သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boko Haram ကို အပြတ်ချေမှုန်းဖို့ ရွေးချယ်ခံသမ္မတသစ် ကတိပေး


Boko Haram ကို အပြတ်ချေမှုန်းဖို့ ရွေးချယ်ခံသမ္မတသစ် ကတိပေး

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ Muhammadu Buhari က သူတို့အစိုးရအနေနဲ့ ဘိုကိုဟာရမ်း သောင်းကြမ်းမှုတွေကို အစွမ်းကုန် တိုက်ခိုက်နှိမ်နင်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သောင်းကြမ်းမှုနှိမ်နင်းရေးဟာ ခက်ခဲပြီး ချက်ခြင်းလုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကျနော်တို့ရဲ့ ညီညွတ်သော စိတ်ဆန္ဒနဲ့ ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်ချင်တဲ့ ပိုင်းဖြတ်ချက်စွမ်းအားကို Boko Haram မကြာခင် သိလာရမယ်လို့ - သူ အနိုင်ရရှိကြောင်း နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး မကြာခင်မှာပဲ အဘူဂျာမြို့တော်မှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ APC ပါတီဟာ ပြည်သူလူထုကို အလုပ်အကျွေးပြုမှာသာဖြစ်ပြီး၊ အုပ်စိုးမှာမဟုတ်ဘူး၊ သူတို့အစိုးရထဲက ဘယ်သူမှ တရားဥပဒေရဲ့အပေါ်မှာ ရှိမှာမဟုတ်ဘူးလို့လည်း ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း အောင်မြင်သွားတဲ့အတွက် မစ္စတာ ဘူဟာရီကိုရော ရှုံးနိမ့်သွားတဲ့ သမ္မတ ဂွတ်လခ် ဂျွန်နသန်ကိုရော ချီးကျူးနေကြတာပါ။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကလည်း မစ္စတာ ဂျွန်နသန်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တာကို လက်ခံသွားတဲ့အတွက် တိုင်းပြည်အကျိုးကို ဦးထိပ်ထားသူအဖြစ် ဂုဏ်ပြုပြောကြားလိုက်ပါတယ်။

XS
SM
MD
LG