သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebolaကြောင့် နိုင်ဂျီးရီးယား အရေးပေါ် အခြေအနေ ကြေညာ


ဝါရှင်တန်ဒီစီရောက် Nigeria သမ္မတ Goodluck Jonathan။ (သြဂုတ် ၄၊ ၂၀၁၄)
ဝါရှင်တန်ဒီစီရောက် Nigeria သမ္မတ Goodluck Jonathan။ (သြဂုတ် ၄၊ ၂၀၁၄)

အီဘိုလာရောဂါပိုး ကူးစက်ပြန့်ပွားနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ သမ္မတက အမျိုးသား အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီအတောအတွင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အီဘိုလာရောဂါဟာ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေး အချက်အချာမြို့ဖြစ်တဲ့ Lagos မှာ အီဘိုလာရောဂါနဲ့ လူ ၂ ဦး သေဆုံးသွားပြီးတဲ့နောက် ရောဂါပြန့်ပွားမှုက ထိန်းချုပ်နိုင်ဖို့အတွက် ဒေါ်လာ ၁၂ သန်း သုံးစွဲဖို့ သမ္မတ Goodluck Jonathan က သောကြာနေ့မှာ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ရောဂါ ကူးစက်ပြန့်ပွားမှုက ဟန့်တားနိုင်အောင် ရည်ရွယ် လုပ်ဆောင်တဲ့အနေနဲ့ စာသင်ကျောင်းတွေအနေနဲ့ ကျောင်းပိတ်ရက် တိုးပြီး သတ်မှတ်ဖို့နဲ့ ဘာသာရေးနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေအနေနဲ့ လူအများအပြား စုဝေးခြင်း မလုပ်ကြဖို့ သမ္မတ Jonathan က တိုက်တွန်းလိုက်ပါတယ်။

အနောက်အာဖရိကတိုက်မှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ထပ်တိုးလာကြောင်း WHO က သောကြာနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ခုချိန်ထိ သေဆုံးသူ အရေအတွက် ၉၆၁ ဦး ရှိသွားပြီး ရောဂါပိုး ကူးစက်နေသူ အရေအတွက်ဟာလည်း ၁၇၇၉ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အီဘိုလာ ရောဂါပိုး ကူးစက်ပြန့်ပွားမှုဟာ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေဖြစ်ပြီး ရောဂါပိုး ဆက်လက် ပြန့်ပွားခြင်းက ဟန့်တားနိုင်အောင် အထူး အားသွန်ခွန်စိုက် လုပ်ဆောင်ကြဖို့ လိုအပ်မယ်လို့ WHO က ပြောပါတယ်။

အီဘိုလာ ကပ်ရောဂါဆိုက်နေတဲ့ အနောက်အာဖရိကနိုင်ငံတွေအနေနဲ့ အခုလောက် ကြီးမား ရှုပ်ထွေးတဲ့ ပြဿနာကို သူတို့ဟာသူတို့ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေ အများအပြား လိုအပ်နေကြောင်း WHO အကြီးအကဲ ဒေါက်တာ Magaret Chan က ပြောပါတယ်။

XS
SM
MD
LG