ကုမ္ပဏီက သူတို့ကုမ္ပဏီနဲ့ ပတ်သက်လို့ ပေါက်ကြားခဲ့တဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့ အစွပ်စွဲခံရတဲ့ ကိစ္စတွေကို ပြန်လည် ပြင်ဆင် ပြီးပြီဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သင်ခန်းစာယူခဲ့တဲ့အကြောင်း ပြန်လည် ရှင်လင်းပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ အပြင်းအထန် လေ့လာပြီး သင်ခန်းစာယူခဲ့ပါတယ်။ အဲဒီ မှာ ကျနော်တို့ ဘာမှားခဲ့သလဲ၊ သီးခြား လွတ်လပ်တဲ့ အစီရင်ခံစာတွေကို ကျနော်တို့ကိုယ်တိုင် မျက်စိဖွင့်ပြီး လေ့လာခဲ့တာပါလို့ ကယ်လီဖိုးနီးယား ပြည်နယ်ကနေ ဗွီဒီယို ကွန်ဖရန်စ်နဲ့ ကျင်းပတဲ့ Web Summit အစည်းအဝေးမှာ Meta ကုမ္ပဏီ ဒုဥက္ကဋ္ဌ Nick Clegg က ပြောဆိုသွားခဲ့ပါတယ်။

Facebook ကုမ္ပဏီ ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Frances Haugen က ကုမ္ပဏီဟာ အမုန်းတရား ပြန့်ပွားအောင် သတင်းအချက်အလက် ဖြန့်ဝေတာတွေကို မသိကျိုးကျွံပြုခဲ့ပြီး Facebook သုံးစွဲသူ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေသလို သတင်းမှားတွေကိုဖြန့်ဝေတဲ့ လူမှုကွန်ယက် ဖြစ်နေခဲ့တယ်ဆိုပြီး အမေရိကန်လွှတ်တော်မှာ အောက် တိုဘာလ ပထမပတ်အတွင်းက ထွက်ဆိုခဲ့တာပါ။

အခု Meta ကုမ္ပဏီရဲ့ ဒု ဥက္ကဋ္ဌ Nick Clegg ကတော့ Frances Haugen ပြောဆိုခဲ့တဲ့အကြောင်းရာတွေဟာ အများမြင်တွေ့နိုင်တဲ့ အွန်လိုင်းပေါ်က အပြန်အလှန်ပြောဆိုချက်၊ ဆွေးနွေးချက်တွေ၊ ဟိုတစ ဒီတစ အချက်အလက်တွေကို ကိုးကားပြောဆိုခဲ့တာသာဖြစ်ပြီး အဲဒီအချက်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က အကြောင်းအရာတွေ ဖြစ်တဲအ့ကြောင်း မနေ့က ပြန်လည် ရှင်းလင်းပါတယ်။ အခုဆိုရင် Facebook ဟာ နိုင်ငံပေါင်း ၇၀ မှာ တင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပိုပြီး ခေတ်မှီတဲ့ နည်းလမ်းတွေနဲ့ သုံးပြီး စီစစ်နေတယ်လို့လည်း ပြောပါတယ်။

Facebook ကုမ္မဏီကို Meta လို့ အောက်တိုဘာလ ၂၈ ရက်နေ့က အမည် ပြောင်းလဲခဲ့ပြီး သာမန်လူမှုကွန်ယက်တခုထက် Metaverse လို့ခေါ်တဲ့ ပုံရိပ်တုနည်းပညာသုံး ရပ်ဝန်းတခုအဖြစ် ပြောင်းလဲမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။

===========

{{Unicode}}







#MyanmarFacebook #MyamarSocialMedia #FacebookPolicy #VOABurmese

XS
SM
MD
LG