သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသား ၇ ယောက် နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရ


နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက လက်ဘနွန်လူမျိုးတယောက် ပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက်ခဲ့ပြီး လုံခြုံရေးအစောင့်တယောက်ကို သတ်ကာ နိုင်ငံခြားအလုပ်သမား ၇ ယောက်ကို ဖမ်းဆီးခေါ်သွားပါတယ်။ Bauchi ပြည်နယ် Jama'are မြို့မှာရှိတဲ့ Setraco ကုမ္ပဏီဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက် စီးနင်းပြီး အလုပ်သမားတွေကို ပြန်ပေးဆွဲသွားတာလို့ ရဲက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံသွားရသူတွေထဲမှာ ဗြိတိန်၊ အီတလီ၊ ဂရိတို့အပြင် လက်ဘနွန်လူမျိုး ၄ ယောက် ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စနေနေ့ညဘက် ၉ နာရီလောက်တုန်းကလည်း အကျဉ်းထောင်တခုနဲ့ ရဲစခန်းတခုကို အဲဒီသေနတ်သမားတွေပဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ လုံခြုံရေးတွေက တိုက်ထုတ်နိုင်ခဲ့တယ်လို့ Bauchi ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

သေနတ်သမားတွေ ဖမ်းဆီးသွားသူတွေဟာ အဲဒီဒေသထဲက လမ်းတခုကိုဖောက်ပေးနေတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်၊ အခုအချိန်အထိတော့ တိုက်ခိုက်ပြန်ပေးဆွဲတာ
ဘယ်အဖွဲ့ကလဲ ဆိုတာ မသိရသေးပါဘူး။
XS
SM
MD
LG