သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံကျောင်းသူ ၂၀၀ ကျော်ထားရာနေရာ Nigeria စစ်တပ် စုံစမ်း သိရှိ


ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးဖို့ ဆန္ဒပြနေကြသူ မိဘဆွေမျိုးများ။ (မေ ၂၆၊ ၂၀၁၄)
ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးဖို့ ဆန္ဒပြနေကြသူ မိဘဆွေမျိုးများ။ (မေ ၂၆၊ ၂၀၁၄)
နိုင်ဂျီးရီယားနိုင်ငံမှာ အစ္စလာမ်မစ်စစ်သွေးကြွတွေ ပြန်ပေးဆွဲဖမ်းဆီးခံရသူ ကျောင်းသူ ၂၀၀ ကျော် ဘယ်မှာရှိလဲဆိုတာကို စစ်တပ်က သိထားပြီလို့ နိုင်ဂျီးရီးယားက ထိပ်တန်းစစ်ဖက်ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့်လို့လည်း သူတို့ကို ကယ်ဖို့ အင်အားသုံးရမှာ အခက်အခဲရှိလိမ့််မယ်လို့ ပြောပါတယ်။

စစ်ရေးစီမံချက်လုပ်မယ်ဆိုရင် ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးငယ်တွေအတွက် အန္တရာယ်ကြီးတယ်လို့ နိုင်ဂျီးရီယား ကာကွယ်ရေးဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး Alex Badeh က သတင်းထောက်တွေကို တနင်္လာနေ့က ပြောခဲ့တာပါ။ သူတို့ကို ကယ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ မိန်းကလေးငယ်တွေကို သတ်ပစ်သလိုဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

မိန်းကလေး မိဘများအတွက် သတင်းကောင်းကတော့ သူတို့ဘယ်မှာရှိတယ်ဆိုတာကို သိထားတာဖြစ်ပြီး ထုတ်ဖော်ပြောလို့တော့ မရသေးဘူးလို့ ဗိုလ်ချုပ်ကြီး Badeh က ပြောပါတယ်။ နိုင်ဂျီရီယား မြောက်ပိုင်းက Chibok မြို့ အလယ်တန်းကျောင်းတခုမှာ စာမေးပွဲဖြေနေစဉ် ဧပြီလ လယ်ပိုင်းမှာ ဒီမိန်းကလေးငယ်တွေ ဖမ်းဆီး ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်။

ဒီလုပ်ရပ်ကို သူတို့လုပ်တာလို့ Boko Haram စစ်သွေးကြွအဖွဲ့က ဝန်ခံပြောဆိုထားပြီး သူတို့အဖွဲ့က ဖမ်းခံထားရတဲ့လူတွေနဲ့ ဒီမိန်းကလေးတွေကို အလဲအလှယ် လုပ်လိုတယ်ဆိုပြီး ကမ်းလှမ်းထားပါတယ်။ ပျောက်ဆုံးနေတဲ့ ဒီမိန်းကလေးတွေကို မကယ်ထုတ်နိုင်တဲ့အပေါ်မှာတော့ နိုင်ဂျီးရီယားသမ္မတ Goodluck Jonathan နဲ့ သူ့အစိုးရအဖွဲ့ကို ပြည်တွင်းရောပြည်ပကပါ အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

မိန်းကလေးငယ်တွေ ပြန်လွတ်လာဖို့အတွက် နိုင်ဂျီးရီယားအစိုးရကို အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများက အကူအညီတွေ ပေးလျှက်ရှိပါတယ်။
XS
SM
MD
LG