သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတဟောင်း Sarkozy ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ


ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy တရားရုံးသို့ ရောက်လာစဉ်။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)
ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy တရားရုံးသို့ ရောက်လာစဉ်။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)

Zawgyi/Unicode

ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy ကို မဲဆွယ်စည်းရုံးရေးရန်ပုံငွေဥပဒေ ချိုးဖောက်မှုနဲ့ ပြင်သစ် တရားရုံးတခုက ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။၂၀၁၂ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတဟောင်း Sarkozy က ပြင်သစ်ဥပဒေမှာ ခွင့်ပြုထားတဲ့ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်ထက် ၂ ဆနီးပါး သုံးစွဲခဲ့တယ်လို့ တရားလိုရှေ့နေတွေဘက်က ပြောပါတယ်။
ထောင်ဒဏ် ၁ နှစ်ချလိုက်ပေမဲ့ သူ့အနေနဲ့ သက်ဆိုင်ရာက စောင့်ကြည့်ထိန်းချုပ်တဲ့ electronic လက်ပတ်ဝတ်ထားပြီး ပြစ်ဒဏ်ကို နေအိမ်မှာကျခံနိုင်တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲမှာ Mr. Sarkozy အနိုင်မရခဲ့ဘဲ Francois Hollande ကရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်လာခဲ့တာပါ။
ပြင်သစ်သမ္မတအဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ Mr. Sarkozy ကတော့ သူ့အနေနဲ့ အမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံဝင်မယ်လို့ သူ့ရဲ့ရှေ့နေတွေကလည်း ပြောပါတယ်။
ပြင်သစ်သမ္မတဟောင်းအပေါ် သီးခြားတရားစွဲထားတဲ့ အဂတိလိုက်စားမှုတခုမှာလည်း အပြစ်ရှိတယ်လို့ တရားရုံးက မတ်လက ဆုံးဖြတ်ခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်နဲ့ ထောင်ဒဏ် ၃ နှစ်ချခဲ့ပါတယ်။
သူသမ္မတရာထူးကနေ ဆင်းသွားပြီးနောက် ၂၀၁၄ ခုနှစ်က တရားသူကြီးတယောက် ကို သူ့ရဲ့တခြားအမှုကိစ္စ အချက်အလက်တွေပေးမယ်ဆိုရင် ရာထူးနေရာကောင်းကောင်း အသေအချာရအောင် လုပ်ပေးမယ်လို့ လာဘ်ထိုးခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်။ အဲဒီအမိန့်အတွက်လည်း Mr. Sarkozy ဘက်က အယူခံဝင်ထားတဲ့အတွက် ထောင်ကျမခံရသေးပါဘူး။

တိုက်ရိုက် လင့်ခ်


-------

Unicode




XS
SM
MD
LG