သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား ပေါက်ကွဲမှု အနည်းဆုံး ၇၁ ဦး သေ


ကားဗုံးပေါက်ကွဲမှုကြောင့် မြေပြင်မှာ လဲနေကြတဲ့ ထိခိုက်ဒဏ်ရာရသူများ။ (ဧပြီ ၁၄၊ ၂၀၁၄)
ကားဗုံးပေါက်ကွဲမှုကြောင့် မြေပြင်မှာ လဲနေကြတဲ့ ထိခိုက်ဒဏ်ရာရသူများ။ (ဧပြီ ၁၄၊ ၂၀၁၄)
Nigeria နိုင်ငံ Abuja မြို့တော်က ဘတ်စ်ကားဂိတ်ကြီးတခုမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ လူအနည်းဆုံး ၇၁ ဦး သေဆုံးပြီး နောက်ထပ် ၁၂၄ ဦး ဒဏ်ရာရရှိသွားပါတယ်။

မြို့တော်အပြင်ပိုင်းက Nyanya ဘတ်စ်ကားဂိတ်မှာ တနင်္လာနေ့ လူအများ ရုံးသွားကြချိန်မှာ ဖြစ်ပွားတာပါ။

လူအများကြီးဆန့်တဲ့ ဘတ်စ်ကားကြီးတွေရှေ့မှာ ရပ်ထားတဲ့ကားကနေ ပေါက်ကွဲမှုဖြစ်တာလို့ ပေါက်ကွဲမှုမှာ အသက်မသေဘဲ ကျန်သူတစ်ဦးကို ကိုးကားပြီး နိုင်ဂျီးရီးယား သတင်းဌာနက ဖော်ပြထားပါတယ်။

ယာဉ်မောင်းက ကားကိုရပ်ခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ခင် ထွက်သွားတယ်လို့ သူကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူကလုပ်ဆောင်ပါတယ်ဆိုပြီး တာဝန်ခံပြောကြားတာမျိုး မရှိသေးပေမဲ့ ဈေးတွေ၊ ကျောင်းတွေလို လူအများနဲ့စည်ကားရာ နေရာတွေကို မကြာခဏ တိုက်ခိုက်မှုရှိတဲ့ Boko Haram အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်လို့ အများက သံသယရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူ ၆၀ ကျော်သေဆုံးခဲ့ရတဲ့ Borno ပြည်နယ်က တိုက်ခိုက်မှုကလည်း သူတို့ရဲလက်ချက်ပဲလို့ သံသယရှိ ခံထားရတာပါ။ Islamist စစ်သွေးကြွ Boko Haram အဖွဲ့ကတော့ Nigeria နိုင်ငံ မြောက်ပိုင်းဒေသကို Islamic ဝါဒနဲ့ တင်းတင်းကြပ်ကြပ်အုပ်ချုပ်တဲ့ နိုင်ငံ ထူထောင်ချင်နေတာ ဖြစ်ပါတယ်။

၂၀၀၉ မှာ Boko Haram က အစိုးရကို စတင် ပုန်ကန်ကတည်းက လူပေါင်း ထောင်သောင်း ချီ သေဆုံးခဲ့ရတာပါ။ ဒီတနှစ်တည်းမှာကို Boko Haram နဲ့ ပတ်သတ်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၅၀၀ သေဆုံးခဲ့ရပြီလို့ Amnesty International အဖွဲ့က ပြောပါတယ်။
XS
SM
MD
LG