သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား ကားဗုံးခွဲမှု ၁၁၈ ဦးထက်မနည်း သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ Jos မြို့မှာ အင်္ဂါနေ့တုန်းက မိနစ်ပိုင်းပဲခြားပြီး ကားထောင်ဗုံး ၂ လုံး ပေါက်ကွဲခဲ့လို့ ၁၁၈ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ ဗုံးကွဲမှုကြောင့် အဆောက်အဦး တော်တော်များများ လုံးဝ ပြိုကျသွားခဲ့ပါတယ်။

နောက်ထပ်အလောင်းတွေ ထပ်တွေ့နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လူစည်ကားတဲ့ ဈေးတစ်ခုနဲ့ ဆေးရုံတစ်ခုနားမှာ ဗုံးတွေ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ပြောကြားတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ အစွန်းရောက် မူဆလင်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ Boko Haram ရဲ့ လက်ချက် ဖြစ်မယ်လို့ သံသယရှိနေကြပါတယ်။ ဗုံးခွဲမှုတွေဟာ ရက်စက် ယုတ်မာတဲ့ လုပ်ရပ် ဖြစ်တယ်လို့ သမ္မတ Goodluck Jonathan က ဖော်ပြပြောဆိုခဲ့ပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးကို အနိုင်ရအောင် တိုက်သွားမယ်လို့ အာမခံ ပြောခဲ့ပါတယ်။

Boko Haram အဖွဲ့ တက်ကြွလှုပ်ရှားနေတဲ့ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ အရေးပေါ် အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ အင်္ဂါနေ့ကပဲ နိုင်ဂျီးရီးယားလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
XS
SM
MD
LG