သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယားမှာ Ebola ကင်းရှင်းပြီ


နိုင်ဂျီးရီးယား၊ လာဂိုစ်မြို့က မူလတန်းကျောင်းမှာ ကျောင်းဆရာတဦးက ကျောင်းသားတွေကို အီဘိုလာပညာပေး အပူချိန်တိုင်းကိရိယာဖြင့် စမ်းသပ်ပြသစဉ်။
နိုင်ဂျီးရီးယား၊ လာဂိုစ်မြို့က မူလတန်းကျောင်းမှာ ကျောင်းဆရာတဦးက ကျောင်းသားတွေကို အီဘိုလာပညာပေး အပူချိန်တိုင်းကိရိယာဖြင့် စမ်းသပ်ပြသစဉ်။

ရက်ပေါင်း ၄၂ ရက်ကြာခဲ့တဲ့ထိ အီဘိုလာရောဂါပိုး နောက်ထပ်ကူးစက်ခံရတဲ့သူမရှိတဲ့အတွက် နိုင်ဂျီးရီးယား နိုင်ငံဟာ အီဘိုလာရောဂါ ကင်းရှင်းတဲ့ နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကပြောဆိုလိုက်ပါတယ်။

WHO ပြောခွင့်ရ Rui Gama က ဒီလိုတိုးတက်လာတဲ့အခြေအနေနဲ့ ပတ်သတ်ပြီး ဒါဟာ တကယ့်ကို အောင်မြင်တဲ့ ကိစ္စရပ်တခုဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယားမှာ အီဘိုလာရောဂါကူးစက်ခံရသူ ဦးရေ ၂၀ လောက်ရှိခဲ့ပြီး ၈ ဦးဟာ ဒီရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကတော့ Senegal နိုင်ငံဟာ အီဘိုလာရောဂါ ကင်းရှင်းတဲ့နိုင်ငံဖြစ်ကြောင်း WHO က ကြေညာခဲ့တာပါ။

ဒီအတောအတွင်း လူပေါင်း ၄၅၀၀ ကျော်ကို သေဆုံးစေခဲ့တဲ့ အီဘိုလာရောဂါပိုး ထပ်မံ ပြန့်ပွားတာမျိုးမဖြစ်အောင် ကာကွယ်တားဆီးဖို့ ကျန်းမာရေး စနစ်ကို ပိုအားကောင်းလာအောင် ရေရှည် ကြိုးပမ်းဖို့လိုအပ်မယ့်အကြောင်း လိုင်ဘီးရီးယား သမ္မတ Ellen Johnson Sirleaf ကပြောလိုက်ပါတယ်။

အီဘိုလာရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးဖို့ ဆောင်ရွက်ရာမှာ နိုင်ငံတကာရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေဟာ နှေးကွေးပြီး ကျန်းမာရေးလုပ်သားတွေ အနေနဲ့ ရောဂါပြန့်ပွားမှု တားဆီးရေးမှာလည်း အခက်အခဲအများအပြား ရှိခဲ့တာပါ။

ရောဂါ စတင်ကူးစက်ချိန်မှာသာ လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် နှိမ်နင်းမယ်ဆိုလျင် အမေရိကန်တပ်ဖွဲ့ဝင်တွေ အခုလို လာရောက်ကူသမှု ပေးနေတာ လိုမျိုး လုပ်ဖို့ လိုချင်မှလိုလိမ့်မယ်ဆိုပြီး သမ္မတ SIRLEAF က ဝါရှင်တန်ပို့စ် သတင်းစာ သဘောထားအမြင် ကဏ္ဍမှာ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG