နိုင်ဂျီးရီးယားနိုင်ငံမှာ လနဲ့ချီ ကြာလာနေပြီဖြစ်တဲ့ လောင်စာဆီ ရှားပါးမှု ပြဿနာဟာ တိုင်းပြည်စီးပွားရေးကိုပါ ခြိမ်းချောက်လာနေပြီ ဖြစ်ပါတယ်။ ကမ္ဘာမှာ ရေနံစိမ်း ထုတ်လုပ်မှု အများဆုံးနိုင်ငံထဲမှာပါတဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ ဘာကြောင့် လောင်စာဆီ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတာလဲဆိုတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Chris Stein ပေးပို့ထားတဲ့ သတင်းနဲ့အတူ ကိုဇော်ဝင်းလှိုင်က အခုသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ စုစည်း တင်ပြပေးထားပါတယ်။